ဆန်ချိုရဲ့ ဘောလုံး ဆွဲယူမှုတွေ၊ ဖြတ်ကျော်မှုတွေကို သရဲနီပရိတ်သတ်တွေ သဘောကျလျက်ရှိ

ဂျေဒန် ဆန်ချိုဟာ ယူရို( ၂၀၂၀ ) ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့ ယူကရိန်းအသင်းနဲ့ ပွဲစဉ်အတွင်း ညာခြမ်းမှာ မကြာခဏ ပိတ်ဆို့ခြင်းခံခဲ့ရပေမယ့် ပထမပိုင်းအတွင်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံး ဆွဲယူမှုတွေ၊ ဖြတ်ကျော်မှုတွေက ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်းအတွင်း ယူကရိန်းကစားသမား ( ၂ ) ဦးကို လှလှပပဖြတ်ကျော်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ်ရဲ့ စကေးက ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများလျက်ရှိပါတယ်။အဆိုပါ ဖြတ်ကျော်မှုမှာ ဆန်ချိုရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တစ်ခုဖြစ်တဲ့ ပြိုင်ဘက်ကစားသမားတွေကြား tight spaces နေရာတွေမှာ ဘောလုံးလက်ခံရယူနိုင်တဲ့ အနီးကပ် ထိန်းချုပ်နိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာစီးတီး ကစားသမားဟောင်းဟာ ဂါရတ်ဆောက်ဂိတ်ရဲ့ တိုက်စစ်ပိုင်းအောင်မြင်မှုမှာ များစွာ ပါဝင်ပတ်သက်ခဲ့ပြီး အိုးထရတ်ဖို့ဒ်အသင်းဖော် လုခ်ရှောနဲ့ အတွဲအဖက်မိမိ ကစားနိုင်ခဲ့တဲ့ အပေါ် သရဲနီပရိသတ်တွေက သဘောကျလျက်ရှိပါတယ်။ ဆန်ချိုက ရာဟင်း စတာလင်နဲ့ အကြိမ်များစွာ နေရာလှည့်ကစားခဲ့တဲ့အတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက ယူကရိန်းနဲ့ ပွဲစဉ်မှာ မိနစ် ( ၉၀ ) ပြည့်ကစားခဲ့ပြီး ပေးပို့မှု ( ၉၃ ) ရာခိုင်နှုန်းထိ တိကျမှုရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူက duels ( ၇ ) ကြိမ် ပြုလုပ်ခဲ့ပြီး dribbles ( ၄ ) ကြိမ် အောင်မြင်မှုရခဲ့ပါတယ်။

zawgyi

ဆန္ခ်ိဳရဲ႕ ေဘာလုံး ဆြဲယူမႈေတြ၊ ျဖတ္ေက်ာ္မႈေတြကို သရဲနီပရိတ္သတ္ေတြ သေဘာက်လ်က္ရွိ

ေဂ်ဒန္ ဆန္ခ်ိဳဟာ ယူ႐ို( ၂၀၂၀ ) ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ရခဲ့တဲ့ ယူကရိန္းအသင္းနဲ႔ ပြဲစဥ္အတြင္း ညာျခမ္းမွာ မၾကာခဏ ပိတ္ဆို႔ျခင္းခံခဲ့ရေပမယ့္ ပထမပိုင္းအတြင္း ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ေဘာလုံး ဆြဲယူမႈေတြ၊ ျဖတ္ေက်ာ္မႈေတြက ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအတြင္း ယူကရိန္းကစားသမား ( ၂ ) ဦးကို လွလွပပျဖတ္ေက်ာ္ခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားသစ္ရဲ႕ စေကးက ဆိုရွယ္မီဒီယာေပၚမွာ လူေျပာမ်ားလ်က္ရွိပါတယ္။အဆိုပါ ျဖတ္ေက်ာ္မႈမွာ ဆန္ခ်ိဳရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္တစ္ခုျဖစ္တဲ့ ၿပိဳင္ဘက္ကစားသမားေတြၾကား tight spaces ေနရာေတြမွာ ေဘာလုံးလက္ခံရယူႏိုင္တဲ့ အနီးကပ္ ထိန္းခ်ဳပ္ႏိုင္မႈကို ျမင္ေတြ႕ခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီး ကစားသမားေဟာင္းဟာ ဂါရတ္ေဆာက္ဂိတ္ရဲ႕ တိုက္စစ္ပိုင္းေအာင္ျမင္မႈမွာ မ်ားစြာ ပါဝင္ပတ္သက္ခဲ့ၿပီး အိုးထရတ္ဖို႔ဒ္အသင္းေဖာ္ လုခ္ေရွာနဲ႔ အတြဲအဖက္မိမိ ကစားႏိုင္ခဲ့တဲ့ အေပၚ သရဲနီပရိသတ္ေတြက သေဘာက်လ်က္ရွိပါတယ္။ ဆန္ခ်ိဳက ရာဟင္း စတာလင္နဲ႔ အႀကိမ္မ်ားစြာ ေနရာလွည့္ကစားခဲ့တဲ့အတြက္ မန္ခ်က္စတာ ယူႏိုက္တက္ ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳက ယူကရိန္းနဲ႔ ပြဲစဥ္မွာ မိနစ္ ( ၉၀ ) ျပည့္ကစားခဲ့ၿပီး ေပးပို႔မႈ ( ၉၃ ) ရာခိုင္ႏႈန္းထိ တိက်မႈရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ သူက duels ( ၇ ) ႀကိမ္ ျပဳလုပ္္ခဲ့ၿပီး dribbles ( ၄ ) ႀကိမ္ ေအာင္ျမင္မႈရခဲ့ပါတယ္။