ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်မှုကိုသင်ခန်းစာယူပြီး ဒိန်းမတ်ကို ရင်ဆိုင်သွားမယ်ဆိုတဲ့ မက်ဂွိုင်းယား

မန်ယူအသင်းရဲ့ အင်္ဂလန်နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား က ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့မှုကို သင်ခန်းစာယူပြီး ဒိန်းမတ် ကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မက်ဂွိုင်းယား က “ အခုချိန်မှာ ကျွန်တော်တို့အသင်းဟာ အရင်ကထက် ပိုကောင်းတဲ့နေရာတခုမှာ ရောက်နေပါပြီ။ ဒိန်းမတ် နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲအတွက် ကျွန်တော်တို့မှာ ယုံကြည်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ခရိုအေးရှား နဲ့ ကစားခဲ့စဉ်တုန်းကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးရောက်ဖူးတာဖြစ်တဲ့အတွက် ယုံကြည်မှုသိပ်မရှိခဲ့ပါဘူး။ အဲ့ဒီပွဲမှာ ရခဲ့တဲ့ သင်ခန်းစာတွေကြောင့် ကျွန်တော်တို့ဟာ ဒီတခေါက်ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိနေပါပြီ “ လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မက်ဂွိုင်းယားက ၁၆ သင်း ရှုံးထွက်အဆင့်မှာ အစဉ်အလာပြိုင်ဖက် ဂျာမနီ ကို အနိုင်ရခဲ့တာဟာ ပရိသတ်တွေရဲ့ အံ့မခန်းအားပေးမှုကြောင့်လို့ဆိုပြီး အခုလိုဝန်ခံပြောကြားခဲ့ပါသေးတယ်။

“ ဂျာမနီ နဲ့ကစားခဲ့တဲ့ပွဲမှာတော့ ပရိသတ်တွေကြွေးကျော်နေတဲ့ “ ဘောလုံးကတော့ သူ့အိမ်ကို ပြန်လာနေပြီ “ ဆိုတဲ့ စကား တကယ်မှန်တော့မယ်ဆိုပြီး ကျွန်တော် ခံစားခဲ့ရပါတယ်။ ကွင်းလုံးပြည့် ပရိသတ်တွေရဲ့အားပေးမှုက ဂျာမနီကို နိုင်ဖို့ အားဖြစ်စေခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီ နဲ့ပွဲကထက် ပိုများတဲ့ပရိသတ်တွေရဲ့ အားပေးမှုကို ကျွန်တော်တို့ရရှိအုန်းမှာပါ။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲတွေကိုရယူနိုင်ဖို့ ကျွန်တော်တို့ကို အားဖြစ်စေပါတယ်။ ဝင်ဘလေကွင်းကြီးထဲမှာ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲကြီးကို ကစားရဖို့အတွက် ကျွန်တော်ကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါပြီ “ လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာခဲ့တဲ့ အသင်း ၄ သင်းထဲမှာ အင်္ဂလန် တသင်းထဲသာ ချန်ပီယံမဖြစ်ဖူးသေးတာဖြစ်ပြီး ဗိုလ်လုပွဲအဆင့်ကိုလည်း တခါမှ မရောက်ဖူးပါဘူး။ ဘောလုံးဘိုးအေ အင်္ဂလန် အနေနဲ့ အဲ့ဒီမှတ်တမ်းဆိုးကို ဒီတခေါက်ပြိုင်ပွဲမှာ ရပ်တန့်နိုင်မလားဆိုတကော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါ။

zawgyi

ကမာၻ႔ဖလားဆီမီးဖိုင္နယ္မွာ ရႈံးနိမ့္မႈကိုသင္ခန္းစာယူၿပီး ဒိန္းမတ္ကို ရင္ဆိုင္သြားမယ္ဆိုတဲ့ မက္ဂြိဳင္းယား

မန္ယူအသင္းရဲ႕ အဂၤလန္ေနာက္ခံလူ ဟယ္ရီ မက္ဂြိဳင္းယား က ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္မွာ ခ႐ိုေအးရွားကို ရႈံးနိမ့္ခဲ့မႈကို သင္ခန္းစာယူၿပီး ဒိန္းမတ္ ကို အေကာင္းဆုံးရင္ဆိုင္ေက်ာ္ျဖတ္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ ဗုဒၶဟူးေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတခုမွာ မက္ဂြိဳင္းယား က “ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔အသင္းဟာ အရင္ကထက္ ပိုေကာင္းတဲ့ေနရာတခုမွာ ေရာက္ေနပါၿပီ။ ဒိန္းမတ္ နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲအတြက္ ကြၽန္ေတာ္တို႔မွာ ယုံၾကည္မႈေတြရွိေနပါတယ္။ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားမွာ ခ႐ိုေအးရွား နဲ႔ ကစားခဲ့စဥ္တုန္းကေတာ့ ဆီမီးဖိုင္နယ္အဆင့္ကို ပထမဆုံးေရာက္ဖူးတာျဖစ္တဲ့အတြက္ ယုံၾကည္မႈသိပ္မရွိခဲ့ပါဘူး။ အဲ့ဒီပြဲမွာ ရခဲ့တဲ့ သင္ခန္းစာေတြေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ဒီတေခါက္ဆီမီးဖိုင္နယ္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္ေတြရွိေနပါၿပီ “ လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ မက္ဂြိဳင္းယားက ၁၆ သင္း ရႈံးထြက္အဆင့္မွာ အစဥ္အလာၿပိဳင္ဖက္ ဂ်ာမနီ ကို အႏိုင္ရခဲ့တာဟာ ပရိသတ္ေတြရဲ႕ အံ့မခန္းအားေပးမႈေၾကာင့္လို႔ဆိုၿပီး အခုလိုဝန္ခံေျပာၾကားခဲ့ပါေသးတယ္။

“ ဂ်ာမနီ နဲ႔ကစားခဲ့တဲ့ပြဲမွာေတာ့ ပရိသတ္ေတြေႂကြးေက်ာ္ေနတဲ့ “ ေဘာလုံးကေတာ့ သူ႔အိမ္ကို ျပန္လာေနၿပီ “ ဆိုတဲ့ စကား တကယ္မွန္ေတာ့မယ္ဆိုၿပီး ကြၽန္ေတာ္ ခံစားခဲ့ရပါတယ္။ ကြင္းလုံးျပည့္ ပရိသတ္ေတြရဲ႕အားေပးမႈက ဂ်ာမနီကို ႏိုင္ဖို႔ အားျဖစ္ေစခဲ့ပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဂ်ာမနီ နဲ႔ပြဲကထက္ ပိုမ်ားတဲ့ပရိသတ္ေတြရဲ႕ အားေပးမႈကို ကြၽန္ေတာ္တို႔ရရွိအုန္းမွာပါ။ ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ ခ်စ္ျခင္းေမတၱာေတြဟာ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ပြဲေတြကိုရယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔ကို အားျဖစ္ေစပါတယ္။ ဝင္ဘေလကြင္းႀကီးထဲမွာ ကစားရမယ့္ ဆီမီးဖိုင္နယ္ပြဲႀကီးကို ကစားရဖို႔အတြက္ ကြၽန္ေတာ္ကေတာ့ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနပါၿပီ “ လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီႏွစ္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းလာခဲ့တဲ့ အသင္း ၄ သင္းထဲမွာ အဂၤလန္ တသင္းထဲသာ ခ်န္ပီယံမျဖစ္ဖူးေသးတာျဖစ္ၿပီး ဗိုလ္လုပြဲအဆင့္ကိုလည္း တခါမွ မေရာက္ဖူးပါဘူး။ ေဘာလုံးဘိုးေအ အဂၤလန္ အေနနဲ႔ အဲ့ဒီမွတ္တမ္းဆိုးကို ဒီတေခါက္ၿပိဳင္ပြဲမွာ ရပ္တန္႔ႏိုင္မလားဆိုတေကာ့ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္သြားရမွာပါ။