ယူနိုက်တက်ရဲ့ အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားက ဝှက်ဖဲတစ်ချပ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ကွာဟမှုမရှိစေဖို့ ကစားသမားသစ် ခေါ်ယူမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ သရဲနီတို့က ပြီးခဲ့တဲ့ ရာသီမှာ အမှတ်ပေးဇယားထိပ်က အသင်းနဲ့ ( ၁၂ ) မှတ်ကွာဟခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ဂျေဒန် ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ပေါင် ( ၇၂.၉ ) သန်းနဲ့ စောစီးစွာ ခေါ်ယူခဲ့တာတွေ့ရပါတယ်။

အင်္ဂလန် တောင်ပံ ကစားသမားက ယူရို ( ၂၀၂၀ ) ပြီးဆုံးချိန်မှာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းဖို့ ရှိပြီး မားကတ် ရက်ဖို့ဒ် ၊ ဘရူနို ဖာနန်ဒက်စ်၊ အန်သိုနီ မာရှယ် ၊ မေဆန်ဂရင်းဝုဒ် နှင့် အက်ဒီဆင် ကာဗာနီတို့ ပါဝင်တဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းပေးပါလိမ့်မယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီ ကုန်ဆုံးခါနီး ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပဲ အာရုံစိုက်နေချိန် လူငယ်ကစားသမားတစ်ဦးက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဆွီဒင် လူငယ်တိုက်စစ်မှူး အန်သိုနီ အီလန်ဂါဟာ ယူနိုက်တက် က ၅ ) ရက်အတွင်း ( ၃ ) ပွဲထိ ကစားရဖို့ရှိနေချိန်မှာ စီနီယာအသင်းနဲ့အတူ စတင်ပူးပေါင်းခွင့်ရခဲ့ပြီး လက်စတာစီးတီးနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

သူက ဘယ်ခြမ်းမှာ ကစားခွင့်ရခဲ့ပြီး တန်ပြန်တိုက်စစ်ဆင်ရာမှာ သူ့ရဲ့ အမြန်နှုန်းကို ကောင်းစွာအသုံးချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတစ်သင်းကို အပြောင်းအလဲ များစွာပြုလုပ်ထားတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့် အီလန်ဂါအနေနဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဝုဗ်နဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာတော့ ညာခြမ်းမှာ ကစားခွင့်ရခဲ့ပါတယ်။ သူက အပြင်ကနေ အထဲကို အန္တရာယ်ရှိတဲ့ ပြေးလွှားမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်ပြီး ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ယခုရာသီမှာ ပြီးခဲ့တဲ့ရာသီအစကထက် အရံအင်းအား ပိုမိုတောင်တင်းတဲ့တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားက ဝှက်ဖဲတစ်ချပ် ဖြစ်လာနိုင်ပါတယ်။

လင်ဂတ်က ဝက်စ်ဟမ်းအသင်းထံ အပြီးသတ်ပြောင်းရွေ့ဖို့ သေချာလုနီးပါးဖြစ်နေသလို ဂျိမ်းစ်ကလည်း ကစားခွင့်ပျောက်ဆုံးနေတဲ့အတွက် အသင်းပြောင်းရွေ့ဖို့ ပြင်ဆင်နေပြီး ဘရိုက်တန်အသင်းက စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒါတွေက အီလန်ဂါအတွက် ဖြည့်ဆည်းနိုင်မယ့် နေရာလွတ်တွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

သူ့အနေနဲ့ ပရီးမီးယားလိဂ် နှင့် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ပုံမှန်ကစားခွင့်ရဖို့ မရှိပေမယ့် လိဂ်ဖလားပွဲစဉ်တွေ နှင့် အဓိက ကစားသမားတွေကို အနားပေးချိန်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသခွင့်ရပါလိမ့်မယ်။

zawgyi

ယူႏိုက္တက္ရဲ႕ အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ ကစားသမားက ဝွက္ဖဲတစ္ခ်ပ္

မန္ခ်က္စတာ ယူႏိုက္္တက္အသင္းဟာ လာမယ့္ရာသီမွာ မန္ခ်က္စတာ စီးတီးအသင္းနဲ႔ ကြာဟမႈမရွိေစဖို႔ ကစားသမားသစ္ ေခၚယူမႈေတြ စတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ သရဲနီတို႔က ၿပီးခဲ့တဲ့ ရာသီမွာ အမွတ္ေပးဇယားထိပ္က အသင္းနဲ႔ ( ၁၂ ) မွတ္ကြာဟခဲ့ၿပီး ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာ ဗီလာရီးရဲအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရွံုးနိမ့္ခဲ့ရပါတယ္။ ဒါေၾကာင့္ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းကေန ေပါင္ ( ၇၂.၉ ) သန္းနဲ႔ ေစာစီးစြာ ေခၚယူခဲ့တာေတြ႕ရပါတယ္။

အဂၤလန္ ေတာင္ပံ ကစားသမားက ယူ႐ို ( ၂၀၂၀ ) ၿပီးဆုံးခ်ိန္မွာ ယူႏိုက္တက္နဲ႔ လာေရာက္ပူးေပါင္းဖို႔ ရွိၿပီး မားကတ္ ရက္ဖို႔ဒ္ ၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ အန္သိုနီ မာရွယ္ ၊ ေမဆန္ဂရင္းဝုဒ္ ႏွင့္ အက္ဒီဆင္ ကာဗာနီတို႔ ပါဝင္တဲ့ တိုက္စစ္ကို အင္အားျဖည့္တင္းေပးပါလိမ့္မယ္။

ယူႏိုက္တက္က ၿပီးခဲ့တဲ့ ရာသီ ကုန္ဆုံးခါနီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုပဲ အာ႐ုံစိုက္ေနခ်ိန္ လူငယ္ကစားသမားတစ္ဦးက အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ႏိုင္ခဲ့ပါတယ္။ ဆြီဒင္ လူငယ္တိုက္စစ္မႉး အန္သိုနီ အီလန္ဂါဟာ ယူႏိုက္တက္ က ၅ ) ရက္အတြင္း ( ၃ ) ပြဲထိ ကစားရဖို႔ရွိေနခ်ိန္မွာ စီနီယာအသင္းနဲ႔အတူ စတင္ပူးေပါင္းခြင့္ရခဲ့ၿပီး လက္စတာစီးတီးနဲ႔ပြဲစဥ္မွာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ သူက ဘယ္ျခမ္းမွာ ကစားခြင့္ရခဲ့ၿပီး တန္ျပန္တိုက္စစ္ဆင္ရာမွာ သူ႔ရဲ႕ အျမန္ႏႈန္းကို ေကာင္းစြာအသုံးခ်ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးတစ္သင္းကို အေျပာင္းအလဲ မ်ားစြာျပဳလုပ္ထားတဲ့ အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာေၾကာင့္ အီလန္ဂါအေနနဲ႔ ႐ုန္းကန္ခဲ့ရပါတယ္။

ဝုဗ္နဲ႔ ရာသီေနာက္ဆုံးပြဲစဥ္မွာေတာ့ ညာျခမ္းမွာ ကစားခြင့္ရခဲ့ပါတယ္။ သူက အျပင္ကေန အထဲကို အႏၲရာယ္ရွိတဲ့ ေျပးလႊားမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကေန ေခါင္းတိုက္သြင္းဂိုး ရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ယူႏိုက္တက္က ယခုရာသီမွာ ၿပီးခဲ့တဲ့ရာသီအစကထက္ အရံအင္းအား ပိုမိုေတာင္တင္းတဲ့တိုက္စစ္ကို ပိုင္ဆိုင္ထားၿပီး အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ ကစားသမားက ဝွက္ဖဲတစ္ခ်ပ္ ျဖစ္လာႏိုင္ပါတယ္။

လင္ဂတ္က ဝက္စ္ဟမ္းအသင္းထံ အၿပီးသတ္ေျပာင္းေ႐ြ႕ဖို႔ ေသခ်ာလုနီးပါးျဖစ္ေနသလို ဂ်ိမ္းစ္ကလည္း ကစားခြင့္ေပ်ာက္ဆုံးေနတဲ့အတြက္ အသင္းေျပာင္းေ႐ြ႕ဖို႔ ျပင္ဆင္ေနၿပီး ဘ႐ိုက္တန္အသင္းက စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ ဒါေတြက အီလန္ဂါအတြက္ ျဖည့္ဆည္းႏိုင္မယ့္ ေနရာလြတ္ေတြ ျဖစ္ေပၚေစပါလိမ့္မယ္။

သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ ႏွင့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြမွာ ပုံမွန္ကစားခြင့္ရဖို႔ မရွိေပမယ့္ လိဂ္ဖလားပြဲစဥ္ေတြ ႏွင့္ အဓိက ကစားသမားေတြကို အနားေပးခ်ိန္ေတြမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျပသခြင့္ရပါလိမ့္မယ္။