ယူရိုမှာ ရွှေဖိနပ်ဆုအတွက် သွင်းဂိုးတူနေရင် ဘယ်လိုစည်းမျဉ်းတွေနဲ့ ရွေးချယ်လဲ

ဇွန်လ(၁၁)ရက်က စတင်ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဟာ အခုဆိုရင်ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် ပြိုင်ပွဲပြီးဆုံးဖို့က တဖြည်းဖြည်းနီးစပ်လာပါပြီ။ ဆီမီးဖိုင်နယ်အဆင့်ကို စပိန်-အီတလီ၊ ဒိန်းမတ်-အင်္ဂလန်တို့တက်ရောက်ခဲ့ပြီး စပိန်၊ အီတလီနဲ့ ဒိန်းမတ်အသင်းတို့က ချန်ပီယံဟောင်းတွေဖြစ်သလို နာမည်ကျော်ကစားသမားတွေပါဝင်နေတဲ့ အင်္ဂလန်အသင်းကလည်း ပထမဆုံးအကြိမ်ချန်ပီယံဆုရယူဖို့ ရေပန်းစားနေပါတယ်။

ယူရို-၂၀၂၀ မှာ ဘယ်အသင်းဗိုလ်စွဲမှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသလို သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို ဘယ်သူ ဆွတ်ခူးနိုင်မှာလဲဆိုတာ ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်ကြည့်နေတာပါ။ အခုလောလောဆယ် ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုနဲ့ ချက်အသင်းတိုက်စစ်မှူးပက်ထရစ်ရှစ်ခ်တို့က (၅)ဂိုးစီနဲ့ ထိပ်ဆုံးကဦးဆောင်နေပါတယ်။

သူတို့နှစ်ဦးရဲ့နောက်မှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူ၊ ပြင်သစ်အသင်းတိုက်စစ်မှူးဘန်ဇီမာနဲ့ ဆွီဒင်တိုက်စစ်ကစားသမားဖော့စ်ဘတ်တို့က (၄)ဂိုးစီနဲ့ရှိနေပေမယ့် ဒီကစားသမားတွေအားလုံးရဲ့ အသင်းတွေဟာ ပြိုင်ပွဲကထွက်သွားရပြီဖြစ်လို့ ဆီမီးဖိုင်နယ်အဆင့်ရောက်နေတဲ့အသင်းက ကစားသမားတွေအတွက် ရွှေဖိနပ်ဆုရဖို့ မျှော်လင့်ချက်ရှိနေပါပြီ။ အခုလောလောဆယ် အင်္ဂလန်အသင်းတိုက်စစ်မှူးဟယ်ရီကိန်းနဲ့ တောင်ပံကစားသမားစတာလင်တို့ဟာ (၃)ဂိုးစီသွင်းထားလု့ိ ဒီဆုအတွက် မျှော်လင့်ချက်အကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

အထူးသဖြင့် ဂျာမနီအသင်းနဲ့ပွဲမှာ ဂိုးပေါက်တွေ့ခဲ့တဲ့ ဟယ်ရီကိန်းဟာ နှစ်ပွဲဆက်တိုက်ဂိုးမြူးနေလို့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရခဲ့သလို အခု ယူရိုပြိုင်ပွဲမှာလည်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီနေရာမှာ ကစားသမားတွေ သွင်းဂိုးတူနေရင် ရွှေဖိနပ်ဆုအတွက် ဘယ်လိုစည်းမျဉ်းတွေနဲ့ ဆုံးဖြတ်မလဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးချင်ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ၂၀၀၈ ခုနှစ်မတိုင်ခင်အထိ သွင်းဂိုးတူနေရင် ကစားသမားအကုန်လုံးကို ပူးတွဲအဖြစ်သတ်မှတ်ခဲ့ပေမယ့် ယူရို-၂၀၀၈ ပြိုင်ပွဲကစလို့ ကစားသမားတွေသွင်းဂိုးတူညီနေရင် ဂိုးဖန်တီးမှုပိုများတဲ့သူ၊ တကယ်လို့ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုပါတူညီနေရင် မိနစ်အနည်းဆုံးကစားတဲ့သူကို ရွှေဖိနပ်ဆုအတွက် ရွေးချယ်ဆုချီးမြင်ခဲ့ပါတယ်။

ယူရို-၂၀၁၂ ပြိုင်ပွဲတုန်းက ရွှေဖိနပ်ဆုအတွက် စီရော်နယ်လ်ဒို၊ တောရက်စ်၊ မန်ဇူကစ်၊ ဘာလိုတယ်လီ၊ မာရီယိုဂိုးမက်ဇ်တို့အပါအဝင် ကစားသမား(၆)ဦးဟာ သွင်းဂိုး(၃)ဂိုးစီနဲ့အပြိုင်ဖြစ်ခဲ့ပြီး တောရက်စ်နဲ့ မာရီယိုဂိုးမက်ဇ်တို့ဟာ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်စီတူညီနေပေမယ့် တောရက်စ်က (၁၈၉)မိနစ်ကစားပြီးတော့ မာရီယိုဂိုးမက်ဇ်က (၂၈၂)မိနစ်ကစားခဲ့လို့ ရွှေဖိနပ်ဆုကို တောရက်စ် ရရှိခဲ့ပါတယ်။

အခု ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအပြီးအထိ စီရော်နယ်လ်ဒိုနဲ့ ပက်ထရစ်ရှစ်ခ်တို့ (၅)ဂိုးစီအပြိုင်ဖြစ်နေတုန်းပဲဆိုရင်တော့ စီရော်နယ်လ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ်လုပ်ထားပြီး ပက်ထရစ်ရှစ်ခ်က တစ်ကြိမ်မှမရှိတာကြောင့် စီရော်နယ်လ်ဒိုဟာ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်မှာပဲဖြစ်ပါတယ်။

zawgyi

ယူ႐ိုမွာ ေ႐ႊဖိနပ္ဆုအတြက္ သြင္းဂိုးတူေနရင္ ဘယ္လိုစည္းမ်ဥ္းေတြနဲ႔ ေ႐ြးခ်ယ္လဲ

ဇြန္လ(၁၁)ရက္က စတင္က်င္းပခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဟာ အခုဆိုရင္ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ ၿပိဳင္ပြဲၿပီးဆုံးဖို႔က တျဖည္းျဖည္းနီးစပ္လာပါၿပီ။ ဆီမီးဖိုင္နယ္အဆင့္ကို စပိန္-အီတလီ၊ ဒိန္းမတ္-အဂၤလန္တို႔တက္ေရာက္ခဲ့ၿပီး စပိန္၊ အီတလီနဲ႔ ဒိန္းမတ္အသင္းတို႔က ခ်န္ပီယံေဟာင္းေတြျဖစ္သလို နာမည္ေက်ာ္ကစားသမားေတြပါဝင္ေနတဲ့ အဂၤလန္အသင္းကလည္း ပထမဆုံးအႀကိမ္ခ်န္ပီယံဆုရယူဖို႔ ေရပန္းစားေနပါတယ္။

ယူ႐ို-၂၀၂၀ မွာ ဘယ္အသင္းဗိုလ္စြဲမွာလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနသလို သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုကို ဘယ္သူ ဆြတ္ခူးႏိုင္မွာလဲဆိုတာ ပရိသတ္ေတြ ရင္ခုန္စြာနဲ႔ေစာင့္ၾကည့္ေနတာပါ။ အခုေလာေလာဆယ္ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုနဲ႔ ခ်က္အသင္းတိုက္စစ္မႉးပက္ထရစ္ရွစ္ခ္တို႔က (၅)ဂိုးစီနဲ႔ ထိပ္ဆုံးကဦးေဆာင္ေနပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ေနာက္မွာ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူ၊ ျပင္သစ္အသင္းတိုက္စစ္မႉးဘန္ဇီမာနဲ႔ ဆြီဒင္တိုက္စစ္ကစားသမားေဖာ့စ္ဘတ္တို႔က (၄)ဂိုးစီနဲ႔ရွိေနေပမယ့္ ဒီကစားသမားေတြအားလုံးရဲ႕ အသင္းေတြဟာ ၿပိဳင္ပြဲကထြက္သြားရၿပီျဖစ္လို႔ ဆီမီးဖိုင္နယ္အဆင့္ေရာက္ေနတဲ့အသင္းက ကစားသမားေတြအတြက္ ေ႐ႊဖိနပ္ဆုရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ အခုေလာေလာဆယ္ အဂၤလန္အသင္းတိုက္စစ္မႉးဟယ္ရီကိန္းနဲ႔ ေတာင္ပံကစားသမားစတာလင္တို႔ဟာ (၃)ဂိုးစီသြင္းထားလု႔ိ ဒီဆုအတြက္ ေမွ်ာ္လင့္ခ်က္အေကာင္းဆုံးအျဖစ္ ရပ္တည္ေနပါတယ္။

အထူးသျဖင့္ ဂ်ာမနီအသင္းနဲ႔ပြဲမွာ ဂိုးေပါက္ေတြ႕ခဲ့တဲ့ ဟယ္ရီကိန္းဟာ ႏွစ္ပြဲဆက္တိုက္ဂိုးျမဴးေနလို႔ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆုရခဲ့သလို အခု ယူ႐ိုၿပိဳင္ပြဲမွာလည္း သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ဒီေနရာမွာ ကစားသမားေတြ သြင္းဂိုးတူေနရင္ ေ႐ႊဖိနပ္ဆုအတြက္ ဘယ္လိုစည္းမ်ဥ္းေတြနဲ႔ ဆုံးျဖတ္မလဲဆိုတာ ပရိသတ္ေတြ သိရွိႏိုင္ေအာင္ ေဖာ္ျပေပးခ်င္ပါတယ္။

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ ၂၀၀၈ ခုႏွစ္မတိုင္ခင္အထိ သြင္းဂိုးတူေနရင္ ကစားသမားအကုန္လုံးကို ပူးတြဲအျဖစ္သတ္မွတ္ခဲ့ေပမယ့္ ယူ႐ို-၂၀၀၈ ၿပိဳင္ပြဲကစလို႔ ကစားသမားေတြသြင္းဂိုးတူညီေနရင္ ဂိုးဖန္တီးမႈပိုမ်ားတဲ့သူ၊ တကယ္လို႔ သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈပါတူညီေနရင္ မိနစ္အနည္းဆုံးကစားတဲ့သူကို ေ႐ႊဖိနပ္ဆုအတြက္ ေ႐ြးခ်ယ္ဆုခ်ီးျမင္ခဲ့ပါတယ္။

ယူ႐ို-၂၀၁၂ ၿပိဳင္ပြဲတုန္းက ေ႐ႊဖိနပ္ဆုအတြက္ စီေရာ္နယ္လ္ဒို၊ ေတာရက္စ္၊ မန္ဇူကစ္၊ ဘာလိုတယ္လီ၊ မာရီယိုဂိုးမက္ဇ္တို႔အပါအဝင္ ကစားသမား(၆)ဦးဟာ သြင္းဂိုး(၃)ဂိုးစီနဲ႔အၿပိဳင္ျဖစ္ခဲ့ၿပီး ေတာရက္စ္နဲ႔ မာရီယိုဂိုးမက္ဇ္တို႔ဟာ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္စီတူညီေနေပမယ့္ ေတာရက္စ္က (၁၈၉)မိနစ္ကစားၿပီးေတာ့ မာရီယိုဂိုးမက္ဇ္က (၂၈၂)မိနစ္ကစားခဲ့လို႔ ေ႐ႊဖိနပ္ဆုကို ေတာရက္စ္ ရရွိခဲ့ပါတယ္။ အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအၿပီးအထိ စီေရာ္နယ္လ္ဒိုနဲ႔ ပက္ထရစ္ရွစ္ခ္တို႔ (၅)ဂိုးစီအၿပိဳင္ျဖစ္ေနတုန္းပဲဆိုရင္ေတာ့ စီေရာ္နယ္လ္ဒိုက ဂိုးဖန္တီးမႈတစ္ႀကိမ္လုပ္ထားၿပီး ပက္ထရစ္ရွစ္ခ္က တစ္ႀကိမ္မွမရွိတာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ သြင္းဂိုးအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ဆြတ္ခူးႏိုင္မွာပဲျဖစ္ပါတယ္။