သတိမေ့လှဲကျရာက အသင်းဖော် ဘာရယ်လာရဲ့ သွင်းဂိုးကြောင့် ပြန်သတိရခဲ့တဲ့ အင်မိုဘိုင်း

အီတလီ တိုက်စစ်မှူး အင်မိုဘိုင်းဟာ အီတလီအသင်းက ဘယ်လ်ဂျီယံအသင်းကို (၁-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အသင်းဖော် ဘာရယ်လာက ဂိုးသွင်းပြီးနောက် သတိမေ့လှဲကျရာက ပြန်သတိရလာခဲ့ပါတယ်။

နည်းပြ မန်စီနီရဲ့ အီတလီအသင်းဟာ ဘာရယ်လာရဲ့ အဖွင့်ဂိုး နဲ့ အင်ဆစ်ဂနီရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ပထမပိုင်းမှာ စတင် ဦးဆောင်လာခဲ့ပြီး ပထမပိုင်း အချိန်ပိုမှာ လူကာကူရဲ့ ခြေပဂိုးကို ပြန်ခွင့်ပြုခဲ့ပြီးနောက် (၁-၂) နဲ့ အနိုင်ရခဲ့တာပါ။

တိုက်စစ်မှုး အင်မိုဘိုင်းဟာ သူ့ရဲ့ အသင်းဖော် ဘာရယ်လာက အဖွင့်ဂိုး မသွင်းခင် ပင်နယ်တီ ကွင်းအတွင်မှာ ဒူးထောက်လှဲကျနေခဲ့ပြီးတော့ မှတ်တမ်း ဗီဒီယိုမှာ သူ့ရဲ့ အခြေအနေက နာကျင်နေတဲ့ ပုံစံ၊ စိုးရိမ်ရတဲ့ ပုံစံ ပေါက်နေခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှုး အင်မိုဘိုင်းဟာ စက္ကန့် အနည်းငယ် အကြာမှာ သူ့ရဲ့ အသင်းဖော် ဘာရယ်လာက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးတဲ့နောက် အံ့အားသင့်စဖွယ် ကောင်းလောက်အောင် သတိမေ့ လှဲကျရာကနေ ပြန်သတိရပြီး ထလာခဲ့ပါတယ်။

ကွင်းထဲက ပရိသတ်တွေဟာ တိုက်စစ်မှုး အင်မိုဘိုင်းအနေနဲ့ ကွင်းပြင်ပေါ် လှဲကျနေတဲ့ အချိန်မှာ ဒဏ်ရာ စိုးရိမ်ရမယ်လို့ ထင်ခဲ့ကြပေမယ့်လည်း လှဲကျရာကနေ မြန်မြန်ဆန်ဆန် ပြန်ထလာနိုင်လို့ ပွဲကြည့်ပရိသတ်တွတောင် အံ့သြခဲ့ကြပါတယ်။

အီတီလီအသင်းဟာ မနေ့ညက ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို (၁-၂) နဲ့ အနိုင်ရရှိခဲ့တာကြောင့်မို့ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ စပိန်အသင်းနဲ့ နောက်တစ်ဆင့် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ယှဉ်ဆိုင်ကြရပါမယ်။

လက်ရှိ ကမ္ဘာ့ အဆင့် (၁) ဘယ်လ်ဂျီယံအသင်းကတော့ အုပ်စု ပြိုင်ပွဲမှာ အုပ်စု (ဘီ) ကနေ အုပ်စုဗိုလ် အဖြစ် တက်လှမ်းလာခဲ့ပြီး (၁၆) သင်း အဆင့်မှာ ပေါ်တူဂီအသင်းကို အနိုင်ရပြီးနောက် ကွာတား ဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

အီတလီအသင်းကတော့ အုပ်စု ပြိုင်ပွဲမှာ အုပ်စု (အေ) ကနေ အုပ်စုဗိုလ် အဖြစ် တက်လှမ်းလာပြီး (၁၆) သင်းအဆင့်မှာ သြစတြေးလျကို အနိုင်ရခဲ့သလို ကွာတား ဖိုင်နယ်မှာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ် ရောက်လာတာပါ။

zawgyi

သတိေမ့လွဲက်ရာက အသင္းေဖာ္ ဘာရယ္လာရဲ႕ သြင္းဂိုးေၾကာင့္ ျပန္သတိရခဲ့တဲ့ အင္မိုဘိုင္း

အီတလီ တိုက္စစ္မႉး အင္မိုဘိုင္းဟာ အီတလီအသင္းက ဘယ္လ္ဂ်ီယံအသင္းကို (၁-၂) ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ယူ႐ို ကြာတား ဖိုင္နယ္ ပြဲစဥ္မွာ အသင္းေဖာ္ ဘာရယ္လာက ဂိုးသြင္းၿပီးေနာက္ သတိေမ့လွဲက်ရာက ျပန္သတိရလာခဲ့ပါတယ္။

နည္းျပ မန္စီနီရဲ႕ အီတလီအသင္းဟာ ဘာရယ္လာရဲ႕ အဖြင့္ဂိုး နဲ႔ အင္ဆစ္ဂနီရဲ႕ သြင္းဂိုး (၂) ဂိုးေၾကာင့္ ပထမပိုင္းမွာ စတင္ ဦးေဆာင္လာခဲ့ၿပီး ပထမပိုင္း အခ်ိန္ပိုမွာ လူကာကူရဲ႕ ေျခပဂိုးကို ျပန္ခြင့္ျပဳခဲ့ၿပီးေနာက္ (၁-၂) နဲ႔ အႏိုင္ရခဲ့တာပါ။

တိုက္စစ္မႈး အင္မိုဘိုင္းဟာ သူ႔ရဲ႕ အသင္းေဖာ္ ဘာရယ္လာက အဖြင့္ဂိုး မသြင္းခင္ ပင္နယ္တီ ကြင္းအတြင္မွာ ဒူးေထာက္လွဲက်ေနခဲ့ၿပီးေတာ့ မွတ္တမ္း ဗီဒီယိုမွာ သူ႔ရဲ႕ အေျခအေနက နာက်င္ေနတဲ့ ပုံစံ၊ စိုးရိမ္ရတဲ့ ပုံစံ ေပါက္ေနခဲ့ပါတယ္။

ဒါေပမယ့္ တိုက္စစ္မႈး အင္မိုဘိုင္းဟာ စကၠန္႔ အနည္းငယ္ အၾကာမွာ သူ႔ရဲ႕ အသင္းေဖာ္ ဘာရယ္လာက အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီးတဲ့ေနာက္ အံ့အားသင့္စဖြယ္ ေကာင္းေလာက္ေအာင္ သတိေမ့ လွဲက်ရာကေန ျပန္သတိရၿပီး ထလာခဲ့ပါတယ္။

ကြင္းထဲက ပရိသတ္ေတြဟာ တိုက္စစ္မႈး အင္မိုဘိုင္းအေနနဲ႔ ကြင္းျပင္ေပၚ လွဲက်ေနတဲ့ အခ်ိန္မွာ ဒဏ္ရာ စိုးရိမ္ရမယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း လွဲက်ရာကေန ျမန္ျမန္ဆန္ဆန္ ျပန္ထလာႏိုင္လို႔ ပြဲၾကည့္ပရိသတ္တြေတာင္ အံ့ၾသခဲ့ၾကပါတယ္။

အီတီလီအသင္းဟာ မေန႔ညက ပြဲစဥ္မွာ ဘယ္လ္ဂ်ီယံအသင္းကို (၁-၂) နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္မို႔ ဆြစ္ဇာလန္အသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တဲ့ စပိန္အသင္းနဲ႔ ေနာက္တစ္ဆင့္ ဆီမီး ဖိုင္နယ္ ပြဲစဥ္မွာ ထိပ္တိုက္ ယွဥ္ဆိုင္ၾကရပါမယ္။

လက္ရွိ ကမာၻ႔ အဆင့္ (၁) ဘယ္လ္ဂ်ီယံအသင္းကေတာ့ အုပ္စု ၿပိဳင္ပြဲမွာ အုပ္စု (ဘီ) ကေန အုပ္စုဗိုလ္ အျဖစ္ တက္လွမ္းလာခဲ့ၿပီး (၁၆) သင္း အဆင့္မွာ ေပၚတူဂီအသင္းကို အႏိုင္ရၿပီးေနာက္ ကြာတား ဖိုင္နယ္အဆင့္ကေန လွည့္ျပန္ခဲ့ရပါတယ္။

အီတလီအသင္းကေတာ့ အုပ္စု ၿပိဳင္ပြဲမွာ အုပ္စု (ေအ) ကေန အုပ္စုဗိုလ္ အျဖစ္ တက္လွမ္းလာၿပီး (၁၆) သင္းအဆင့္မွာ ၾသစေၾတးလ်ကို အႏိုင္ရခဲ့သလို ကြာတား ဖိုင္နယ္မွာ ဘယ္လ္ဂ်ီယံအသင္းကို အႏိုင္ရခဲ့လို႔ ဆီမီးဖိုင္နယ္ ေရာက္လာတာပါ။