ယူနိုက်တက်ကစားသမားနှစ်ဦး ပုံဖော်ပေးခဲ့တဲ့ အင်္ဂလန်ရဲ့နိုင်ပွဲ

နာမည်ကျော်အင်္ဂလန်အသင်းကတော့ ယူရို-၂၀၂၀ ကွာတားဖိုင်နယ်မှာ ယူကရိန်းအသင်းကို (၄)ဂိုးပြတ်အနိုင်ယူပြီး ယူရို-၁၉၉၆ နောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့တဲ့
ဆန်ချိုဟာ အခုပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို သူ့ကြောင့် ယူကရိန်းခံစစ်ကစားသမားတွေအလုပ်ရှုပ်ခဲ့ရပါတယ်။

ယူကရိန်းနဲ့ပွဲမှာ ထူးခြားတာက အင်္ဂလန်အသင်းသွင်းယူခဲ့တဲ့ (၄)ဂိုးထဲက (၃)ဂိုးက ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး ယူနိုက်တက်ခံစစ်ကစားသမားတွေဖြစ်တဲ့ လုခ်ရှောနဲ့မက်ဂွိုင်းယားတို့က အင်္ဂလန်အသင်းရဲ့ဂိုးပြတ်နိုင်ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီကတည်းက တောက်လျှောက်ခြေတက်လာတဲ့ လုခ်ရှောဟာ အခုယူရိုပြိုင်ပွဲမှာလည်း အကောင်းဆုံးပုံစံဆက်ပြနေဆဲဖြစ်သလို ယူကရိန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစလို့ (၄၆)မိနစ်မှာ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးက လုခ်ရှောဖန်တီးပေးခဲ့တာဖြစ်လို့ ယူနိုက်တက်ကစားသမားနှစ်ဦးရဲ့အတွဲအဖက်ကနေ အင်္ဂလန်အသင်းဂိုးရခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် လုခ်ရှောဟာ မိနစ်(၅၀)မှာလည်း ဟယ်ရီကိန်း ခေါင်းတိုက်သွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။
မကြာသေးခင်က လုခ်ရှောရဲ့ Set Piece ကန်တင်တဲ့အရည်အသွေးကို ဝေဖန်ခဲ့သူ ယူနိုက်တက်နည်းပြဟောင်းမော်ရင်ဟိုကတော့

ဒီပွဲကြည့်ပြီးရင် လုခ်ရှောကို ဝေဖန်မိတဲ့အပေါ် နောင်တရနေလောက်ပါပြီ။

ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ မက်ဂွိုင်းယား၊ ယူနိုက်တက်ကစားသမားသစ် ဆန်ချိုတို့အားလုံး ခြေစွမ်းပြခဲ့ပြီး ဒုတိယပိုင်းမှ လူစားဝင်ကစားတဲ့ ရပ်ရှ်ဖို့ဒ်လည်း ထိုက်သင့်တဲ့စွမ်းဆောင်ရည်မျိုးပြသခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ယူနိုက်တက်အသင်းက ကစားသမား(၃)ဦး(ဆန်ချိုအပါအဝင်ဆို ၄ဦး)
ပါဝင်ကစားနေပြီး ဒီကစားသမားတွေဟာ အင်္ဂလန်အသင်းရဲ့ ပထမဆုံးအကြိမ်ယူရိုချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . .

 

Zawgyi

ယူႏိုက္တက္ကစားသမားႏွစ္ဦး ပုံေဖာ္ေပးခဲ့တဲ့ အဂၤလန္ရဲ႕ႏိုင္ပြဲ

နာမည္ေက်ာ္အဂၤလန္အသင္းကေတာ့ ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္မွာ ယူကရိန္းအသင္းကို (၄)ဂိုးျပတ္အႏိုင္ယူၿပီး ယူ႐ို-၁၉၉၆ ေနာက္ပိုင္းေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့ပါၿပီ။

ၿပီးခဲ့တဲ့ရက္ပိုင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔သေဘာတူညီမႈရခဲ့တဲ့

ဆန္ခ်ိဳဟာ အခုပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့သလို သူ႔ေၾကာင့္ ယူကရိန္းခံစစ္ကစားသမားေတြအလုပ္ရႈပ္ခဲ့ရပါတယ္။

ယူကရိန္းနဲ႔ပြဲမွာ ထူးျခားတာက အဂၤလန္အသင္းသြင္းယူခဲ့တဲ့ (၄)ဂိုးထဲက (၃)ဂိုးက ေခါင္းတိုက္သြင္းခဲ့တာျဖစ္ၿပီး ယူႏိုက္တက္ခံစစ္ကစားသမားေတြျဖစ္တဲ့ လုခ္ေရွာနဲ႔မက္ဂြိဳင္းယားတို႔က အဂၤလန္အသင္းရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကူညီေပးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ရာသီကတည္းက ေတာက္ေလွ်ာက္ေျခတက္လာတဲ့ လုခ္ေရွာဟာ အခုယူ႐ိုၿပိဳင္ပြဲမွာလည္း အေကာင္းဆုံးပုံစံဆက္ျပေနဆဲျဖစ္သလို ယူကရိန္းနဲ႔ပြဲမွာ ဂိုးဖန္တီးမႈႏွစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစလို႔ (၄၆)မိနစ္မွာ မက္ဂြိဳင္းယားရဲ႕ ေခါင္းတိုက္သြင္းဂိုးက လုခ္ေရွာဖန္တီးေပးခဲ့တာျဖစ္လို႔ ယူႏိုက္တက္ကစားသမားႏွစ္ဦးရဲ႕အတြဲအဖက္ကေန အဂၤလန္အသင္းဂိုးရခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ လုခ္ေရွာဟာ မိနစ္(၅၀)မွာလည္း ဟယ္ရီကိန္း ေခါင္းတိုက္သြင္းႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။
မၾကာေသးခင္က လုခ္ေရွာရဲ႕ Set Piece ကန္တင္တဲ့အရည္အေသြးကို ေဝဖန္ခဲ့သူ ယူႏိုက္တက္နည္းျပေဟာင္းေမာ္ရင္ဟိုကေတာ့ ဒီပြဲၾကည့္ၿပီးရင္ လုခ္ေရွာကို ေဝဖန္မိတဲ့အေပၚ ေနာင္တရေနေလာက္ပါၿပီ။

ဒီပြဲမွာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ လုခ္ေရွာ၊ မက္ဂြိဳင္းယား၊ ယူႏိုက္တက္ကစားသမားသစ္ ဆန္ခ်ိဳတို႔အားလုံး ေျခစြမ္းျပခဲ့ၿပီး ဒုတိယပိုင္းမွ လူစားဝင္ကစားတဲ့ ရပ္ရွ္ဖို႔ဒ္လည္း ထိုက္သင့္တဲ့စြမ္းေဆာင္ရည္မ်ိဳးျပသခဲ့ပါတယ္။

အဂၤလန္အသင္းမွာ ယူႏိုက္တက္အသင္းက ကစားသမား(၃)ဦး(ဆန္ခ်ိဳအပါအဝင္ဆို ၄ဦး)
ပါဝင္ကစားေနၿပီး ဒီကစားသမားေတြဟာ အဂၤလန္အသင္းရဲ႕ ပထမဆုံးအႀကိမ္ယူ႐ိုခ်န္ပီယံျဖစ္ေရး ေမွ်ာ္လင့္ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ စြမ္းေဆာင္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . .