မန်ယူကိုလက်စားချေတဲ့အနေနဲ့ ခက်ခဲအောင်လုပ်ဖို့ရှိတဲ့ ရီးရဲလ်

ဥက္ကဌမန်ယူအသင်းခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ် နောက်ခံလူ ဗာရန်းကို လွယ်လွယ်လက်မလွှတ်ပေးရဖို့ ရီးရဲလ် ဥက္ကဌ ပီရက်စ် က လုပ်ဆောင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။

မန်ယူ နဲ့ ရီးရဲလ် တို့ဟာ ၁ သင်းနဲ့ ၁ သင်းကြားကစားသမားပြောင်းရွှေ့မှုတွေ အမြဲလိုလိုဖြစ်ပေါ်လေ့ရှိတာကြောင့် သာမန်ထက်ပိုပြီး ရင်းနှီးဆက်ဆံရေးရှိကြတဲ့ အသင်းတွေဖြစ်ပါတယ်။ မန်ယူကြယ်ပွင့်တွေဖြစ်ခဲ့တဲ့ ဘက်ခမ်း ၊ ရော်နယ်ဒို ၊ နစ္စတယ်ရွိုင်း စတဲ့ ကစားသမားတွေဟာ ရီးရဲလ် ကို တိုက်ရိုက်ပြောင်းရွှေ့ခဲ့ဖူးသလို ရီးရဲလ်ကြယ်ပွင့် ဒီမာရီယာ ကလည်း မန်ယူကို တိုက်ရိုက်ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ရီးရဲလ် နဲ့ မန်ယူကြား ကစားသမားခေါ်ယူဖို့ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မန်ယူ ဂိုးသမား ဒီဂီယာ ကို ရီးရဲလ် က ခေါ်ယူဖို့ အလုံးစုံသဘောတူညီမှုရသွားခဲ့ပေမယ့် မန်ယူအသင်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အချိန်မှီ မပို့ခဲ့တာကြောင့် သတ်မှတ်ချိန်ကို ကျော်သွားခဲ့ပြီး အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရဖူးပါတယ်။

ဒါ့အပြင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ ကို ခေါ်ယူနိုင်ဖို့ ရီးရဲလ် ရဲ့ အကြိမ်ကြိမ်ကြိုးစားမှုတွေကိုလည်း မန်ယူက အမြဲပယ်ချခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေကြောင့် ရီးရဲလ် ဥက္ကဌ ပီရက်စ် ဟာ မန်ယူအသင်းအပေါ်ကို အစာမကြေဖြစ်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခု မန်ယူ ခေါ်ဖို့ကြိုးစားနေတဲ့ နောက်ခံလူ ဗာရန်း ကို လွယ်လွယ်လေး လက်လွှတ်ပေးဖို့ စိတ်ကူးမရှိပဲ လက်စားချေဖို့ ကြံရွယ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။

စာချုပ် ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဗာရန်း ဟာ ရီးရဲလ် နဲ့ လမ်းခွဲဖို့ဆုံးဖြတ်ထားတဲ့သူဖြစ်တာကြောင့် ပီရက်စ် အနေနဲ့ ကြာကြာထိန်းထားနိုင်ဖို့တော့ လွယ်မှာမဟုတ်ပါဘူး။ ပီရက်စ် အနေနဲ့ မန်ယူအသင်းကို ကြိုးရှည်ရှည်နဲ့ လှန်းထားပြီး ပြောင်းရွှေ့ကြေးကိုသာ တနင့်တပိုးတောင်းမှာသေချာပါတယ်။

zawgyi

မန္ယူကိုလက္စားေခ်တဲ့အေနနဲ႔ ခက္ခဲေအာင္လုပ္ဖို႔ရွိတဲ့ ရီးရဲလ္

ဥကၠဌမန္ယူအသင္းေခၚယူဖို႔ ႀကိဳးစားေနတဲ့ ရီးရဲလ္ ေနာက္ခံလူ ဗာရန္းကို လြယ္လြယ္လက္မလႊတ္ေပးရဖို႔ ရီးရဲလ္ ဥကၠဌ ပီရက္စ္ က လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔သိရပါတယ္။

မန္ယူ နဲ႔ ရီးရဲလ္ တို႔ဟာ ၁ သင္းနဲ႔ ၁ သင္းၾကားကစားသမားေျပာင္းေ႐ႊ႕မႈေတြ အၿမဲလိုလိုျဖစ္ေပၚေလ့ရွိတာေၾကာင့္ သာမန္ထက္ပိုၿပီး ရင္းႏွီးဆက္ဆံေရးရွိၾကတဲ့ အသင္းေတြျဖစ္ပါတယ္။ မန္ယူၾကယ္ပြင့္ေတြျဖစ္ခဲ့တဲ့ ဘက္ခမ္း ၊ ေရာ္နယ္ဒို ၊ နစၥတယ္႐ြိဳင္း စတဲ့ ကစားသမားေတြဟာ ရီးရဲလ္ ကို တိုက္႐ိုက္ေျပာင္းေ႐ႊ႕ခဲ့ဖူးသလို ရီးရဲလ္ၾကယ္ပြင့္ ဒီမာရီယာ ကလည္း မန္ယူကို တိုက္႐ိုက္ေျပာင္းေ႐ႊ႕ကစားခဲ့ဖူးပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ရီးရဲလ္ နဲ႔ မန္ယူၾကား ကစားသမားေခၚယူဖို႔ေဆြးေႏြးမႈေတြဟာ အဆင္မေျပျဖစ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက မန္ယူ ဂိုးသမား ဒီဂီယာ ကို ရီးရဲလ္ က ေခၚယူဖို႔ အလုံးစုံသေဘာတူညီမႈရသြားခဲ့ေပမယ့္ မန္ယူအသင္းက လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို အခ်ိန္မွီ မပို႔ခဲ့တာေၾကာင့္ သတ္မွတ္ခ်ိန္ကို ေက်ာ္သြားခဲ့ၿပီး အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရဖူးပါတယ္။

ဒါ့အျပင္ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာ ကို ေခၚယူႏိုင္ဖို႔ ရီးရဲလ္ ရဲ႕ အႀကိမ္ႀကိမ္ႀကိဳးစားမႈေတြကိုလည္း မန္ယူက အၿမဲပယ္ခ်ခဲ့ပါတယ္။ အဲ့ဒီျဖစ္ရပ္ေတြေၾကာင့္ ရီးရဲလ္ ဥကၠဌ ပီရက္စ္ ဟာ မန္ယူအသင္းအေပၚကို အစာမေၾကျဖစ္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အခု မန္ယူ ေခၚဖို႔ႀကိဳးစားေနတဲ့ ေနာက္ခံလူ ဗာရန္း ကို လြယ္လြယ္ေလး လက္လႊတ္ေပးဖို႔ စိတ္ကူးမရွိပဲ လက္စားေခ်ဖို႔ ႀကံ႐ြယ္ေနတယ္လို႔ သတင္းေတြကဆိုပါတယ္။

စာခ်ဳပ္ ၁ ႏွစ္သာ က်န္ရွိေတာ့တဲ့ ဗာရန္း ဟာ ရီးရဲလ္ နဲ႔ လမ္းခြဲဖို႔ဆုံးျဖတ္ထားတဲ့သူျဖစ္တာေၾကာင့္ ပီရက္စ္ အေနနဲ႔ ၾကာၾကာထိန္းထားႏိုင္ဖို႔ေတာ့ လြယ္မွာမဟုတ္ပါဘူး။ ပီရက္စ္ အေနနဲ႔ မန္ယူအသင္းကို ႀကိဳးရွည္ရွည္နဲ႔ လွန္းထားၿပီး ေျပာင္းေ႐ႊ႕ေၾကးကိုသာ တနင့္တပိုးေတာင္းမွာေသခ်ာပါတယ္။