ဆွစ်ဇာလန် ပယ်နယ်တီနဲ့ အသည်းပြန်ကွဲခဲ့

အခု ယူရိုပြိုင်ပွဲတစ်လျှောက် စပိန်အသင်းရဲ့အနေအထားက အသင်းကြီးတစ်သင်းပုံစံမှာရှိမနေဘဲ ကစားခဲ့တဲ့ပွဲတိုင်းမှာ ပွဲကိုလွှမ်းမိုးနိုင်စွမ်းအားနည်းတဲ့အပြင် ကိုယ့်ထက်တစ်ဆင့်နိမ့်တဲ့အသင်းတွေကို အသာစီးက မကစားနိုင်သလို မလိုလားအပ်တဲ့အခွင့်အရေးတွေပေးလေ့ရှိတာကို တွေ့ရတယ်။

ဆွစ်ဇာလန်အသင်းမှာ အားထားရတဲ့အဓိကကွင်းလယ်လူ ချာကာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့အတွက် ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်မှုအားနည်းခဲ့ပြီး တစ်ယောက်လျော့နဲ့တောင် စပိန်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တယ်။ တကယ်လို့ (၁၁)ယောက်ချင်းကစားရမယ်၊ ချာကာလည်း ပါဝင်နိုင်မယ်ဆိုရင် စပိန်အသင်း ဒုက္ခရောက်သွားမယ့်အနေအထားပဲ။

စပိန်အသင်းတိုက်စစ်ဘယ်ခြမ်းက ဆာရာဘီယာ ပုံမှန်ခြေစွမ်းအောက်ရောက်နေလို့ ဖာရန်တောရက်စ်ကို အဓိကဦးတည်ကစားနေရပြီး ဆွစ်ဇာလန်အသင်းတစ်ယောက်တစ်ယောက်မလျော့ခင်အချိန်အထိ စပိန်အသင်းရဲ့တိုက်စစ်ဆင်မှုတွေက ထိရောက်မှုမရှိခဲ့ဘူး။

ဒါပေမဲ့ ပွဲစလို့ (၈)မိနစ်အကြာမှာပဲ စပိန်အသင်းဂိုးရခဲ့ပြီး ဆွစ်ဇာလန်နောက်ခံလူ ဇက်ခရီယာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်အခုဆိုရင် ယူရို-၂၀၂၀ပြိုင်ပွဲမှာ OG ဂိုးအရေအတွက်က (၁၀)ဂိုးအထိရှိလာပြီဖြစ်လို့ ပြီးခဲ့တဲ့ ပြိုင်ပွဲ(၁၅)ကြိမ်က စုစုပေါင်း OG ဂိုးအရေအတွက်ထက် တစ်ဂိုးပိုများသွားပါပြီ။

ဆွစ်ဇာလန်အသင်းမှာ ဝါရင့်ကစားသမား ရှာကီရီက ကွင်းလယ်နဲ့တိုက်စစ်ကို ချိတ်ဆက်ကစားခဲ့ပေမယ့် သူက တောင်ပံတိုက်စစ်ကို ပိုအားသန်တာကြောင့် ဆွစ်ဇာလန်အသင်း တိုက်စစ်က အားနည်းခဲ့တယ်။ ဒါပေမဲ့ Counter Attacking တွေနဲ့ စပိန်အသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပြီး စပိန်အသင်းထက်တောင် အပိုင်အခွင့်အရေး ပိုရခဲ့တယ်။ (၆၈)မိနစ်မှာတော့ လာပေ့ါတ်နဲ့ ပေါတောရက်စ်တို့ရဲ့ အမှားကနေ ကွင်းလယ်လူဖူလာ ဘောလုံးရရှိပြီး ပြန်ချိုးပေးတာကို ရှာကီရီက ချေပဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

ရှာကီရီဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုး(၈)ဂိုးအထိရှိလာပြီဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကစလို့ အခုအချိန်အထိ သူ့ထက်သွင်းဂိုးပိုများတဲ့ ဥရောပကစားသမားတွေက စီရော်နယ်လ်ဒို(၁၃ဂိုး)၊ ဂရစ်ဇ်မန်း(၁၁ဂိုး)၊ လူကာကူ (၁၀ဂိုး)၊နဲ့ ပါရီဆစ်(၉ဂိုး)တို့သာရှိပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်လူ ဖူလာဟာ မလိုအပ်ဘဲကစားပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး အဲဒီနောက်ပိုင်း ဆွစ်ဇာလန်ဟာ ခံစစ်ကိုပဲအထိုင်ကစားခဲ့တာကြောင့် စပိန်အသင်း တိုက်စစ်မြှင့်ကစားခဲ့တယ်။

ဘယ်ခြမ်းမှာ ယော်ဒီအယ်လ်ဘာက Over Lap လုပ်ပြီး ထိုးဖောက်ခဲ့သလို အိုရာဇာဘယ်လ်ဝင်လာပြီးနောက်ပိုင်း စပိန်အသင်းညာခြမ်းတိုက်စစ်ကစားပုံပါကောင်းလာလို့ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဆွစ်ဇာလန်ဂိုးသမားဆွန်မာ လက်စွမ်းပြနေလို့ ဂိုးမရခဲ့ဘူး။

သာမန်ပွဲကစားချိန်မိနစ်(၉၀)ပြည့်လို့ အချိန်ပို မိနစ်(၃၀)ဆက်ကစားတော့လည်း သရေဆက်ကျနေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီမှာ ဆွန်မာ အကောင်းဆုံးကာကွယ်မှုလုပ်နိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းက ဖေဘီယန်ရှား၊ အကန်ဂျီ၊ ဗားဂတ်စ်တို့ လွဲချော်ခဲ့တာကြောင့် စပိန်အသင်းဟာ (၃-၁)ဂိုးနဲ့အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းကို ပယ်နယ်တီနဲ့ အသည်းခွဲခဲ့တဲ့ ဆွစ်ဇာလန်တို့ အခုပွဲမှာ ပယ်နယ်တီနဲ့ပဲ အသည်းပြန်ကွဲခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါပြီ။

zawgyi

ဆြစ္ဇာလန္ ပယ္နယ္တီနဲ႔ အသည္းျပန္ကြဲခဲ့

အခု ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ စပိန္အသင္းရဲ႕အေနအထားက အသင္းႀကီးတစ္သင္းပုံစံမွာရွိမေနဘဲ ကစားခဲ့တဲ့ပြဲတိုင္းမွာ ပြဲကိုလႊမ္းမိုးႏိုင္စြမ္းအားနည္းတဲ့အျပင္ ကိုယ့္ထက္တစ္ဆင့္နိမ့္တဲ့အသင္းေတြကို အသာစီးက မကစားႏိုင္သလို မလိုလားအပ္တဲ့အခြင့္အေရးေတြေပးေလ့ရွိတာကို ေတြ႕ရတယ္။

ဆြစ္ဇာလန္အသင္းမွာ အားထားရတဲ့အဓိကကြင္းလယ္လူ ခ်ာကာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့အတြက္ ကြင္းလယ္နဲ႔တိုက္စစ္ကို ခ်ိတ္ဆက္မႈအားနည္းခဲ့ၿပီး တစ္ေယာက္ေလ်ာ့နဲ႔ေတာင္ စပိန္အသင္းကို အေကာင္းဆုံးတုံ႔ျပန္ကစားႏိုင္ခဲ့တယ္။

တကယ္လို႔ (၁၁)ေယာက္ခ်င္းကစားရမယ္၊ ခ်ာကာလည္း ပါဝင္ႏိုင္မယ္ဆိုရင္ စပိန္အသင္း ဒုကၡေရာက္သြားမယ့္အေနအထားပဲ။

စပိန္အသင္းတိုက္စစ္ဘယ္ျခမ္းက ဆာရာဘီယာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနလို႔ ဖာရန္ေတာရက္စ္ကို အဓိကဦးတည္ကစားေနရၿပီး ဆြစ္ဇာလန္အသင္းတစ္ေယာက္တစ္ေယာက္မေလ်ာ့ခင္အခ်ိန္အထိ စပိန္အသင္းရဲ႕တိုက္စစ္ဆင္မႈေတြက ထိေရာက္မႈမရွိခဲ့ဘူး။

ဒါေပမဲ့ ပြဲစလို႔ (၈)မိနစ္အၾကာမွာပဲ စပိန္အသင္းဂိုးရခဲ့ၿပီး ဆြစ္ဇာလန္ေနာက္ခံလူ ဇက္ခရီယာက ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ OG ဂိုးအေရအတြက္က (၁၀)ဂိုးအထိရွိလာၿပီျဖစ္လို႔ ၿပီးခဲ့တဲ့ ၿပိဳင္ပြဲ(၁၅)ႀကိမ္က စုစုေပါင္း OG ဂိုးအေရအတြက္ထက္ တစ္ဂိုးပိုမ်ားသြားပါၿပီ။

ဆြစ္ဇာလန္အသင္းမွာ ဝါရင့္ကစားသမား ရွာကီရီက ကြင္းလယ္နဲ႔တိုက္စစ္ကို ခ်ိတ္ဆက္ကစားခဲ့ေပမယ့္ သူက ေတာင္ပံတိုက္စစ္ကို ပိုအားသန္တာေၾကာင့္ ဆြစ္ဇာလန္အသင္း တိုက္စစ္က အားနည္းခဲ့တယ္။

ဒါေပမဲ့ Counter Attacking ေတြနဲ႔ စပိန္အသင္းကို ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး စပိန္အသင္းထက္ေတာင္ အပိုင္အခြင့္အေရး ပိုရခဲ့တယ္။ (၆၈)မိနစ္မွာေတာ့ လာေပ့ါတ္နဲ႔ ေပါေတာရက္စ္တို႔ရဲ႕ အမွားကေန ကြင္းလယ္လူဖူလာ ေဘာလုံးရရွိၿပီး ျပန္ခ်ိဳးေပးတာကို ရွာကီရီက ေခ်ပဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။

ရွာကီရီဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုး(၈)ဂိုးအထိရွိလာၿပီျဖစ္ၿပီး ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲကစလို႔ အခုအခ်ိန္အထိ သူ႔ထက္သြင္းဂိုးပိုမ်ားတဲ့ ဥေရာပကစားသမားေတြက စီေရာ္နယ္လ္ဒို(၁၃ဂိုး)၊ ဂရစ္ဇ္မန္း(၁၁ဂိုး)၊ လူကာကူ (၁၀ဂိုး)၊နဲ႔ ပါရီဆစ္(၉ဂိုး)တို႔သာရွိပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္လူ ဖူလာဟာ မလိုအပ္ဘဲကစားပုံၾကမ္းခဲ့လို႔ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရၿပီး အဲဒီေနာက္ပိုင္း ဆြစ္ဇာလန္ဟာ ခံစစ္ကိုပဲအထိုင္ကစားခဲ့တာေၾကာင့္ စပိန္အသင္း တိုက္စစ္ျမႇင့္ကစားခဲ့တယ္။

ဘယ္ျခမ္းမွာ ေယာ္ဒီအယ္လ္ဘာက Over Lap လုပ္ၿပီး ထိုးေဖာက္ခဲ့သလို အိုရာဇာဘယ္လ္ဝင္လာၿပီးေနာက္ပိုင္း စပိန္အသင္းညာျခမ္းတိုက္စစ္ကစားပုံပါေကာင္းလာလို႔ အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ ဆြစ္ဇာလန္ဂိုးသမားဆြန္မာ လက္စြမ္းျပေနလို႔ ဂိုးမရခဲ့ဘူး။

သာမန္ပြဲကစားခ်ိန္မိနစ္(၉၀)ျပည့္လို႔ အခ်ိန္ပို မိနစ္(၃၀)ဆက္ကစားေတာ့လည္း သေရဆက္က်ေနတဲ့အတြက္ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး ပယ္နယ္တီမွာ ဆြန္မာ အေကာင္းဆုံးကာကြယ္မႈလုပ္ႏိုင္ခဲ့ေပမယ့္ ဆြစ္ဇာလန္အသင္းက ေဖဘီယန္ရွား၊ အကန္ဂ်ီ၊ ဗားဂတ္စ္တို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ စပိန္အသင္းဟာ (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ ဆီမီးဖိုင္နယ္အဆင့္တက္ေရာက္ခဲ့ပါတယ္။

ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းကို ပယ္နယ္တီနဲ႔ အသည္းခြဲခဲ့တဲ့ ဆြစ္ဇာလန္တို႔ အခုပြဲမွာ ပယ္နယ္တီနဲ႔ပဲ အသည္းျပန္ကြဲခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္နဲ႔သာ ေက်နပ္ခဲ့ရပါၿပီ။