ယူရို၂၀၂၀ ပြိုင်ပွဲအပြီး ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်တဲ့ တိုနီကရူးစ်

ဂျာမနီအသင်းရဲ့ ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ တိုနီကရူးစ်ကတော့ ယူရို၂၀၂၀ ပြိုင်ပွဲအပြီး ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်းကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

တိုနီကရူးစ်က သူ့အနေနဲ့ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ကိုပဲ အာရုံစိုက်သွားတော့မယ်လို့ ရှင်းလင်းပြောဆိုထားပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ကရူးစ်ဟာ ဂျာမနီအသင်းအတွက် ၁၀၆ ပွဲကစားကာ ၁၇ ဂိုးသွင်းပြီး ၁၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူဟာ နိုင်ငံအသင်းတွင် ၂၀၁၀ ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး မေဂျာပြိုင်ပွဲ ၅ ပွဲ ကစား ပေးခဲ့သူဖြစ်ပါတယ်။

“ဒီအင်္ကျီကို အခုလိုအချိန်အကြာကြီးဝတ်ဆင်ခွင့်ရခဲ့တာ တကယ့်ကို ဂုဏ်ယူစရာဖြစ်ပါတယ်။ ကျွန်တော်ဟာ အမြဲတမ်း ဂုဏ်ယူစွာနဲ့ ကစားပေးခဲ့ပါတယ်” လို့ တိုနီကရူးစ်က ပြောထားပါတယ်။

တိုနီကရူးစ်အနေနဲ့ ယူရို-၂၀၂၀ပြိုင်ပွဲတစ်လျှောက် ဂျာမနီအသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းကို ကျော်ဖြတ်နိုင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဂျာမနီအသင်းဟာ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တုန်းက ပါဝင်ခြေစွမ်းပြခဲ့တဲ့ တိုနီကရူးစ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာ ခြေစွမ်းပြမကစားနိုင်ခဲ့ဘဲ ဂိုးပေါက်တည့်မှုတစ်ကြိမ်တောင် မရှိခဲ့ပါဘူး။

zawgyi

ယူ႐ို၂၀၂၀ ၿပိဳင္ပြဲအၿပီး ဂ်ာမနီလက္ေ႐ြးစင္အသင္းကေန အနားယူလိုက္ၿပီျဖစ္တဲ့ တိုနီက႐ူးစ္

ဂ်ာမနီအသင္းရဲ႕ ထိပ္တန္းကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ တိုနီက႐ူးစ္ကေတာ့ ယူ႐ို၂၀၂၀ ၿပိဳင္ပြဲအၿပီး ဂ်ာမနီလက္ေ႐ြးစင္အသင္းကေန အနားယူလိုက္ၿပီျဖစ္ေၾကာင္းကို တရားဝင္ထုတ္ျပန္လိုက္ပါတယ္။

တိုနီက႐ူးစ္က သူ႔အေနနဲ႔ သူ႔ရဲ႕ကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ကိုပဲ အာ႐ုံစိုက္သြားေတာ့မယ္လို႔ ရွင္းလင္းေျပာဆိုထားပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ က႐ူးစ္ဟာ ဂ်ာမနီအသင္းအတြက္ ၁၀၆ ပြဲကစားကာ ၁၇ ဂိုးသြင္းၿပီး ၁၉ ဂိုး ဖန္တီးေပးခဲ့ပါတယ္။ သူဟာ ႏိုင္ငံအသင္းတြင္ ၂၀၁၀
ခုႏွစ္က ပြဲဦးထြက္ခဲ့ၿပီး ေမဂ်ာၿပိဳင္ပြဲ ၅ ပြဲ ကစား ေပးခဲ့သူျဖစ္ပါတယ္။

“ဒီအက်ႌကို အခုလိုအခ်ိန္အၾကာႀကီးဝတ္ဆင္ခြင့္ရခဲ့တာ တကယ့္ကို ဂုဏ္ယူစရာျဖစ္ပါတယ္။ ကြၽန္ေတာ္ဟာ အၿမဲတမ္း ဂုဏ္ယူစြာနဲ႔ ကစားေပးခဲ့ပါတယ္” လို႔ တိုနီက႐ူးစ္က ေျပာထားပါတယ္။

တိုနီက႐ူးစ္အေနနဲ႔ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂ်ာမနီအသင္းအတြက္ ပြဲတိုင္းပါဝင္ကစားခဲ့ေပမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္အသင္းကို ေက်ာ္ျဖတ္ႏိုင္ေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

ဂ်ာမနီအသင္းဟာ ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္အသင္းကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရပါတယ္။ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တုန္းက ပါဝင္ေျခစြမ္းျပခဲ့တဲ့ တိုနီက႐ူးစ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ေျခစြမ္းျပမကစားႏိုင္ခဲ့ဘဲ ဂိုးေပါက္တည့္မႈတစ္ႀကိမ္ေတာင္ မရွိခဲ့ပါဘူး။