ဝိန်းရွန်းနီကပေါ့ဘာရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရဖို့ ရက်ဖို့ဒ်က အဓိကကျတယ်လို့ အကြံပေးခဲ့

ပေါ့ဘာအနေနဲ့ ယူရို ( ၂၀၂၀ ) မှာ ပြသခဲ့တဲ့ ခြေစွမ်းကို မန်ချက်စတာ ယူနိုက်တက်အသင်းမှာလည်း ဆက်လက်ထိန်းထားနိုင်မလားဆိုတာ ပရိသတ်တွေက မေးခွန်းထုတ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယ ရာသီဝက်မှာ ပေါ့ဘာရဲ့ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာတာ မြင်တွေ့ခဲ့ရပေမယ့် တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေခဲ့ပါသေးတယ်။

ယူနိုက်တက်ရဲ့ စံချိန်တင် သွင်းဂိုးရှင် ဝိန်းရွန်းနီက ပေါ့ဘာရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရဖို့ တိုက်စစ်ရွေ့လျားမှုတွေ ပိုမိုလိုအပ်ပြီး မားကတ် ရက်ဖို့ဒ်ကို ကစားဟန် ပြောင်းလဲဖို့ အကြံပေးခဲ့ပါတယ်။

ရွန်းနီက The Times နဲ့ အင်တာဗျူးတစ်ခုအတွင်း “ ပေါ့ဘာရဲ့ ကီရန် ဘင်ဇီးမား နှင့် ကိုင်လီယန် အမ်ဘာပေတို့ထံ ပေးပို့မှုတွေက အံ့မခန်းကောင်းမွန်ပါတယ်။ ယူနိုက်တက်မှာတော့ အက်ဒီဆင် ကာဗာနီက မတူညီတဲ့ နံပါတ် ( ၉ ) ဖြစ်ပြီး ဧရိယာထဲမှာပဲ အနေများလေ့ရှိသူပါ ။ ဒါပေမယ့် မားကတ် ရက်ဖို့ဒ်သာ သူ့ရဲ့ ကစားဟန်ကို အနည်းငယ်ပြုပြင်ပြီး အမ်ဘာပေ စတိုင် ခံစစ်မှူးတွေရဲ့ နောက်ကနေ‌ပြေးလွှားမှု runs in behind တွေသာ ပြုလုပ်နိုင်မယ်ဆိုရင် နိုင်ငံအသင်းမှာထက် ပိုမိုကောင်းမွန်တဲ့ ပေါ့ဘာရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရမယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုခဲ့ပါတယ် ။

မားကတ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့နှစ်မှာ ( ၂၁ ) ဂိုးသွင်းယူခဲ့ပြီး သူ့အတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မေဆန် ဂရင်းဝုဒ်ကသာ ပေါ့ဘာနဲ့ပိုပြီး အချိတ်အဆက်မိခဲ့ပါတယ်။ ( ၂၀၂၀/၂၁ ) ရာသီမှာ ပေါ့ဘာက ယူနိုက်တက်အတွက် ( ၆ ) ကြိမ် ဖန်တီးပေးခဲ့ပြီး ဂရင်းဝုဒ်က အဆိုပါ ဖန်တီးမှုတွေထဲမှ ( ၄ ) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရွန်းနီထောက်ပြတာက မှန်ကန်ပြီး ရက်ဖို့ဒ်မှာ ပေါ့ဘာနဲ့ ပုံမှန်ချိတ်ဆက်ကစားနိုင်တဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ဆန်ချိုရောက်ရှိလာပြီဖြစ်တဲ့အတွက် ယူနိုက်တက် တိုက်စစ်က ပြိုင်ဘက်အသင်းတွေအတွက် ပိုပြိး ခန့်မှန်းရခက်လာပါလိမ့်မယ်။

zawgyi

ဝိန္း႐ြန္းနီကေပါ့ဘာရဲ႕ အေကာင္းဆုံးေျခစြမ္းကို ျမင္ေတြ႕ရဖို႔ ရက္ဖို႔ဒ္က အဓိကက်တယ္လို႔ အႀကံေပးခဲ့

ေပါ့ဘာအေနနဲ႔ ယူ႐ို ( ၂၀၂၀ ) မွာ ျပသခဲ့တဲ့ ေျခစြမ္းကို မန္ခ်က္စတာ ယူႏိုက္္တက္အသင္းမွားလည္း ဆက္လက္ထိန္းထားႏိုင္မလားဆိုတာ ပရိသတ္ေတြက ေမးခြန္းထုတ္လ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒုတိယ ရာသီဝက္မွာ ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္လာတာ ျမင္ေတြ႕ခဲ့ရေပမယ့္ တိုးတက္ဖို႔ လိုအပ္ခ်က္ေတြ ရွိေနခဲ့ပါေသးတယ္။

ယူႏိုက္တက္ရဲ႕ စံခ်ိန္တင္ သြင္းဂိုးရွင္ ဝိန္း႐ြန္းနီက ေပါ့ဘာရဲ႕ အေကာင္းဆုံးပုံစံကို ျမင္ေတြ႕ရဖို႔ တိုက္စစ္ေ႐ြ႕လ်ားမႈေတြ ပိုမိုလိုအပ္ၿပီး မားကတ္ ရက္ဖို႔ဒ္ကို ကစားဟန္ ေျပာင္းလဲဖို႔ အႀကံေပးခဲ့ပါတယ္။

႐ြန္းနီက The Times နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း “ ေပါ့ဘာရဲ႕ ကီရန္ ဘင္ဇီးမား ႏွင့္ ကိုင္လီယန္ အမ္ဘာေပတို႔ထံ ေပးပို႔မႈေတြက အံ့မခန္းေကာင္းမြန္ပါတယ္။ ယူႏိုက္တက္မွာေတာ့ အက္ဒီဆင္ ကာဗာနီက မတူညီတဲ့ နံပါတ္ ( ၉ ) ျဖစ္ၿပီး ဧရိယာထဲမွာပဲ အေနမ်ားေလ့ရွိသူပါ ။ ဒါေပမယ့္ မားကတ္ ရက္ဖို႔ဒ္သာ သူ႔ရဲ႕ ကစားဟန္ကို အနည္းငယ္ျပဳျပင္ၿပီး အမ္ဘာေပ စတိုင္ ခံစစ္မႉးေတြရဲ႕ ေနာက္ကေန‌ေျပးလႊားမႈ runs in behind ေတြသာ ျပဳလုပ္ႏိုင္မယ္ဆိုရင္ ႏိုင္ငံအသင္းမွာထက္ ပိုမိုေကာင္းမြန္တဲ့ ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရမယ္လို႔ ယုံၾကည္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္ ။

မားကတ္ ရက္ဖို႔ဒ္က ၿပီးခဲ့တဲ့ႏွစ္မွာ ( ၂၁ ) ဂိုးသြင္းယူခဲ့ၿပီး သူ႔အတြက္ ေကာင္းမြန္တဲ့ ရာသီတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ေမဆန္ ဂရင္းဝုဒ္ကသာ ေပါ့ဘာနဲ႔ပိုၿပီး အခ်ိတ္အဆက္မိခဲ့ပါတယ္။ ( ၂၀၂၀/၂၁ ) ရာသီမွာ ေပါ့ဘာက ယူႏိုက္္တက္အတြက္ ( ၆ ) ႀကိမ္ ဖန္တီးေပးခဲ့ၿပီး ဂရင္းဝုဒ္က အဆိုပါ ဖန္တီးမႈေတြထဲမွ ( ၄ ) ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

႐ြန္းနီေထာက္ျပတာက မွန္ကန္ၿပီး ရက္ဖို႔ဒ္မွာ ေပါ့ဘာနဲ႔ ပုံမွန္ခ်ိတ္ဆက္ကစားႏိုင္တဲ့ စြမ္းေဆာင္ရည္ပိုင္ဆိုင္ထားပါတယ္။ ေနာက္ၿပီး ဆန္ခ်ိဳေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ ယူႏိုက္တက္ တိုက္စစ္က ၿပိဳင္ဘက္အသင္းေတြအတြက္ ပိုၿပိး ခန႔္မွန္းရခက္လာပါလိမ့္မယ္။