အပြောင်းအရွှေ့ဈေးကွက်ထဲ ခပ်သွက်သွက်လှုပ်ရှားနေတဲ့ PSG

ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူး၊ ချန်ပီယံလိဂ်တို့မှာအောင်မြင်မှုမရခဲ့တဲ့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကတော့
လာမယ့်ရာသီမှာ အဓိကဆုဖလားတွေရယူနိုင်ဖို့အတွက် အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ခပ်သွက်သွက်လှုပ်ရှားနေပြီး
ရီးယဲလ်နာမည်ကျော်နောက်ခံလူဟောင်း ရာမို့စ်၊ အင်တာမီလန်နောက်ခံလူ ဟာကီမီနဲ့ အေစီမီလန်ဂိုးသမားဟောင်းဒွန်နာရမ်မာတို့ကို
မကြာခင်ခေါ်ယူစာချုပ်နိုင်တော့မှာဖြစ်ပါတယ်။

PSG အသင်းဟာ မကြာသေးခင်က လီဗာပူးလ်ကွင်းလယ်လူဝိုင်နယ်လ်ဒန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ပေါ်တိုအသင်းကနေ အငှားနဲ့ခေါ်ထားတဲ့ ဒန်နီလိုကိုလည်း အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ PSG အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက ဒီလောက်နဲ့မရပ်တန့်သေးဘဲ နာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်သူ


ဖာဘရစ်ဇီယိုရိုမာနိုက PSG အသင်းဟာ ခံစစ်ကို အခုထက်ပိုကောင်းလာဖို့အတွက် ရာမို့စ်၊ ဟာကီမီနဲ့ ဂိုးသမားဒွန်နာရမ်မာတို့နဲ့
စာချုပ်ချုပ်ဆိုခဲ့သလို အခုလအတွင်းမှာပဲ တရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ဝါရင့်နောက်ခံလူရာမို့စ်ဟာ (၁၆)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်
PSG အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

PSG အသင်းဟာ ပြီးခဲ့တဲ့နှစ်၊နွေရာသီတုန်းက အတွေ့အကြုံရင့်နောက်ခံလူသီယာဂိုဆေးလ်ဗား ချယ်လ်ဆီးအသင်းဆီပြောင်းရွှေ့ခဲ့တာကြောင့်
သူ့နေရာမှာအစားထိုးဖို့အတွက်သာမက အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ကင်ဘမ်ပေ၊ ဒီယာလို၊ သီလိုခါရာတို့ အတွေ့အကြုံကောင်းတွေ

သင်ယူနိုင်ဖို့အတွက် ရာမို့စ်ကို ခေါ်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုရရှိခဲ့တဲ့ မော်ရိုကိုလက်ရွေးစင်ဘယ်နောက်ခံကစားသမား ဟာကီမီကို

အင်တာမီလန်အသင်းက ဘဏ္ဍာရေးအခက်အခဲကြောင့် PSG အသင်းဆီရောင်းချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့
အခုလောလောဆယ် မထုတ်ပြန်သေးပါဘူး။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် လက်စွမ်းပြကစားနေတဲ့ ဂိုးသမားဒွန်နာရမ်မာကတော့ ပြီးခဲ့တဲ့ရာသီကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး PSG အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့မှာဖြစ်သလို မကြာသေးခင်က PSG အသင်းမှာဆေးစစ်မှုခံယူခဲ့ပြီးဖြစ်ပါတယ်။

ဖာဘရစ်ဇီယိုရိုမာနိုက “ရာမို့စ်၊ ဟာကီမီနဲ့ ဒွန်နာရမ်မာတို့ကို ခေါ်ယူစာချုပ်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး PSG အသင်းဟာ အခုလအတွင်းမှာပဲ တရားဝင်ထုတ်ပြန်ကြေညာသွားဖို့ရှိနေပါပြီ။

ရာမို့စ်ဟာ PSG အသင်းမှာ ဆေးစစ်မှုခံယူသွားမှာဖြစ်ပြီး ၂၀၂၃၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်သလို ဟာကီမီနဲ့ဒွန်နာရမ်မာကတော့ ၂၀၂၆ ခုနှစ်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးပါပြီ”လို့ သူ့ရဲ့ Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

Zawgyi

အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲ ခပ္သြက္သြက္လႈပ္ရွားေနတဲ့ PSG

ၿပီးခဲ့တဲ့ရာသီက ျပင္သစ္လီဂူး၊ ခ်န္ပီယံလိဂ္တို႔မွာေအာင္ျမင္မႈမရခဲ့တဲ့ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကေတာ့

လာမယ့္ရာသီမွာ အဓိကဆုဖလားေတြရယူႏိုင္ဖို႔အတြက္ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ခပ္သြက္သြက္လႈပ္ရွားေနၿပီး
ရီးယဲလ္နာမည္ေက်ာ္ေနာက္ခံလူေဟာင္း ရာမို႔စ္၊ အင္တာမီလန္ေနာက္ခံလူ ဟာကီမီနဲ႔ ေအစီမီလန္ဂိုးသမားေဟာင္းဒြန္နာရမ္မာတို႔ကို
မၾကာခင္ေခၚယူစာခ်ဳပ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

PSG အသင္းဟာ မၾကာေသးခင္က လီဗာပူးလ္ကြင္းလယ္လူဝိုင္နယ္လ္ဒန္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားသလို ေပၚတိုအသင္းကေန အငွားနဲ႔ေခၚထားတဲ့ ဒန္နီလိုကိုလည္း အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

ဒါေပမဲ့ PSG အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈက ဒီေလာက္နဲ႔မရပ္တန႔္ေသးဘဲ နာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ
ဖာဘရစ္ဇီယို႐ိုမာႏိုက PSG အသင္းဟာ ခံစစ္ကို အခုထက္ပိုေကာင္းလာဖို႔အတြက္ ရာမို႔စ္၊ ဟာကီမီနဲ႔ ဂိုးသမားဒြန္နာရမ္မာတို႔နဲ႔
စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို အခုလအတြင္းမွာပဲ တရားဝင္သတင္းထုတ္ျပန္သြားဖို႔ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စပိန္ဝါရင့္ေနာက္ခံလူရာမို႔စ္ဟာ (၁၆)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္
PSG အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

PSG အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ေႏြရာသီတုန္းက အေတြ႕အႀကဳံရင့္ေနာက္ခံလူသီယာဂိုေဆးလ္ဗား ခ်ယ္လ္ဆီးအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္
သူ႔ေနရာမွာအစားထိုးဖို႔အတြက္သာမက အသင္းရဲ႕ေနာက္ခံလူေတြျဖစ္တဲ့ ကင္ဘမ္ေပ၊ ဒီယာလို၊ သီလိုခါရာတို႔ အေတြ႕အႀကဳံေကာင္းေတြ

သင္ယူႏိုင္ဖို႔အတြက္ ရာမို႔စ္ကို ေခၚယူခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းနဲ႔အတူ စီးရီးေအခ်န္ပီယံဆုရရွိခဲ့တဲ့ ေမာ္႐ိုကိုလက္ေ႐ြးစင္ဘယ္ေနာက္ခံကစားသမား ဟာကီမီကို
အင္တာမီလန္အသင္းက ဘ႑ာေရးအခက္အခဲေၾကာင့္ PSG အသင္းဆီေရာင္းခ်ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့
အခုေလာေလာဆယ္ မထုတ္ျပန္ေသးပါဘူး။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အီတလီအသင္းအတြက္ လက္စြမ္းျပကစားေနတဲ့ ဂိုးသမားဒြန္နာရမ္မာကေတာ့ ၿပီးခဲ့တဲ့ရာသီကုန္မွာ ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီး PSG အသင္းဆီအလြတ္နဲ႔ေျပာင္းေ႐ႊ႕မွာျဖစ္သလို မၾကာေသးခင္က PSG အသင္းမွာေဆးစစ္မႈခံယူခဲ့ၿပီးျဖစ္ပါတယ္။

ဖာဘရစ္ဇီယို႐ိုမာႏိုက “ရာမို႔စ္၊ ဟာကီမီနဲ႔ ဒြန္နာရမ္မာတို႔ကို ေခၚယူစာခ်ဳပ္လိုက္ၿပီဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီး PSG အသင္းဟာ အခုလအတြင္းမွာပဲ တရားဝင္ထုတ္ျပန္ေၾကညာသြားဖို႔ရွိေနပါၿပီ။

ရာမို႔စ္ဟာ PSG အသင္းမွာ ေဆးစစ္မႈခံယူသြားမွာျဖစ္ၿပီး ၂၀၂၃၊ ဇြန္လအထိ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္သလို ဟာကီမီနဲ႔ဒြန္နာရမ္မာကေတာ့ ၂၀၂၆ ခုႏွစ္အထိ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးပါၿပီ”လို႔ သူ႔ရဲ႕ Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။