ယူရိုမှာ အီတလီအသင်းဗိုလ်စွဲမှာလား…

ယူရို-၂၀၂၀မှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယံကို ကွာတားဖိုင်နယ်မှာ အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့တဲ့ အီတလီအသင်းဟာ စစ်တမ်းတွေအရ ယူရိုချန်ပီယံဆုဆွတ်ခူးနိုင်ရေးက (၃၉%)အထိရှိနေပြီး ဒါက ကျန်တဲ့ပြိုင်ဘက်(၃)သင်းထက် ရာနှုန်းပိုများနေတာပဲဖြစ်ပါတယ်။

နည်းပြမန်စီနီလက်ထက်မှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတဲ့ အီတလီအသင်းဟာ ယူရို-၂၀၁၆ ခုနှစ်တုန်းက ကွာတားဖိုင်နယ်တက်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့တာကြောင့် ၁၉၆၈ ခုနှစ်နောက်ပိုင်း (၅၃)နှစ်ကြာဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့အခြေအနေကောင်းနေပါပြီ။

အီတလီအသင်းဟာ ယူရို-၂၀၀၀နဲ့ ယူရို-၂၀၁၂ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ပြင်သစ်၊ စပိန်တို့ကိုရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။

နည်းပြမန်စီနီလက်ထက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတုန်းက ပေါ်တူဂီနဲ့ကစားခဲ့တဲ့ UEFA Nations League အုပ်စုမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြိုင်ပွဲစုံ(၃၂)ပွဲဆက်ရှုံးပွဲမရှိသေးဘဲ အသင်းသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်တင်ခဲ့သလို (၁၃)ပွဲဆက်အနိုင်ရခဲ့တာကြောင့် သမိုင်းတစ်လျှောက် ပွဲဆက်အများဆုံးနိုင်ပွဲစံချိန်ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အီတလီအသင်းဟာ ဆီမီးဖိုင်နယ်ပွဲအဖြစ် ယူရိုချန်ပီယံ(၃)ကြိမ်ဖြစ်ခဲ့ဖူးတဲ့ စပိန်နဲ့ဆုံတွေ့မှာဖြစ်ပြီး ချန်ပီယံအိပ်မက်အတွက် စပိန်အသင်းကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

စပိန်နဲ့အီတလီတို့ဟာ ယူရို-၂၀၁၆ ရှုံးထွက်(၁၆)သင်းအဆင့်မှာလည်း ဆုံတွေ့ခဲ့ပြီး အဲဒီတုန်းက အီတလီအသင်းက (၂-ဝ)ဂိုးနဲ့အနိုင်ယူခဲ့ဖူးပါတယ်။

နာမည်ကျော် အားကစားစစ်တမ်းပြုစုရေးအဖွဲ့ဖြစ်တဲ့ Opta က ဆီမီးဖိုင်နယ်ရောက်(၄)သင်းရဲ့ ဗိုလ်စွဲနိုင်ခြေကို တွက်ချက်ခဲ့တာမှာတော့ အီတလီအသင်းက (၃၉%)နဲ့ အများဆုံးဖြစ်နေတာကြောင့် အီတလီအသင်း ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ယူရိုချန်ပီယံဆုကို ဆွတ်ခူးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

 

Zawgyi

ယူ႐ိုမွာ အီတလီအသင္းဗိုလ္စြဲဖို႔ (၃၉%) ဗိုလ္စြဲမွာလား…

ယူ႐ို-၂၀၂၀မွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံကို ကြာတားဖိုင္နယ္မွာ အႏိုင္ယူၿပီးေတာ့ ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့တဲ့ အီတလီအသင္းဟာ စစ္တမ္းေတြအရ ယူ႐ိုခ်န္ပီယံဆုဆြတ္ခူးႏိုင္ေရးက (၃၉%)အထိရွိေနၿပီး ဒါက က်န္တဲ့ၿပိဳင္ဘက္(၃)သင္းထက္ ရာႏႈန္းပိုမ်ားေနတာပဲျဖစ္ပါတယ္။

နည္းျပမန္စီနီလက္ထက္မွာ ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနတဲ့ အီတလီအသင္းဟာ ယူ႐ို-၂၀၁၆ ခုႏွစ္တုန္းက ကြာတားဖိုင္နယ္တက္ခဲ့ၿပီး အခုတစ္ႀကိမ္မွာေတာ့ ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့တာေၾကာင့္ ၁၉၆၈ ခုႏွစ္ေနာက္ပိုင္း (၅၃)ႏွစ္ၾကာေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ရယူႏိုင္ဖို႔အေျခအေနေကာင္းေနပါၿပီ။

အီတလီအသင္းဟာ ယူ႐ို-၂၀၀၀နဲ႔ ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲေတြမွာ ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း ျပင္သစ္၊ စပိန္တို႔ကိုရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါတယ္။

နည္းျပမန္စီနီလက္ထက္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလတုန္းက ေပၚတူဂီနဲ႔ကစားခဲ့တဲ့ UEFA Nations League အုပ္စုမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ၿပိဳင္ပြဲစုံ(၃၂)ပြဲဆက္ရႈံးပြဲမရွိေသးဘဲ အသင္းသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္တင္ခဲ့သလို (၁၃)ပြဲဆက္အႏိုင္ရခဲ့တာေၾကာင့္ သမိုင္းတစ္ေလွ်ာက္ ပြဲဆက္အမ်ားဆုံးႏိုင္ပြဲစံခ်ိန္ကိုပါ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အီတလီအသင္းဟာ ဆီမီးဖိုင္နယ္ပြဲအျဖစ္ ယူ႐ိုခ်န္ပီယံ(၃)ႀကိမ္ျဖစ္ခဲ့ဖူးတဲ့ စပိန္နဲ႔ဆုံေတြ႕မွာျဖစ္ၿပီး ခ်န္ပီယံအိပ္မက္အတြက္ စပိန္အသင္းကို ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။

စပိန္နဲ႔အီတလီတို႔ဟာ ယူ႐ို-၂၀၁၆ ရႈံးထြက္(၁၆)သင္းအဆင့္မွာလည္း ဆုံေတြ႕ခဲ့ၿပီး အဲဒီတုန္းက အီတလီအသင္းက (၂-ဝ)ဂိုးနဲ႔အႏိုင္ယူခဲ့ဖူးပါတယ္။

နာမည္ေက်ာ္ အားကစားစစ္တမ္းျပဳစုေရးအဖြဲ႕ျဖစ္တဲ့ Opta က ဆီမီးဖိုင္နယ္ေရာက္(၄)သင္းရဲ႕ ဗိုလ္စြဲႏိုင္ေျခကို တြက္ခ်က္ခဲ့တာမွာေတာ့ အီတလီအသင္းက (၃၉%)နဲ႔ အမ်ားဆုံးျဖစ္ေနတာေၾကာင့္ အီတလီအသင္း ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဒုတိယအႀကိမ္ေျမာက္ ယူ႐ိုခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။