ဒိန်းမတ်က ယူကရိန်းထက်ပိုကောင်းတဲ့အသင်းဖြစ်လို့ အခက်တွေ့စေမယ်လို့ အင်္ဂလန်ကို သတိပေးတဲ့ မော်ကြီး

အင်္ဂလန် အသင်းဟာ မနေ့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ကွာတား ဖိုင်နယ် ပွဲစဉ် မှာ ယူကရိန်း အသင်းကို အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်းသွား ခဲ့ပါတယ်။ အဲဒါဟာ ၁၉၉၆ ယူရို ပြိုင်ပွဲ နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန် အသင်းအနေနဲ့ ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ဖို့လည်း ရေပန်းစား နေခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ဒိန်းမတ်အသင်းနဲ့ရင်ဆိုင်ရမှာက အင်္ဂလန်အတွက် လွယ်ကူမှာမဟုတ်ဘူးလို့ ရိုးမားနည်းပြသစ် မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ နည်းပြ မော်ရင်ဟိုက ဆောက်ဂိတ်ရဲ့အသင်းကစားပုံအပေါ် တော်တော်လေးအထင်ကြီးနေပေမယ့်လည်း အခုလိုသတိပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လက်ရှိအချိန်ထိ ပေးဂိုးမရှိအောင် ကစားထားနိုင်ဆဲဖြစ်ပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဒါပေမယ့်နည်းပြ မော်ရင်ဟိုက ဒိန်းမတ်အသင်းရဲ့ကစားပုံကလည်း တော်တော်လေးကို အထင်ကြီးလေးစားဖွယ်ရာကောင်းနေလို့ အင်္ဂလန် အတွက် အန္တရာယ်ရှိတဲ့အနေအထားမှာရှိနေတယ်ဆိုပြီး သတိပေးပြောဆိုတာ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုက “ဒိန်းမတ်အသင်းရဲ့ အနေအထားက အရမ်းကျစ်လစ်ပါတယ်။ သူတို့က အဲရစ်ဆန်ကို နံပါတ် ၁၀ နေရာမှာထားပြီး နောက်တန်းလေးယောက်ထားကစားခဲ့ပါတယ်။ အခုတော့ သူတို့က သုံးယောက်တန်းခံစစ်နဲ့ကစားနေပြီး၊ ကစားသမားကောင်းတွေရဲ့ အတွေ့အကြုံနဲ့ ကစားနေတာဖြစ်ပါတယ်”

“အဲရစ်ဆန် ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါက သပ်သပ်ပါ။ ဒိန်းမတ်ကအင်္ဂလန်အတွက် ခက်ခဲမယ်လို့ ကျွန်တော်ကတော့ထင်ပါတယ်။ ကျွန်တော်အရင်ကပြောခဲ့တာရှိပါတယ်။ အင်္ဂလန်အတွက် ဗိုလ်လုပွဲသွားရာလမ်းကြောင်းက လွယ်ကူနိုင်တယ်ဆိုပြီးတော့လေ။ တကယ်လည်း အင်္ဂလန် အနေအထားကိုကြည့်မယ်ဆိုရင် အဆင်ချောပါတယ်။ ဒဏ်ရာရကစားသမား၊ ပွဲပယ်ကိစ္စတွေလည်းမရှိပါဘူး။ ဒါပေမယ့် ဒိန်းမတ်က ယူကရိန်းထက်ပိုကောင်းတဲ့အသင်းဖြစ်လို့ အင်္ဂလန်အတွက် အခက်တွေ့စေမယ်လို့ မြင်တာပါ” ဆိုပြီး ပြောဆိုပါတယ်။

zawgyi

ဒိန္းမတ္က ယူကရိန္းထက္ပိုေကာင္းတဲ့အသင္းျဖစ္လို႔ အခက္ေတြ႕ေစမယ္လို႔ အဂၤလန္ကို သတိ​ေပးတဲ့ ​ေမာ္ႀကီး

အဂၤလန္ အသင္းဟာ မေန႔ ညက ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ကြာတား ဖိုင္နယ္ ပြဲစဥ္ မွာ ယူကရိန္း အသင္းကို အႏိုင္ ကစားၿပီး ဆီမီး ဖိုင္နယ္ အဆင့္ကို တက္လွမ္းသြား ခဲ့ပါတယ္။ အဲဒါဟာ ၁၉၉၆ ယူ႐ို ၿပိဳင္ပြဲ ေနာက္ပိုင္းမွာ ပထမဆုံး အႀကိမ္ အျဖစ္ ဆီမီး ဖိုင္နယ္ အဆင့္ကို တက္လွမ္း ႏိုင္ခဲ့တာ ျဖစ္ၿပီး အဂၤလန္ အသင္းအ​ေနနဲ႔ ဗိုလ္လုပြဲ အထိ တက္ေရာက္ ႏိုင္ဖို႔လည္း ေရပန္းစား ေနခဲ့ပါတယ္။

ဆီမီးဖိုင္နယ္အဆင့္မွာ ဒိန္းမတ္အသင္းနဲ႔ရင္ဆိုင္ရမွာက အဂၤလန္အတြက္ လြယ္ကူမွာမဟုတ္ဘူးလို႔ ႐ိုးမားနည္းျပသစ္ ေမာ္ရင္ဟိုက ေျပာဆိုလိုက္ပါတယ္။ နည္းျပ ေမာ္ရင္ဟိုက ေဆာက္ဂိတ္ရဲ႕အသင္းကစားပုံအေပၚ ေတာ္ေတာ္ေလးအထင္ႀကီးေနေပမယ့္လည္း အခုလိုသတိေပးခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ လက္ရွိအခ်ိန္ထိ ေပးဂိုးမရွိေအာင္ ကစားထားႏိုင္ဆဲျဖစ္ၿပီး ေျခစြမ္းျပေနတာျဖစ္ပါတယ္။ ဒါေပမယ့္နည္းျပ ေမာ္ရင္ဟိုက ဒိန္းမတ္အသင္းရဲ႕ကစားပုံကလည္း ေတာ္ေတာ္ေလးကို အထင္ႀကီးေလးစားဖြယ္ရာေကာင္းေနလို႔ အဂၤလန္ အတြက္ အႏၲရာယ္ရွိတဲ့အေနအထားမွာရွိေနတယ္ဆိုၿပီး သတိေပးေျပာဆိုတာ ျဖစ္ပါတယ္။

နည္းျပ ​​ေမာ္ရင္ဟိုက “ဒိန္းမတ္အသင္းရဲ႕ အ​ေနအထားက အရမ္းက်စ္လစ္ပါတယ္။ သူတို႔က အဲရစ္ဆန္ကို နံပါတ္ ၁၀ ေနရာမွာထားၿပီး ေနာက္တန္းေလးေယာက္ထားကစားခဲ့ပါတယ္။ အခုေတာ့ သူတို႔က သုံးေယာက္တန္းခံစစ္နဲ႔ကစားေနၿပီး၊ ကစားသမားေကာင္းေတြရဲ႕ အေတြ႕အႀကဳံနဲ႔ ကစားေနတာျဖစ္ပါတယ္”

“အဲရစ္ဆန္ ဘယ္လိုပဲျဖစ္ခဲ့ျဖစ္ခဲ့ အဲဒါက သပ္သပ္ပါ။ ဒိန္းမတ္ကအဂၤလန္အတြက္ ခက္ခဲမယ္လို႔ ကြၽန္ေတာ္ကေတာ့ထင္ပါတယ္။ ကြၽန္ေတာ္အရင္ကေျပာခဲ့တာရွိပါတယ္။ အဂၤလန္အတြက္ ဗိုလ္လုပြဲသြားရာလမ္းေၾကာင္းက လြယ္ကူႏိုင္တယ္ဆိုၿပီး​ေတာ့​ေလ။ တကယ္လည္း အဂၤလန္ အ​ေနအထားကိုၾကည့္မယ္ဆိုရင္ အဆင္​ေခ်ာပါတယ္။ ဒဏ္ရာရကစားသမား၊ ပြဲပယ္ကိစၥေတြလည္းမရွိပါဘူး။ ဒါေပမယ့္ ဒိန္းမတ္က ယူကရိန္းထက္ပိုေကာင္းတဲ့အသင္းျဖစ္လို႔ အဂၤလန္အတြက္ အခက္ေတြ႕ေစမယ္လို႔ ျမင္တာပါ” ဆိုၿပီး ေျပာဆိုပါတယ္။