ပီရူးကစားသမားတွေ ရူးခါသွားအောင်ပညာပြခဲ့တဲ့ နေမာ

ဘရာဇီးလ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမားနေမာဟာ ပီရူးနဲ့ကစားခဲ့တဲ့ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲမှာ သူ့ရဲ့ပဉ္စလက်ဆန်တဲ့ဘောလုံးစွမ်းရည်တွေနဲ့ ပီရူးအသင်းကို အနိုင်ယူကျော်ဖြတ်ပြီး ကိုပါအမေရိကပြိုင်ပွဲသမိုင်းတစ်လျှောက် ဘရာဇီးလ်အသင်း ဗိုလ်လုပွဲကို (၂၁)ကြိမ်မြောက်တက်ရောက်ခွင့်ရအောင် ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ ပီရူးကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက်တစ်လုံးတည်းသောဂိုးကို ကွင်းလယ်တိုက်စစ်ကစားသမား ပါကွယ်တာက သွင်းယူခဲ့တာဖြစ်ပေမယ့် အဲဒီဂိုးရခဲ့တာက နေမာရဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်ကြောင့်လို့ပြောရမှာပါ။ ပွဲချိန်(၃၄)မိနစ်လောက်မှာ နေမာဟာ ဘယ်ခြမ်းကနေ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဆွဲပြေးလာပြီး ပီရူးကစားသမား(၃)ဦးအထိ တားဆီးပိတ်ဆို့နေတဲ့ကြားက တစ်ကိုယ်တော်အစွမ်းနဲ့ လှည့်စားပြီးတော့ ပြန်ချပေးလိုက်တဲ့ဘောလုံးကို ပါကွယ်တာက အလိုက်သင့်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ပီရူးနဲ့အုပ်စုတွင်းမှာလည်းဆုံတွေ့ခဲ့ပြီး (၄)ဂိုးပြတ်အနိုင်ရခဲ့သလို အခုပွဲမှာလည်း အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ လွဲချော်ခဲ့လို့သာ (၁-ဝ)ဂိုးရလဒ်နဲ့ကျေနပ်ခဲ့ရတာပါ။ နေမာဟာ အဲဒီပွဲအတွက် အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး သူ့ရဲ့ဘရာဇီးလ်ကစားသမားဘ၀ ပထမဆုံးအကြိမ်ကိုပါအမေရိကဖလား ကိုင်မြှောက်ခွင့်ရဖို့ ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ်။

နေမာဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလား ရယူခဲ့တာကလွဲလို့ ကြီးကြီးမားမားအောင်မြင်မှု မရှိသေးဘဲ ၂၀၁၉ ကိုပါအမေရိပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းဗိုလ်စွဲတုန်းကလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဘရာဇီးလ်အသင်းအနေနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ (၂၁)ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲတက်ရောက်ခဲ့သလို ပြီးခဲ့တဲ့ဗိုလ်လုပွဲတွေမှာ (၉)ကြိမ်အထိအနိုင်ရဗိုလ်စွဲခဲ့ပြီး၊ (၁၁)ကြိမ်ကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

zawgyi

ပီ႐ူးကစားသမားေတြ ႐ူးခါသြားေအာင္ပညာျပခဲ့တဲ့ ေနမာ

ဘရာဇီးလ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္ကစားသမားေနမာဟာ ပီ႐ူးနဲ႔ကစားခဲ့တဲ့ ကိုပါအေမရိကဆီမီးဖိုင္နယ္ပြဲမွာ သူ႔ရဲ႕ပၪၥလက္ဆန္တဲ့ေဘာလုံးစြမ္းရည္ေတြနဲ႔ ပီ႐ူးအသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး ကိုပါအေမရိကၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဘရာဇီးလ္အသင္း ဗိုလ္လုပြဲကို (၂၁)ႀကိမ္ေျမာက္တက္ေရာက္ခြင့္ရေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

အဲဒီပြဲမွာ ဘရာဇီးလ္အသင္းဟာ ပီ႐ူးကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းအတြက္တစ္လုံးတည္းေသာဂိုးကို ကြင္းလယ္တိုက္စစ္ကစားသမား ပါကြယ္တာက သြင္းယူခဲ့တာျဖစ္ေပမယ့္ အဲဒီဂိုးရခဲ့တာက ေနမာရဲ႕ တစ္ကိုယ္ေတာ္စြမ္းေဆာင္ရည္ေၾကာင့္လို႔ေျပာရမွာပါ။ ပြဲခ်ိန္(၃၄)မိနစ္ေလာက္မွာ ေနမာဟာ ဘယ္ျခမ္းကေန ၿပိဳင္ဘက္ဂိုးဧရိယာအတြင္း ဆြဲေျပးလာၿပီး ပီ႐ူးကစားသမား(၃)ဦးအထိ တားဆီးပိတ္ဆို႔ေနတဲ့ၾကားက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ လွည့္စားၿပီးေတာ့ ျပန္ခ်ေပးလိုက္တဲ့ေဘာလုံးကို ပါကြယ္တာက အလိုက္သင့္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ပီ႐ူးနဲ႔အုပ္စုတြင္းမွာလည္းဆုံေတြ႕ခဲ့ၿပီး (၄)ဂိုးျပတ္အႏိုင္ရခဲ့သလို အခုပြဲမွာလည္း အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြ လြဲေခ်ာ္ခဲ့လို႔သာ (၁-ဝ)ဂိုးရလဒ္နဲ႔ေက်နပ္ခဲ့ရတာပါ။ ေနမာဟာ အဲဒီပြဲအတြက္ အေကာင္းဆုံးကစားသမားဆုရရွိခဲ့ၿပီး သူ႔ရဲ႕ဘရာဇီးလ္ကစားသမားဘ၀ ပထမဆုံးအႀကိမ္ကိုပါအေမရိကဖလား ကိုင္ေျမႇာက္ခြင့္ရဖို႔ ဆက္လက္ႀကိဳးပမ္းရမွာျဖစ္ပါတယ္။

ေနမာဟာ ဘရာဇီးလ္အသင္းနဲ႔အတူ ၂၀၁၃ ကြန္ဖက္ဒေရးရွင္းဖလား ရယူခဲ့တာကလြဲလို႔ ႀကီးႀကီးမားမားေအာင္ျမင္မႈ မရွိေသးဘဲ ၂၀၁၉ ကိုပါအေမရိၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းဗိုလ္စြဲတုန္းကလည္း ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခဲ့ပါဘူး။ ဘရာဇီးလ္အသင္းအေနနဲ႔ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ (၂၁)ႀကိမ္ေျမာက္အျဖစ္ ဗိုလ္လုပြဲတက္ေရာက္ခဲ့သလို ၿပီးခဲ့တဲ့ဗိုလ္လုပြဲေတြမွာ (၉)ႀကိမ္အထိအႏိုင္ရဗိုလ္စြဲခဲ့ၿပီး၊ (၁၁)ႀကိမ္ကေတာ့ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။