ပြင်သစ်နိုင်ငံကို ပီအက်စ်ဂျီအသင်းနဲ့ ဆေးစစ်ဖို့ ရောက်ရှိနေပြီ ဖြစ်တဲ့ ရာမို့စ်

ဗဟို ခံစစ်မှူး ရာမို့စ်ဟာ ယနေ့ အင်္ဂါနေ့မှာတော့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ လိုအပ်နေသေးတဲ့ ဆေးစစ်မှုးကို ပြုလုပ်သွားဖို့ ပြင်သစ်နိုင်ငံကို ရောက်နေပြီ ဖြစ်ပြီး ဆေးစစ်မှုး အောင်မြင်သွားရင် ပီအက်စ်ဂျီ ကစားသမားသစ်ဖြစ်လာမှာပါ။ ရာမို့စ်ဟာ ရီးရဲလ်အသင်းနဲ့ နောက်ထပ် (၂) နှစ်ကြာ စာချုပ် ထပ်တိုးချင်ပေမယ့် ငြင်းပယ်ခံရတဲ့ အတွက် ရီးရဲလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး ပြီးခဲ့တဲ့ အပတ်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ (၂) နှစ်ကြာ ကာလတို စာချုပ်ကို ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်အသင်းမှာ (၁၆) နှစ်ကြာအထိ ကစားခဲ့ပြီး ရီးရဲလ်အသင်းအတွက် သူနောက်ဆုံး ကစားခဲ့တဲ့ တရားဝင်ပွဲစဉ်မှာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအသင်းကို (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲပါပဲ။ နောက်ခံလူ ရာမို့စ်ကတော့ (၂၀၂၀-၂၁) ရာသီကို ကစားဖို့ အဟန့်အတား ဖြစ်စေခဲ့တဲ့ ဒူးဒဏ်ရာကို ကုသခဲ့ပြီဖြစ်လို့ ပီအက်စ်ဂျီအသင်းနဲ့ ဆေးစစ်မှုးကို ဘာပြဿနာမှ မရှိဘဲ အောင်မြင်သွားလိမ့်မယ်လို့ ပြင်သစ် သတင်းတွေက ဖော်ပြပါတယ်။

တကယ်လို့ ဆေးစစ်မှုး အောင်မြင်ပြီး အရာရာက စီစဉ် ထားတဲ့ အတိုင်းသာ ဖြစ်လာနိုင်မယ် ဆိုရင် ရာမို့စ်ဟာ ဆေးစစ်မှုး အောင်မြင်ပြီးတဲ့နောက်မှာ ပီအက်စ်ဂျီအသင်းကို အပြီးသတ် ရောက်ရှိလာပြီ ဖြစ်ကြောင်းကို တရားဝင် ကြေညာပါလိမ့်မယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုအပတ်တနင်္လာနေ့မှာ လေ့ကျင့်ရေး ပြန်စနေပြီ ဖြစ်လို့ ရာမို့စ်အနေနဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီ နည်းပြ ပိုချယ်တီနိုရဲ့ လက်အောက်မှာ အသင်းဖော်သစ်တွေနဲ့ အတူ လေ့ကျင့်ရေး စဆင်းနိုင်ပါတယ်။

ဝါရင့်ဗဟိုခံစစ်မှုး ရာမို့စ်ဟာ ချန်ပီယံလိဂ် ဖလား (၄) ကြိမ် ရရှိထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲက သူ့ရဲ့ အတွေ့ကြုံတွေက နည်းပြ ပိုချယ်တီနိုရဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဖလား ရရှိဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ပီအက်စ်ဂျီအသင်းဟာ ဝါရင့် ခံစစ်မှူး ရာမို့စ်ကို ခေါ်ယူနိုင်ပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေကိုတော့ လက်လွတ်ရဖို့ များနေပြီး အမ်ဘာပေက သူ့ရဲ့လက်ရှိ စာချုပ်ကို ထပ်မတိုးဘူးလို့ ပီအက်စ်ဂျီကို ပြောခဲ့ပါတယ်။

zawgyi

ျပင္သစ္ႏိုင္ငံကို ပီအက္စ္ဂ်ီအသင္းနဲ႔ ေဆးစစ္ဖို႔ ေရာက္ရွိေနၿပီ ျဖစ္တဲ့ ရာမို႔စ္

ဗဟို ခံစစ္မႉး ရာမို႔စ္ဟာ ယေန႔ အဂၤါေန႔မွာေတာ့ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ လိုအပ္ေနေသးတဲ့ ေဆးစစ္မႈးကို ျပဳလုပ္သြားဖို႔ ျပင္သစ္ႏိုင္ငံကို ေရာက္ေနၿပီ ျဖစ္ၿပီး ေဆးစစ္မႈး ေအာင္ျမင္သြားရင္ ပီအက္စ္ဂ်ီ ကစားသမားသစ္ျဖစ္လာမွာပါ။

ရာမို႔စ္ဟာ ရီးရဲလ္အသင္းနဲ႔ ေနာက္ထပ္ (၂) ႏွစ္ၾကာ စာခ်ဳပ္ ထပ္တိုးခ်င္ေပမယ့္ ျငင္းပယ္ခံရတဲ့ အတြက္ ရီးရဲလ္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး ၿပီးခဲ့တဲ့ အပတ္မွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ (၂) ႏွစ္ၾကာ ကာလတို စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ရာမို႔စ္ဟာ ရီးရဲလ္အသင္းမွာ (၁၆) ႏွစ္ၾကာအထိ ကစားခဲ့ၿပီး ရီးရဲလ္အသင္းအတြက္ သူေနာက္ဆုံး ကစားခဲ့တဲ့ တရားဝင္ပြဲစဥ္မွာ ၿပီးခဲ့တဲ့ ရာသီက ခ်ဲလ္ဆီးအသင္းကို (၂-၀) ရလဒ္နဲ႔ ရႈံးနိမ့္သြားခဲ့တဲ့ ဒုတိယအေက်ာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲပါပဲ။

ေနာက္ခံလူ ရာမို႔စ္ကေတာ့ (၂၀၂၀-၂၁) ရာသီကို ကစားဖို႔ အဟန္႔အတား ျဖစ္ေစခဲ့တဲ့ ဒူးဒဏ္ရာကို ကုသခဲ့ၿပီျဖစ္လို႔ ပီအက္စ္ဂ်ီအသင္းနဲ႔ ေဆးစစ္မႈးကို ဘာျပႆနာမွ မရွိဘဲ ေအာင္ျမင္သြားလိမ့္မယ္လို႔ ျပင္သစ္ သတင္းေတြက ေဖာ္ျပပါတယ္။

တကယ္လို႔ ေဆးစစ္မႈး ေအာင္ျမင္ၿပီး အရာရာက စီစဥ္ ထားတဲ့ အတိုင္းသာ ျဖစ္လာႏိုင္မယ္ ဆိုရင္ ရာမို႔စ္ဟာ ေဆးစစ္မႈး ေအာင္ျမင္ၿပီးတဲ့ေနာက္မွာ ပီအက္စ္ဂ်ီအသင္းကို အၿပီးသတ္ ေရာက္ရွိလာၿပီ ျဖစ္ေၾကာင္းကို တရားဝင္ ေၾကညာပါလိမ့္မယ္။

ပီအက္စ္ဂ်ီအသင္းဟာ ယခုအပတ္တနလၤာေန႔မွာ ေလ့က်င့္ေရး ျပန္စေနၿပီ ျဖစ္လို႔ ရာမို႔စ္အေနနဲ႔ မနက္ျဖန္ ဗုဒၶဟူးေန႔မွာေတာ့ ပီအက္စ္ဂ်ီ နည္းျပ ပိုခ်ယ္တီႏိုရဲ႕ လက္ေအာက္မွာ အသင္းေဖာ္သစ္ေတြနဲ႔ အတူ ေလ့က်င့္ေရး စဆင္းႏိုင္ပါတယ္။

ဝါရင့္ဗဟိုခံစစ္မႈး ရာမို႔စ္ဟာ ခ်န္ပီယံလိဂ္ ဖလား (၄) ႀကိမ္ ရရွိထားၿပီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲက သူ႔ရဲ႕ အေတြ႕ႀကဳံေတြက နည္းျပ ပိုခ်ယ္တီႏိုရဲ႕ ပီအက္စ္ဂ်ီအသင္းကို ခ်န္ပီယံလိဂ္ ဖလား ရရွိဖို႔အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဝါရင့္ ခံစစ္မႉး ရာမို႔စ္ကို ေခၚယူႏိုင္ၿပီ ျဖစ္ေပမယ့္လည္း အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး အမ္ဘာေပကိုေတာ့ လက္လြတ္ရဖို႔ မ်ားေနၿပီး အမ္ဘာေပက သူ႔ရဲ႕လက္ရွိ စာခ်ဳပ္ကို ထပ္မတိုးဘူးလို႔ ပီအက္စ္ဂ်ီကို ေျပာခဲ့ပါတယ္။