ရာသီသစ်အတွက် အသင့်ဖြစ်နေပြီဆိုတဲ့ အာမက်

အာမက်ဟာ ပွဲကစားခွင့် နည်းပါးခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပထမဆုံးရာသီမှာပဲ ကျေနပ်စရာ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ သူက ယူနိုက်တက်အတွက် ပထမဆုံးသွင်းဂိုးကို အေစီမီလန်အသင်းနဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ရယူနိုင်ခဲ့ပြီး လက်စတာစီးတီးနဲ့ ပွဲစဉ်မှာလည်း မေဆန် ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာမက်က နွေရာသီ အားလက်ရက်အပြီး ရာသီသစ်စတင်ဖို့ စိတ်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

အာမက်က တွယ်တာစာမျက်နှာကနေ ပြီးခဲ့တဲ့ရာသီမှ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတချို့ ပါဝင်တဲ့ ဟိုက်လိုက်ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပြီး “ ရာသီသစ် စတင်ဖို့ အသင့်ဖြစ်နေပါတယ်။”လို့ ကြောညာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားအများစုက ယူရို ( ၂၀၂၀ ) မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့အတွက် အာမက်အနေနဲ့ ရာသီကြိုပွဲစဉ်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသဖို့ အခွင့်အရေးရှိနေပါတယ်။ ယူနိုက်တက်က အာမက်ကို ဆက်ထိန်းထားမလား ၊ အငှားချမလားဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။ တကယ်လို့ မှန်ကန်တဲ့ ကမ်းလှမ်းမှုသာ လက်ရှိခံရရှိပါက ပုံမှန်ပွဲကစားခွင့်ရနိုင်တဲ့ အငှားသွားရောက်မှုက အာမက်အတွက် အကျိုးရှိစေနိုင်ပါတယ်။

ဒါပေမယ့် အာမက်က ယူနိုက်တက်အတွက် အငှားချထားဖို့ မထိုက်တန်အောင် ကောင်းလွန်းနေတဲ့ကစားသမားပါ ။ သူက လာမယ့်ရာသီမှာ အဓိကနေရာကနေ ပါဝင်ကစားခွင့်ရနိုင်ပါတယ်။ မားကတ်ရက်ဖို့ဒ်က ခွဲစိတ်ဖို့ လိုအပ်ခဲ့မယ်ဆိုရင် ဂျေဒန် ဆန်ချိုက ဘယ်ခြမ်းမှာ ကစားနိုင်ပြီး အာမက်အနေနဲ့ ညာခြမ်းမှာ အခွင့်အရေးရလာနိုင်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း အာမက်ကို အသင်းမှာ ဆက်ရှိနေဖို့ တောင်းဆိုလျက်ရှိကြပါတယ်။

Saquib J လို့ အမည်ရတဲ့ ပရိသတ်တစ်ဦးက “ အာမက်ရေ ၊ အသင်းမှာပဲ ဆက်နေပေးပါ ။ အငှားမသွားပါနဲ့ ၊ မင်းက ငါတို့အတွက် အဓိကနေရာကနေ ကစားခွင့်ရပါလိမ့်မယ်။”လို့ ရေးသားထားပါတယ်။ နောက်ထပ် ယူနိုက်တက်ပရိသတ် တစ်ဦးကလည်း “ ညာတောင်ပံနေရာအတွက် ဆန်ချိုနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အကောင်းဆုံး စွမ်းဆောင်ရည်ရရှိအောင်ကြိုးစားပါ။”လို့ မှတ်ချက်ပေးထားပါတယ်။

zawgyi

ရာသီသစ္အတြက္ အသင့္ျဖစ္ေနၿပီဆိုတဲ့ အာမက္

အာမက္ဟာ ပြဲကစားခြြင့္ နည္းပါးခဲ့ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ပထမဆုံးရာသီမွာပဲ ေက်နပ္စရာ စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ပါတယ္။

သူက ယူႏိုက္တက္အတြက္ ပထမဆုံးသြင္းဂိုးကို ေအစီမီလန္အသင္းနဲ႔ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ရယူႏိုင္ခဲ့ၿပီး လက္စတာစီးတီးနဲ႔ ပြဲစဥ္မွာလည္း ေမဆန္ ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ အာမက္က ေႏြရာသီ အားလက္ရက္အၿပီး ရာသီသစ္စတင္ဖို႔ စိတ္လႈပ္ရွားေနၿပီ ျဖစ္ပါတယ္။

အာမက္က တြယ္တာစာမ်က္ႏွာကေန ၿပီးခဲ့တဲ့ရာသီမွ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းတခ်ိဳ႕ ပါဝင္တဲ့ ဟိုက္လိုက္ဗီဒီယိုတစ္ခုကို မွ်ေဝခဲ့ၿပီး “ ရာသီသစ္ စတင္ဖို႔ အသင့္ျဖစ္ေနပါတယ္။”လို႔ ေၾကာညာခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ တိုက္စစ္ကစားသမားအမ်ားစုက ယူ႐ို ( ၂၀၂၀ ) မွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့အတြက္ အာမက္အေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသဖို႔ အခြင့္အေရးရွိေနပါတယ္။

ယူႏိုက္တက္က အာမက္ကို ဆက္ထိန္းထားမလား ၊ အငွားခ်မလားဆိုတာ ဆုံးျဖတ္ရဖို႔ ရွိေနပါတယ္။ တကယ္လို႔ မွန္ကန္တဲ့ ကမ္းလွမ္းမႈသာ လက္ရွိခံရရွွိပါက ပုံမွန္ပြဲကစားခြင့္ရႏိုင္တဲ့ အငွားသြားေရာက္မႈက အာမက္အတြက္ အက်ိဳးရွိေစႏိုင္ပါတယ္။

ဒါေပမယ့္ အာမက္က ယူႏိုက္တက္အတြက္ အငွားခ်ထားဖို႔ မထိုက္တန္ေအာင္ ေကာင္းလြန္းေနတဲ့ကစားသမားပါ ။ သူက လာမယ့္ရာသီမွာ အဓိကေနရာကေန ပါဝင္ကစားခြင့္ရႏိုင္ပါတယ္။

မားကတ္ရက္ဖို႔ဒ္က ခြဲစိတ္ဖို႔ လိုအပ္ခဲ့မယ္ဆိုရင္ ေဂ်ဒန္ ဆန္ခ်ိဳက ဘယ္ျခမ္းမွာ ကစားႏိုင္ၿပီး အာမက္အေနနဲ႔ ညာျခမ္းမွာ အခြင့္အေရးရလာႏိုင္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကလည္း အာမက္ကို အသင္းမွာ ဆက္ရွိေနဖို႔ ေတာင္းဆိုလ်က္ရွိၾကပါတယ္။

Saquib J လို႔ အမည္ရတဲ့ ပရိသတ္တစ္ဦးက “ အာမက္ေရ ၊ အသင္းမွာပဲ ဆက္ေနေပးပါ ။ အငွားမသြားပါနဲ႔ ၊ မင္းက ငါတို႔အတြက္ အဓိကေနရာကေန ကစားခြင့္ရပါလိမ့္မယ္။”လို႔ ေရးသားထားပါတယ္။

ေနာက္ထပ္ ယူႏိုက္တက္ပရိသတ္ တစ္ဦးကလည္း “ ညာေတာင္ပံေနရာအတြက္ ဆန္ခ်ိဳနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ အေကာင္းဆုံး စြမ္းေဆာင္ရည္ရရွိေအာင္ႀကိဳးစားပါ။”လို႔ မွတ္ခ်က္ေပးထားပါတယ္။