ရာဖေးလ် ဗာရန်းက လက်ရှိမှာ ယူနိုက်တက်ရဲ့ အဓိကနွေရာသီ ပစ်မှတ်ဖြစ်နေ

ရာဖေးလ် ဗာရန်းက လက်ရှိမှာ ယူနိုက်တက်ရဲ့ အဓိကနွေရာသီ ပစ်မှတ်ဖြစ်နေပါတယ်။ The Telegraph က ယူနိုက်တက်ဟာ ဆန်ချိုပြီးနောက် ဗာရန်းကို ဦးစားပေး ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဖော်ပြထားသလို ESPN ကလည်း ယူနိုက်တက်အနေနဲ့ အဆိုပါ အပြောင်းရွေ့မှာ တိုးတက်မှုတွေရှိကြောင်း ပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ပရိသတ်တွေနဲ့ အမေး ၊ အဖြေ ပြုလုပ်ရာမှာ ဗာရန်းကို အိုးထရတ်ဖို့ဒ်မှာ တွေ့မြင်ရဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပြီး ယူနိုက်တက်ကို ရွေးချယ်စေဖို့ ပြင်သစ်နောက်ခံလူထံ စာပို့ပြီး တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဂျာနယ်လစ် ဖာဘရီဇီယို ရိုမန်နိုကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဗာရန်း အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက တရားဝင် ကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးပဲ သင့်လျော်တဲ့ အချိန်မှာ ပြုလုပ်မယ်လို့ ဆိုထားပါတယ်။

ဗာရန်းက လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ယူရို ( ၂၀၂၀ ) ကနေ ထွက်ခဲ့ရတဲ့အတွက် အားလပ်ရက် အနားယူလျက်ရှိပါတယ်။ ယူနိုက်တက်က ဗာရန်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပေမယ့် ကစားသမားက အတွေ့အကြုံသစ် ရရှာဖွေဖို့ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းစာ Sport အရ သိရပါတယ်။

ဗာရန်းက လက်ရှိမှာ ဘာနေဗျူးနဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ်သာ ကျန်ရှိတော့ပြီး ရီးရဲမက်ဒရစ်က လာမယ့်ရာသီမှာ သူ့ကို အလွတ် ‌ပြောင်းရွေ့ခွင့်ပြုရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

zawgyi

ရာေဖးလ္ ဗာရန္းက လက္ရွိမွာ ယူႏိုက္တက္ရဲ႕ အဓိကေႏြရာသီ ပစ္မွတ္ျဖစ္ေန

ရာေဖးလ္ ဗာရန္းက လက္ရွိမွာ ယူႏိုက္တက္ရဲ႕ အဓိကေႏြရာသီ ပစ္မွတ္ျဖစ္ေနပါတယ္။ The Telegraph က ယူႏိုက္တက္ဟာ ဆန္ခ်ိဳၿပီးေနာက္ ဗာရန္းကို ဦးစားေပး ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း ေဖာ္ျပထားသလို ESPN ကလည္း ယူႏိုက္တက္အေနနဲ႔ အဆိုပါ အေျပာင္းေ႐ြ႕မွာ တိုးတက္မႈေတြရွိေၾကာင္း ေျပာပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ပရိသတ္ေတြနဲ႔ အေမး ၊ အေျဖ ျပဳလုပ္ရာမွာ ဗာရန္းကို အိုးထရတ္ဖို႔ဒ္မွာ ေတြ႕ျမင္ရဖို႔ ဆႏၵရွိေၾကာင္း ေျပာဆိုခဲ့ၿပီး ယူႏိုက္တက္ကို ေ႐ြးခ်ယ္ေစဖို႔ ျပင္သစ္ေနာက္ခံလူထံ စာပို႔ၿပီး ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။

ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမန္ႏိုကလည္း မန္ခ်က္စတာ ယူႏိုက္တက္ဟာ ဗာရန္း အေျပာင္းအေ႐ြ႕နဲ႔ ပတ္သက္ၿပီး ရီးရဲမက္ဒရစ္အသင္းနဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူက တရားဝင္ ကမ္းလွမ္းမႈျပဳလုပ္ထားျခင္းမရွိေသးပဲ သင့္ေလ်ာ္တဲ့ အခ်ိန္မွာ ျပဳလုပ္မယ္လို႔ ဆိုထားပါတယ္။

ဗာရန္းက လက္ရွိမွာ ျပင္သစ္အသင္းနဲ႔အတူ ယူ႐ို ( ၂၀၂၀ ) ကေန ထြက္ခဲ့ရတဲ့အတြက္ အားလပ္ရက္ အနားယူလ်က္ရွိပါတယ္။ ယူႏိုက္တက္က ဗာရန္းကို ဆက္ထိန္းထားႏိုင္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္ ကစားသမားက အေတြ႕အႀကဳံသစ္ ရရွာေဖြဖို႔ ဆႏၵရွိေနတယ္လို႔ စပိန္သတင္းစာ Sport အရ သိရပါတယ္။

ဗာရန္းက လက္ရွိမွာ ဘာေနဗ်ဴးနဲ႔ စာခ်ဳပ္သက္တမ္း ( ၁ ) ႏွစ္သာ က်န္ရွိေတာ့ၿပီး ရီးရဲမက္ဒရစ္က လာမယ့္ရာသီမွာ သူ႔ကို အလြတ္ ‌ေျပာင္းေ႐ြ႕ခြင့္ျပဳရမယ့္ အလားအလာနဲ႔ ရင္ဆိုင္ေနရပါတယ္။