လီဗာပူးနဲ့ အာဆင်နယ် ဆန်းချက်ကို မျက်စိကျနေ

ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ပေါ်တူဂီ ထွက်ခွာခဲ့ရပြီ ဖြစ်ပေမယ့် နိုင်ငံအသင်းနဲ့ အတူ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းချက်ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ က အပြိုင် မျက်စိကျနေပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့် ယူရို ပြိုင်ပွဲမှာ ကြံ့ခိုင်မှုကောင်းကောင်း နဲ့ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဆန်းချက်ဟာ ပြင်သစ်မြေမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်ရနေပြီး မနှစ်ကရာသီ ၂၉ ပွဲအတွင်း ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

လိုင်လီအသင်းဟာ လူစာရင်း လျော့ချမှုတွေ ပြုလုပ်နေကာ ၎င်းတို့ ကွင်းလယ်လူ ဆိုမာရီကို လက်စတာအသင်းထံ ပြောင်းခွင့်ပေးထားပြီး စီနီယာ အသင်းသား ၃ ဦးကိုလည်း ရောင်းထုတ်ထားတာဖြစ်ပါတယ်။

လီဂူးဝမ်း ချန်ပီယံအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် ကစားသမား ရှင်းထုတ်မှုတွေ လုပ်နေရတယ်လို့ နားလည်ထားရပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်တို့ဘက်က အမှန်တကယ် ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် ဆန်းချက်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေပါတယ်။

ငွေကြေးရှားပါးနေချိန် ဆန်းချက်အတွက် ပြောင်းရွှေ့ကြေးဟာ အရမ်းကြီး များပြားမှာတော့ မဟုတ်ပါဘူး။အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ဟာ ကြံ့ခိုင်မှု ကောင်းသလို ၊ သူ့ရဲ့ ဘောလုံးပေးပို့မှု ၊ အဝေးကန်ချက်တွေနဲ့ တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုတို့ဟာ အာဆင်နယ် အသင်းနဲ့ လီဗာပူးတို့အတွက် မျက်စိကျစရာဖြစ်စေပါတယ်။

ရီနာတို ဆန်းချက်ဟာ တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပင်ကိုယ် ခြေစွမ်းပိုင်းဟာ သံသယဝင်စရာ မလိုဘဲလိုင်လီအသင်းနဲ့ ကတော့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

zawgyi

လီဗာပူးနဲ႔ အာဆင္နယ္ ဆန္းခ်က္ကို မ်က္စိက်ေန

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကေန ေပၚတူဂီ ထြက္ခြာခဲ့ရၿပီ ျဖစ္ေပမယ့္ ႏိုင္ငံအသင္းနဲ႔ အတူ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ကစားသမား ဆန္းခ်က္ကို ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ အာဆင္နယ္တို႔ က အၿပိဳင္ မ်က္စိက်ေနပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဒဏ္ရာျပႆနာေတြ ရွိခဲ့ေပမယ့္ ယူ႐ို ၿပိဳင္ပြဲမွာ ႀကံ့ခိုင္မႈေကာင္းေကာင္း နဲ႔ ပါဝင္ကစားႏိုင္ခဲ့ပါတယ္။ ဆန္းခ်က္ဟာ ျပင္သစ္ေျမမွာ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံေတြကို ျပန္ရေနၿပီး မႏွစ္ကရာသီ ၂၉ ပြဲအတြင္း ကိုယ္တိုင္ ၁ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၄ ႀကိမ္ လုပ္ႏိုင္ခဲ့ပါတယ္။

လိုင္လီအသင္းဟာ လူစာရင္း ေလ်ာ့ခ်မႈေတြ ျပဳလုပ္ေနကာ ၎တို႔ ကြင္းလယ္လူ ဆိုမာရီကို လက္စတာအသင္းထံ ေျပာင္းခြင့္ေပးထားၿပီး စီနီယာ အသင္းသား ၃ ဦးကိုလည္း ေရာင္းထုတ္ထားတာျဖစ္ပါတယ္။

လီဂူးဝမ္း ခ်န္ပီယံအသင္းဟာ ဘ႑ာေရးဆိုင္ရာ ျပႆနာေတြေၾကာင့္ ကစားသမား ရွင္းထုတ္မႈေတြ လုပ္ေနရတယ္လို႔ နားလည္ထားရပါတယ္။ လီဗာပူးနဲ႔ အာဆင္နယ္တို႔ဘက္က အမွန္တကယ္ ကမ္းလွမ္းမႈ လုပ္မယ္ဆိုရင္ ဆန္းခ်က္ကို ေခၚယူဖို႔ အခြင့္အေရး ရွိေနပါတယ္။

ေငြေၾကးရွားပါးေနခ်ိန္ ဆန္းခ်က္အတြက္ ေျပာင္းေ႐ႊ႕ေၾကးဟာ အရမ္းႀကီး မ်ားျပားမွာေတာ့ မဟုတ္ပါဘူး။အသက္ ၂၃ႏွစ္ အ႐ြယ္ ေပၚတူဂီ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္ဟာ ႀကံ့ခိုင္မႈ ေကာင္းသလို ၊ သူ႔ရဲ႕ ေဘာလုံးေပးပို႔မႈ ၊ အေဝးကန္ခ်က္ေတြနဲ႔ တစ္ဖက္အသင္းရဲ႕ ဂိုးေပါက္ကို ၿခိမ္းေျခာက္ႏိုင္မႈတို႔ဟာ အာဆင္နယ္ အသင္းနဲ႔ လီဗာပူးတို႔အတြက္ မ်က္စိက်စရာျဖစ္ေစပါတယ္။

ရီနာတို ဆန္းခ်က္ဟာ တစ္ခ်ိန္က ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ ကစားသမားဆုကိုပါ ရယူႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ ပင္ကိုယ္ ေျခစြမ္းပိုင္းဟာ သံသယဝင္စရာ မလိုဘဲလိုင္လီအသင္းနဲ႔ ကေတာ့ ၂၀၂၃ ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း ရွိေနပါတယ္။