(၅)ကြိမ်မြောက်ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း ပိုင်ဆိုင်နိုင်မလား?

ယူရို-၂၀၂၀ အုပ်စုတွင်းမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် ဂျာမနီကို အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ ယူကရိန်းနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်နှစ်ပွဲဆက် ဂိုးသွင်းခဲ့သူ ဟယ်ရီကိန်းဟာ အခုဆိုရင် ယူရိုပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုအတွက် ပြေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

အခုလောလောဆယ် ယူရိုပြိုင်ပွဲရဲ့သွင်းဂိုးအများဆုံးစာရင်းမှာ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုနဲ့ ချက်အသင်းတိုက်စစ်မှူးပက်ထရစ်ရှစ်ခ်တို့က (၅)ဂိုးစီနဲ့ဦးဆောင်နေပြီး သူတို့နောက်မှာတော့ ဘန်ဇီမာ(ပြင်သစ်)၊ လူကာကူ(ဘယ်လ်ဂျီယံ)၊ ဖော့စ်ဘတ်(ဆွီဒင်)တို့က (၄)ဂိုးစီနဲ့ရပ်တည်နေပါတယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေအားလုံးရဲ့ လက်ရွေးစင်အသင်းတွေက ပြိုင်ပွဲကနေထွက်သွားရပြီဖြစ်လို့ ဆီမီးဖိုင်နယ်အဆင့်အထိရောက်ရှိနေတဲ့ ဟယ်ရီကိန်းက ရွှေဖိနပ်ဆုဆွတ်ခူးဖို့အတွက် မျှော်လင့်ချက်ရှိနေတာပါ။

ဟယ်ရီကိန်းဟာ ဂျာမနီနဲ့ ယူကရိန်းနှစ်ပွဲမှာ (၃)ဂိုးသွင်းယူထားပြီး ဂိုးပေါက်ပြန်တွေ့တာနဲ့ သူက ရပ်တန့်လို့မရတော့တဲ့ခြေစွမ်းမျိုးပြသနေတာကြောင့် လာမယ့်ဒိန်းမတ်နဲ့ဆီမီးဖိုင်နယ်ပွဲမှာလည်း ဟယ်ရီကိန်းရဲ့ဂိုးတွေကို ဆက်လက်မြင်တွေ့ရဖို့ရှိနေပါပြီ။ ယူကရိန်းနဲ့ပွဲမှာကတည်းက ဟယ်ရီကိန်း ဟက်ထရစ်ရဖို့အခြေအနေကောင်းတစ်ခုပိုင်ဆိုင်ခဲ့ပေမယ့် သူ့ရဲ့ Volley ကန်ချက်ကို ယူကရိန်းဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာ ကံဆိုးခဲ့ရတာပါ။

ဟယ်ရီကိန်းရဲ့ကစားသမားဘဝတစ်လျှောက်မှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုတွေကို ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၂၀-၂၁ ရာသီတွေမှာ ရရှိခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သွင်းဂိုး(၆)ဂိုးနဲ့ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ဟယ်ရီကိန်းဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ဒိန်းမတ်အသင်းကို ကျော်ဖြတ်ပြီး အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ယူရိုဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးဖို့နဲ့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် (၅)ကြိမ်မြောက်ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားပြနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

zawgyi

(၅)ႀကိမ္ေျမာက္ေ႐ႊဖိနပ္ဆုကို ဟယ္ရီကိန္း ပိုင္ဆိုင္ႏိုင္မလား?

ယူ႐ို-၂၀၂၀ အုပ္စုတြင္းမွာ ဂိုးေပါက္ေပ်ာက္ခဲ့ေပမယ့္ ဂ်ာမနီကို အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ ယူကရိန္းနဲ႔ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ႏွစ္ပြဲဆက္ ဂိုးသြင္းခဲ့သူ ဟယ္ရီကိန္းဟာ အခုဆိုရင္ ယူ႐ိုၿပိဳင္ပြဲရဲ႕သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုအတြက္ ေျပးလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိလာခဲ့ပါၿပီ။ အခုေလာေလာဆယ္ ယူ႐ိုၿပိဳင္ပြဲရဲ႕သြင္းဂိုးအမ်ားဆုံးစာရင္းမွာ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔ ခ်က္အသင္းတိုက္စစ္မႉးပက္ထရစ္ရွစ္ခ္တို႔က (၅)ဂိုးစီနဲ႔ဦးေဆာင္ေနၿပီး သူတို႔ေနာက္မွာေတာ့ ဘန္ဇီမာ(ျပင္သစ္)၊ လူကာကူ(ဘယ္လ္ဂ်ီယံ)၊ ေဖာ့စ္ဘတ္(ဆြီဒင္)တို႔က (၄)ဂိုးစီနဲ႔ရပ္တည္ေနပါတယ္။ ဒါေပမဲ့ အဲဒီကစားသမားေတြအားလုံးရဲ႕ လက္ေ႐ြးစင္အသင္းေတြက ၿပိဳင္ပြဲကေနထြက္သြားရၿပီျဖစ္လို႔ ဆီမီးဖိုင္နယ္အဆင့္အထိေရာက္ရွိေနတဲ့ ဟယ္ရီကိန္းက ေ႐ႊဖိနပ္ဆုဆြတ္ခူးဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေနတာပါ။

ဟယ္ရီကိန္းဟာ ဂ်ာမနီနဲ႔ ယူကရိန္းႏွစ္ပြဲမွာ (၃)ဂိုးသြင္းယူထားၿပီး ဂိုးေပါက္ျပန္ေတြ႕တာနဲ႔ သူက ရပ္တန႔္လို႔မရေတာ့တဲ့ေျခစြမ္းမ်ိဳးျပသေနတာေၾကာင့္ လာမယ့္ဒိန္းမတ္နဲ႔ဆီမီးဖိုင္နယ္ပြဲမွာလည္း ဟယ္ရီကိန္းရဲ႕ဂိုးေတြကို ဆက္လက္ျမင္ေတြ႕ရဖို႔ရွိေနပါၿပီ။ ယူကရိန္းနဲ႔ပြဲမွာကတည္းက ဟယ္ရီကိန္း ဟက္ထရစ္ရဖို႔အေျခအေနေကာင္းတစ္ခုပိုင္ဆိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ Volley ကန္ခ်က္ကို ယူကရိန္းဂိုးသမား ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔သာ ကံဆိုးခဲ့ရတာပါ။

ဟယ္ရီကိန္းရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုေတြကို ၂၀၁၅-၁၆၊ ၂၀၁၆-၁၇၊ ၂၀၂၀-၂၁ ရာသီေတြမွာ ရရွိခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း သြင္းဂိုး(၆)ဂိုးနဲ႔ ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဟယ္ရီကိန္းဟာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ဒိန္းမတ္အသင္းကို ေက်ာ္ျဖတ္ၿပီး အဂၤလန္အသင္း ပထမဆုံးအႀကိမ္ ယူ႐ိုဗိုလ္လုပြဲတက္ေရာက္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးဖို႔နဲ႔ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ (၅)ႀကိမ္ေျမာက္ေ႐ႊဖိနပ္ဆုကို ပိုင္ဆိုင္ခြင့္ရေအာင္ ႀကိဳးစားျပႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။