မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ ဂန္တဝင်ကစားသမားကြီး ရော်ဘတ်တို ကားလို့စ်ရဲ့ အသိအမှတ်ပြု

အင်္ဂလန်အသင်းနဲ့အတူ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲ မှာ ခြေစွမ်းပြနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ ဂန္တဝင်ကစားသမားကြီး ရော်ဘတ်တို ကားလို့စ်ရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

( ၂၀၂၀ ) ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးလ် လက်ရွေးစင်ဟောင်းဟာ ရှောရဲ့ အောင်ပွဲခံနေတဲ့ အင်စတာဂရမ်ပို့စ်အောက်မှာ လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေနဲ့အတူ မန်ယူနိုက်တက်ကစားသမားကို ဂုဏ်ပြုအားပေးခဲ့တာတွေ့ရပါတယ်။

ယူကရိန်းကို ( ၄-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု ( ၂ ) ကြိမ် စွမ်းဆောင်ပေးခဲ့တဲ့ ယူနိုက်တက်ဘယ်နောက်ခံလူရဲ့ ပို့စ်အောက်မှာ ဟယ်ရီ မက်ဂွဲယား နှင့် အဲလက် တဲလက် တို့ကလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။ ဟယ်ရီ မက်ဂွဲယားက လုခ်ရှောရဲ့ ဖရီးကစ် ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ယူနိုက်တက် ပရိသတ်အချို့ကို ရှောကို ချစ်စနိုးနဲ့ “ရှောဘတ်တို ကားလို့စ်”ဟု ခေါ်တွင်လေ့ရှိကြပြီး သူက ဘရားဇီးလက်ရွေးစင်ဟောင်းအပေါ် ရိုသေလေးစားမှုအပြည့်ရှိကြောင်းယခင်က ပြောဆိုဖူးပါတယ်။

ရှောက ယခုနှစ် အစောပိုင်းမှာ ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဆိုဒ်နဲ့ အင်တာဗျူးတစ်ခုအတွင်း “ ကျွန်တော့်ကို သူ ( ရော်ဘတ်တို ကားလို့စ်) နဲ့ နှိုင်းယှဉ်လို့ မသင့်ပါဘူး ။ သူက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ ။” လို့ ပြောကြားခဲ့ဖူးပါတယ်။

ရှောက ရော်ဘတ်တို ကားလို့စ်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်သူဖြစ်ပြီး ကွာတားဖိုင်နယ် နိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အခွင့်အရေး ( ၃ ) ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး လုခ်ရှောက အင်္ဂလန်အသင်းကို လက်ရှိပြိုင်ပွဲမှာ ပွဲစဉ်တိုင်း ပေးဂိုးမရှိအောင်ကူညီပေးထားတဲ့အတွက် ရော်ဘတ်တို ကားလို့စ် သတိထားမိလာတာက အံ့သြစရာတော့ မဟုတ်ပါဘူး ။

zawgyi







