မော်ရင်ဟို ရဲ့ အီတလီမြေကို တစ်ကျော့ပြန် ခရီးမှာ ရိုးမားပရိသတ်တွေ တခဲနက် ကြိုဆို

စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ သမိုင်းဝင် ဆုဖလား ၃ လုံးအောင်မြင်မှု စိုက်ထူထားခဲ့တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ စီရီူအေ ပြိုင်ပွဲမပြီးဆုံးခင်ကတည်းက ရိုးမားအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။

မနေ့က မော်ရင်ဟိုဟာ သူ့ရဲ့ အသင်းသစ် ဖြစ်တဲ့ ရိုးမားအသင်းရှိတဲ့ အီတလီမြေကို ရောက်ရှိချိန်မှာ လေယာဉ်ကွင်းက အထွက်မှာတင် ရောမမြို့က ပရိသတ်တွေက ပေါ်တူဂီသား နည်းပြကြီးကို ဆယ်လီ တစ်ယောက်လို တခဲနက် ကြိုဆိုခဲ့ကြပါတယ်။ မော်ရင်ဟိုကလည်း ပရိသတ်တွေကို ပြန်လည်နှုတ်ဆက်ခဲ့ ပြီး အသင်းသစ် ပရိသတ်တွေနဲ့တွေ့ဆုံမှုအဖွင့်ဟာ အတော်ကိုလှပခဲ့ပါတယ်။

အင်္ဂလန် ကလပ်တွေမှာ အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့သလို ဘောလုံးလောကမှာ တော်ကီတစ်ပေါက်နဲ့ လျှံလျှံတောက်တဲ့ မော်ရင်ဟိုဟာ ချယ်ဆီး၊ ယူနိုက်တက် အသင်းတွေမှာ ဖလားတွေရယူပေးနိုင်ခဲ့ပေမယ့် စပါးအသင်းမှာတော့ ကားရာဘောင်းဖလားဗိုလ်လုပွဲမတိုင်ခင်မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုဟာ သူကိုင်တွယ်တဲ့အသင်းတိုင်းမှာ ဆုဖလားတွေရယူနိုင်ခဲ့တဲ့ အစဉ်အလာဟာလည်း စပါး ပိုင်ရှင် လီဗိုင်း ကြောင့် ကျိုးပျက်ခဲ့ရတာဟာ သူ့အတွက်တော့ စိတ်ပျက်စရာ မှတ်တမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

မော်ရင်ဟိုဟာ ၂၀၀၄ မှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး တစ်လအကြာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ကာ ချယ်ဆီးအသင်းကို အမှတ်ပေးချန်ပီယံ နှစ်နှစ်ဆက် ဖြစ်စေခဲ့သလို ချယ်ဆီးအသင်းရဲ့ ကစားဟန်တစ်ခုကိုလည်းတည်ဆောက်နိုင်ခဲ့သူပါ။ ဒါပေမယ့် အေဗရာမိုဗစ် ရယူလိုတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာ ချယ်ဆီကနေ ထုတ်ပယ်ခံရချိန်မှာ အင်တာမီလန်ကို ရောက်ရှိသွားခဲ့ပြီး စီးရီးအေချန်ပီယံ နှစ်ကြိမ်ဆက် ရစေခဲ့ပြီး ဒုတိယမြောက် ရာသီမှာတော့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ကိုအရယူပေးနိုင်ခဲ့သလို ဆုဖလား ၃ လုံး အောင်မြင်မှုကို လည်းရရှိခဲ့ပါတယ်။ ၂၀၀၈-၂၀၀၉ နဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွေဟာ အီတလီမှာ မော်ရင်ဟိုရဲ့ အကြီးကျယ်ဆုံး အောင်မြင်ခဲ့တဲ့ နှစ်တွေပါပဲ။ အင်တာမီလန် အသင်းကိုချန်ပီယံလိဂ် ဖလားရယူပေးပြီးချိန်မှာတော့ သူဟာ အသင်းကနေနှုတ်ထွက်ပြီး ရီးရဲလ်မက်ဒရစ် အသင်းဆီကိုပြောင်းရွှေ့ကိုင်တွယ်ခဲ့ကာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို အနိုင်ရခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ချယ်ဆီးနဲ့ ဒုတိယအကြိမ် ပြန်လည် လက်တွဲခဲ့သလို (၂)နှစ်အကြာမှာ ထပ်မံ အထုတ်ခံခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ စပါးတို့မှာ လည်းထုတ်ပယ်ခံနေရတာတွေကြောင့် စပယ်ရှယ်ဝမ်း မော်ရင်ဟိုရဲ့ ဂုဏ်သတင်းဟာ အင်္ဂလန်မှာ မှေးမှိန်သွားခဲ့ရတယ်လို့ထင်ရပါတယ်။

ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုနေဆဲ ပရိသတ်တွေက အီတလီမှာ တော့ အခိုင်အမာရှိနေစဲပါ။ အီတလီ ဘောလုံး လောကမှာ သူ့ရဲ့နည်းဗျူဟာတွေနဲ့ ရှနိုက်ဒါ၊ အီတိုး၊ မီလီတို၊ ဇက်နက်တီတို့လို ကစားသမားတွေပေါင်းပြီး ပြည်တွင်းဖလား အောင်မြင်မှုတွေရယူခဲ့သလို ဘိုင်ယန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်မှာ ဗိုလ်ဝင်ခံခဲ့ဖူးတဲ့ သမိုင်းကြောင်းဟာ အီတလီမှာတော့ တောက်ပနေဆဲပါ။

မော်ရင်ဟိုအနေနဲ့ သူ့ရဲ့ အောင်မြေဖြစ်ခဲ့ဖူးတဲ့ အီတလီမှာ သူ့ရဲ့ ကျော်ဇောမှုတွေနဲ့ ခေတ်သစ် တစ်ခုကို ပြန်လည်တည်ဆောက်နိုင်မလား…?

ရိုးမားလို စီရီးအေရဲ့ အလယ်အလတ်အဆင့် အသင်းတစ်သင်းကို မော်ရင်ဟိုက အောင်မြင်မှု လမ်းကြောင်းပေါ်ကို ဘယ်လို ဦးဆောင်ပေးသွားမလဲဆိုတာ အတော့်ကို စိတ်ဝင်စားစရာပါပဲ။ ရိုးမားပရိတ်သတ်တွေကတော့ သူတို့ရဲ့ အသင်းအပေါ် မော်ရင်ဟို ဘာမှ မလုပ်ပြရသေးခင်မှာတင် ကြိုဆိုပုံက အသင်းရဲ့ဂန္တဝင်တစ်ယောက် အိမ်ပြန်အလာကို ကြိုဆိုသလိုပုံစံနဲ့ ကို ကြိုဆိုခဲ့ပါတယ်။

zawgyi

ေမာ္ရင္ဟို ရဲ႕ အီတလီေျမကို တစ္ေက်ာ့ျပန္ ခရီးမွာ ရိုးမားပရိသတ္ေတြ တခဲနက္ ၾကိဳဆို

စီးရီးေအကလပ္ အင္တာမီလန္အသင္းနဲ႔ သမိုင္းဝင္ ဆုဖလား ၃ လံုးေအာင္ျမင္မႈ စိုက္ထူထားခဲ့တဲ့ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ စီရီူေအ ျပိဳင္ပြဲမၿပီးဆံုးခင္ကတည္းက ရိုးမားအသင္းရဲ႕ နည္းျပသစ္ျဖစ္လာခဲ့ပါတယ္။ မေန႕က ေမာ္ရင္ဟိုဟာ သူ႕ရဲ႕ အသင္းသစ္ ျဖစ္တဲ့ ရိုးမားအသင္းရွိတဲ့ အီတလီေျမကို ေရာက္ရွိခ်ိန္မွာ ေလယာဥ္ကြင္းက အထြက္မွာတင္ ေရာမျမိဳ႔က ပရိသတ္ေတြက ေပၚတူဂီသား နည္းျပၾကီးကို ဆယ္လီ တစ္ေယာက္လို တခဲနက္ ၾကိဳဆိုခဲ့ၾကပါတယ္။ ေမာ္ရင္ဟိုကလည္း ပရိသတ္ေတြကို ျပန္လည္ႏႈတ္ဆက္ခဲ့ ၿပီး အသင္းသစ္ ပရိသတ္ေတြနဲ႕ေတြ႕ဆံုမႈအဖြင့္ဟာ အေတာ္ကိုလွပခဲ့ပါတယ္။

အဂၤလန္ ကလပ္ေတြမွာ ေအာင္ျမင္မႈေတြမ်ားစြာရယူႏိုင္ခဲ့သလို ေဘာလံုးေလာကမွာ ေတာ္ကီတစ္ေပါက္နဲ႕ လွ်ံလွ်ံေတာက္တဲ့ ေမာ္ရင္ဟိုဟာ ခ်ယ္ဆီး၊ ယူႏုိက္တက္ အသင္းေတြမွာ ဖလားေတြရယူေပးႏိုင္ခဲ့ေပမယ့္ စပါးအသင္းမွာေတာ့ ကားရာေဘာင္းဖလားဗိုလ္လုပြဲမတိုင္ခင္မွာ ထုတ္ပယ္ခံခဲ့ရပါတယ္။ ေမာ္ရင္ဟိုဟာ သူကိုင္တြယ္တဲ့အသင္းတိုင္းမွာ ဆုဖလားေတြရယူႏိုင္ခဲ့တဲ့ အစဥ္အလာဟာလည္း စပါး ပိုင္ရွင္ လီဗိုင္း ေၾကာင့္ က်ိဳးပ်က္ခဲ့ရတာဟာ သူ႕အတြက္ေတာ့ စိတ္ပ်က္စရာ မွတ္တမ္းတစ္ခု ျဖစ္ေစခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ ၂၀၀၄ မွာ ေပၚတိုအသင္းနဲ႕ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီး တစ္လအၾကာ ခ်ယ္ဆီးအသင္းကို ေျပာင္းေရႊ႔လာခဲ့ကာ ခ်ယ္ဆီးအသင္းကို အမွတ္ေပးခ်န္ပီယံ ႏွစ္ႏွစ္ဆက္ ျဖစ္ေစခဲ့သလို ခ်ယ္ဆီးအသင္းရဲ႕ ကစားဟန္တစ္ခုကိုလည္းတည္ေဆာက္ႏိုင္ခဲ့သူပါ။ ဒါေပမယ့္ ေအဗရာမိုဗစ္ ရယူလိုတဲ့ ခ်န္ပီယံလိဂ္ဖလားကိုေတာ့ ရရွိေအာင္မစြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ အသင္းကေန ထုတ္ပယ္ခံခဲ့ရပါတယ္။

သူဟာ ခ်ယ္ဆီကေန ထုတ္ပယ္ခံရခ်ိန္မွာ အင္တာမီလန္ကို ေရာက္ရွိသြားခဲ့ၿပီး စီးရီးေအခ်န္ပီယံ ႏွစ္ၾကိမ္ဆက္ ရေစခဲ့ျပီး ဒုတိယေျမာက္ ရာသီမွာေတာ့ အသင္းရဲ႕ သမိုင္းမွာ ပထမဆံုး ခ်န္ပီယံလိဂ္ဖလား ကိုအရယူေပးႏိုင္ခဲ့သလို ဆုဖလား ၃ လံုး ေအာင္ျမင္မႈကို လည္းရရွိခဲ့ပါတယ္။ ၂၀၀၈-၂၀၀၉ နဲ႔ ၂၀၀၉-၂၀၁၀ ေဘာလံုးရာသီေတြဟာ အီတလီမွာ ေမာ္ရင္ဟိုရဲ႕ အၾကီးက်ယ္ဆံုး ေအာင္ျမင္ခဲ့တဲ့ ႏွစ္ေတြပါပဲ။ အင္တာမီလန္ အသင္းကိုခ်န္ပီယံလိဂ္ ဖလားရယူေပးၿပီးခ်ိန္မွာေတာ့ သူဟာ အသင္းကေနႏႈတ္ထြက္ၿပီး ရီးရဲလ္မက္ဒရစ္ အသင္းဆီကိုေျပာင္းေရႊ႕ကိုင္တြယ္ခဲ့ကာ လာလီဂါ၊ ကိုပါဒယ္ေရးနဲ႔ စပိန္စူပါဖလားတို႔ကို အႏုိင္ရခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ ခ်ယ္ဆီးနဲ႕ ဒုတိယအၾကိမ္ ျပန္လည္ လက္တြဲခဲ့သလို (၂)ႏွစ္အၾကာမွာ ထပ္မံ အထုတ္ခံခဲ့ရပါတယ္။ ယူႏိုက္တက္နဲ႕ စပါးတို႕မွာ လည္းထုတ္ပယ္ခံေနရတာေတြေၾကာင့္ စပယ္ရွယ္ဝမ္း ေမာ္ရင္ဟိုရဲ႕ ဂုဏ္သတင္းဟာ အဂၤလန္မွာ ေမွးမွိန္သြားခဲ့ရတယ္လို႕ထင္ရပါတယ္။

ဒါေပမယ့္ သူ႕ရဲ႕ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳေနဆဲ ပရိသတ္ေတြက အီတလီမွာ ေတာ့ အခိုင္အမာရွိေနစဲပါ။ အီတလီ ေဘာလံုး ေလာကမွာ သူ႕ရဲ႕နည္းဗ်ဴဟာေတြနဲ႕ ရွႏုိက္ဒါ၊ အီတိုး၊ မီလီတို၊ ဇက္နက္တီတို႔လို ကစားသမားေတြေပါင္းၿပီး ျပည္တြင္းဖလား ေအာင္ျမင္မႈေတြရယူခဲ့သလို ဘိုင္ယန္ကို အႏုိင္ယူျပီး ခ်န္ပီယံလိဂ္မွာ ဗိုလ္ဝင္ခံခဲ့ဖူးတဲ့ သမိုင္းေၾကာင္းဟာ အီတလီမွာေတာ့ ေတာက္ပေနဆဲပါ။

ေမာ္ရင္ဟိုအေနနဲ႕ သူ႕ရဲ႕ ေအာင္ေျမျဖစ္ခဲ့ဖူးတဲ့ အီတလီမွာ သူ႔ရဲ႕ ေက်ာ္ေဇာမႈေတြနဲ႕ ေခတ္သစ္ တစ္ခုကို ျပန္လည္တည္ေဆာက္ႏိုင္မလား…?

ရိုးမားလို စီရီးေအရဲ႕ အလယ္အလတ္အဆင့္ အသင္းတစ္သင္းကို ေမာ္ရင္ဟိုက ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚကို ဘယ္လို ဦးေဆာင္ေပးသြားမလဲဆိုတာ အေတာ့္ကို စိတ္ဝင္စားစရာပါပဲ။ ရိုးမားပရိတ္သတ္ေတြကေတာ့ သူတို႕ရဲ႕ အသင္းအေပၚ ေမာ္ရင္ဟို ဘာမွ မလုပ္ျပရေသးခင္မွာတင္ ၾကိဳဆိုပံုက အသင္းရဲ႕ဂႏၱဝင္တစ္ေယာက္ အိမ္ျပန္အလာကို ၾကိဳဆိုသလိုပံုစံနဲ႕ ကို ၾကိဳဆိုခဲ့ပါတယ္။