ဘီလီဂေးလ်မော် နော်ဝှစ်စီးတီးအသင်းမှာ တစ်ရာသီကြာ အငှားသွားရောက်ကစားဖို့ရှိ

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မော်ဟာ နော်ဝှစ်စီးတီးအသင်းထံ အငှားပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။ ‌ဂေးလ်မော်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Cobham academy ကနေ ပေါက်ဖွားလာခဲ့တဲ့ အလားအလာရှိဆုံး လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်ပြီး ချဲလ်ဆီးစီနီယာအသင်းနဲ့အတူ ပွဲစဉ်အချို့ ကစားခွင့်ရရှိထားကာ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲမှာလည်း စကော့တလန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဂေးလ်မော်က အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီအသင်းရဲ့ ကွင်းလယ်မှာ ဂျော်ဂျင်ဟို ၊ ကိုဗာချစ် ၊ ကန်တီ ၊ ဇီယက် နှင့် ကိုင်ဟားဗတ်တို့လို ထိပ်တန်းအဆင့်ကြယ်ပွင့်တွေ ရှိနေတာပြီး ( ၂၀၂၁ /၂၂ ) ရာသီမှာ ပုံမှန်ကစားခွင့်ရဖို့ မလွယ်ကူတာကြောင့် ယခုလို အငှားပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။

ဂေးလ်မော်ဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော်ဝှစ်စီးတီးအသင်းမှာ တစ်ရာသီကြာ အငှားသွားရောက်ကစားဖို့ရှိပါတယ်။ အသက် ( ၂၀ ) အရွယ် ကစားသမား အနေနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်နိုင်တဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်ထားပြီး အကောင်းဆုံးအသင်းတွေနဲ့အတူ သူ့ရဲ့ ခြေစွမ်းကို စမ်းသပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

Moistsheepherder အမည်ရတဲ့ ချဲလ်ဆီး ပရိသတ်တစ်ဦးက “ ဒီ အငှားပြောင်းရွေ့မှုအတွက် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ပထမအသင်းကြီးမှာ သူပါဝင်ခွင့်ရဖို့ ထိုက်တန်ကြောင်းပြသရမယ့် အခွင့်အရေးပါ။”လို့ မှတ်ချက်ပေးထားပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ ဘီလီအတွက် တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအရွေ့ပါ။ စီနီယာအသင်းကြီးတစ်ခုမှာ ပုံမှန်ကစားခွင့်ရမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားမိပါတယ်။”လို့ ဆိုပါတယ်။

ဂေးလ်မော်က ပြီးခဲ့တဲ့ ရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ( ၁၁ ) ပွဲ ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ် ချန်ပီယံဆု နှင့် ပရီးမီးယားလိဂ် အဆင့် ( ၄ ) နေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

zawgyi

ဘီလီေဂးလ္ေမာ္ ေနာ္ဝွစ္စီးတီးအသင္းမွာ တစ္ရာသီၾကာ အငွားသြားေရာက္ကစားဖို႔ရွိ

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘီလီ ေဂးလ္ေမာ္ဟာ ေနာ္ဝွစ္စီးတီးအသင္းထံ အငွားေျပာင္းေ႐ြ႕သြားခဲ့ၿပီျဖစ္ပါတယ္။ ‌ေဂးလ္ေမာ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ Cobham academy ကေန ေပါက္ဖြားလာခဲ့တဲ့ အလားအလာရွိဆုံး လူငယ္ၾကယ္ပြင့္တစ္ဦး ျဖစ္ၿပီး ခ်ဲလ္ဆီးစီနီယာအသင္းနဲ႔အတူ ပြဲစဥ္အခ်ိဳ႕ ကစားခြင့္ရရွိထားကာ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲမွာလည္း စေကာ့တလန္အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ေဂးလ္ေမာ္က အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ဲလ္ဆီအသင္းရဲ႕ ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ဟို ၊ ကိုဗာခ်စ္ ၊ ကန္တီ ၊ ဇီယက္ ႏွင့္ ကိုင္ဟားဗတ္တို႔လို ထိပ္တန္းအဆင့္ၾကယ္ပြင့္ေတြ ရွိေနတာၿပီး ( ၂၀၂၁ /၂၂ ) ရာသီမွာ ပုံမွန္ကစားခြင့္ရဖို႔ မလြယ္ကူတာေၾကာင့္ ယခုလို အငွားေျပာင္းေ႐ြ႕ခဲ့တာျဖစ္ပါတယ္။

ေဂးလ္ေမာ္ဟာ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ ေနာ္ဝွစ္စီးတီးအသင္းမွာ တစ္ရာသီၾကာ အငွားသြားေရာက္ကစားဖို႔ရွိပါတယ္။ အသက္ ( ၂၀ ) အ႐ြယ္ ကစားသမား အေနနဲ႔ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္ႏိုင္တဲ့ စြမ္းေဆာင္ရည္ပိုင္ဆိုင္ထားၿပီး အေကာင္းဆုံးအသင္းေတြနဲ႔အတူ သူ႔ရဲ႕ ေျခစြမ္းကို စမ္းသပ္ခြင့္ရေတာ့မွာျဖစ္ပါတယ္။

Moistsheepherder အမည္ရတဲ့ ခ်ဲလ္ဆီး ပရိသတ္တစ္ဦးက “ ဒီ အငွားေျပာင္းေ႐ြ႕မႈအတြက္ အရမ္း စိတ္လႈပ္ရွားမိပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ ပထမအသင္းႀကီးမွာ သူပါဝင္ခြင့္ရဖို႔ ထိုက္တန္ေၾကာင္းျပသရမယ့္ အခြင့္အေရးပါ။”လို႔ မွတ္ခ်က္ေပးထားပါတယ္။ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ ဘီလီအတြက္ တကယ္ကို ေကာင္းမြန္တဲ့ အေျပာင္းအေ႐ြ႕ပါ။ စီနီယာအသင္းႀကီးတစ္ခုမွာ ပုံမွန္ကစားခြင့္ရမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရဖို႔ စိတ္လႈပ္ရွားမိပါတယ္။”လို႔ ဆိုပါတယ္။

ေဂးလ္ေမာ္က ၿပီးခဲ့တဲ့ ရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ( ၁၁ ) ပြဲ ကစားခြင့္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ ခ်န္ပီယံဆု ႏွင့္ ပရီးမီးယားလိဂ္ အဆင့္ ( ၄ ) ေနရာ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။