ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ အီတလီ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ နှစ်သင်းဖြစ်လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူ ရင်ခုန်စရာလည်းကောင်းခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ထက် ဘောလုံးရတာနဲ့ တိုက်စစ်ဆင်ကြတာကြောင့် အပိုင်အခွင့်အရေးတွေ ကိုယ်စီရရှိခဲ့သလို ဘယ်လ်ဂျီယံအသင်းကတော့ ကံဆိုးစွာနဲ့ အခွင့်အရေးတချို့လွဲချော်ခဲ့လို့ ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက် ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

အီတလီအသင်းဟာ တစ်ပွဲထက်တစ်ပွဲကစားပုံ ပိုကောင်းလာသလို၊ ကစားသမားတွေကြား နားလည်မှုက ပိုတိုးတက်လာပြီး Off The Ball Movement တွေက တကယ့်ကို ကြည့်ကောင်းခဲ့ပါတယ်။ ကံကြမ္မာရဲ့ကျီစယ်မှုသာမရှိရင်တော့ အီတလီအသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့အနေအထားလို့ ပြောရမှာပါ။

ဘယ်လ်ဂျီယံအသင်းမှာ အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက် ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့လူ နည်းပြမာတီနက်ဇ်က ထူးထူးခြားခြားပဲ ဘယ်ခြမ်းတိုက်စစ်အဖြစ် လူငယ်တိုက်စစ်ကစားသမား ဒိုကူကို ပွဲထုတ်ခဲ့ပြီး အသက် ၁၉ နှစ်၊ ၃၆ ရက်သာရှိသေးတဲ့ ဒိုကူဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက်အဆင့်တွေမှာ ဘယ်လ်ဂျီယံအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အီတလီလိုအသင်းမျိုးနဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဒိုကူဟာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူ့ကို အီတလီခံစစ်က ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်။

ဘယ်လ်ဂျီယံအသင်းရခဲ့တဲ့ ချေပဂိုးကလည်း သူ့ကြောင့်ရခဲ့တဲ့ပယ်နယ်တီကနေ လူကာကူက သွင်းယူခဲ့တာပါ။ ပွဲစကတည်းက အီတလီအသင်းဟာ အရှိန်မြှင့်ကစားခဲ့တာကြောင့် ဘယ်လ်ဂျီယံ ကစားကွက်တည်မရဘဲ ပထမပိုင်း(၁၃)မိနစ်မှာ ဘိုနူချီက အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေလု့ိ ဂိုးမရခဲ့ပါဘူး။

ဘယ်လ်ဂျီယံအသင်းကလည်း နာမည်ကျော်ကစားသမား ဒီဘရိုင်းနားရဲ့ ဦးဆောင်မှုနဲ့အတူ တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အီတလီဂိုးသမားဒွန်နာရမ်မာ လက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်။

အီတလီအသင်းညာခြမ်းတိုက်စစ်က ဘာရယ်လာနဲ့ ချီယေဆာတို့အတွဲအဖက်က ဘယ်လ်ဂျီယံခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပြီး ဂျော်ဂျင်ဟိုက ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့သလို အင်ဆစ်ဂ်နီ၊ ဗာရက်တီတို့လည်း ခြေစွမ်းပြခဲ့ပါတယ်။ အဲဒါကြောင့်ပဲ (၃၁)မိနစ်မှာ ဗာရက်တီရဲ့ပေးပို့မှုကနေ ဘာရယ်လာက ပြိုင်ဘက်ခံစစ်တွေကို ကျော်ဖြတ်ပြီး ကန်ချက်ပြင်းပြင်းနဲ့ အီတလီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တယ်။

(၄၄)မိနစ်မှာ ဝါရင့်တိုက်စစ်ကစားသမား အင်ဆစ်ဂ်နီက ပယ်နယ်တီဧရိယာထိပ်နားကနေ လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ ဒုတိယဂိုးသွင်းခဲ့လို့ အီတလီအသင်းအနိုင်သေချာပြီလို့ ထင်နေတုန်းမှာပဲ မိနစ်ပိုင်းအကြာမှာ ပယ်နယ်တီကနေ လူကာကူက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ပယ်နယ်တီဧရိယာထဲ ဆွဲပြေးလာတဲ့ ဒိုကူကို ဒီလော်ရန်ဇို တားဆီးတာမှာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ ဒိုင်လူကြီးက ယူဆခဲ့ပေမယ့် ဒါက ၅၀-၅၀ အနေအထားလို့ ပြောရမှာပါပဲ။ ပယ်နယ်တီကနေ ဂိုးသွင်းခဲ့တဲ့ လူကာကူဟာ ယူရိုပြိုင်ပွဲတစ်လျှောက်မှာ (၆)ဂိုး၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဘယ်လ်ဂျီယံအသင်းအတွက် သူ့ထက် သွင်းဂိုးပိုများတဲ့ကစားသမား မရှိတော့ပါဘူး။

ဘယ်လ်ဂျီယံကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ တိုင်လေစမန်းနဲ့ ဝစ်ဆဲလ်တို့ဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ သာမန်ထက်မပိုတဲ့စွမ်းဆောင်ရည်မျိုးသာပြသနိုင်ခဲ့ပြီး အခုပွဲမှာလည်း ဘယ်လ်ဂျီယံကွင်းလယ်က ဒီဘရိုင်းနားတစ်ယောက်တည်းကိုပဲ မှီခိုနေသလိုဖြစ်နေတယ်။ အီတလီအသင်းမှာတော့ တိုက်စစ်မှူးအီမိုဘီလီဟာ နေရာယူပုံ၊ ကစားအားကောင်းပေမယ့် ဂိုးသွင်းချင်ဇောနဲ့ မလိုလားအပ်ဘဲ တစ်ကိုယ်ကောင်းဆန်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဘယ်လ်ဂျီယံအပိုင်အခွင့်အရေးတွေရခဲ့ပြီး လူကာကူရဲ့ ကန်ချက် စပင်နက်ဇ်ဇိုလာနဲ့ ထိပြီးတော့ လွဲခဲ့တာက အကြီးမားဆုံးကံဆိုးမှုလို့ပြောရမယ်။ ယူရိုပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြနေတဲ့ စပင်နက်ဇ်ဇိုလာ ဒဏ်ရာရခဲ့ပြီး သူ့ဒဏ်ရာကပြင်းထန်ပုံရလို့ အီတလီအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်လို့ဆိုရမှာပါ။ ပွဲပြီးဖို့မိနစ်(၂၀)လောက်အလိုမှာ အီတလီအသင်းက ခံစစ်ကို ဦးစားပေးကစားခဲ့ပြီး ဘယ်လ်ဂျီယံအသင်း ချေပဂိုးရဖို့ကြိုးစားပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။

အီတလီအသင်းဟာ ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲတွေအပါအဝင် နောက်ဆုံး(၁၅)ပွဲဆက်အနိုင်ရခဲ့တဲ့အတွက် စံချိန်တင်နိုင်ခဲ့သလို ဘယ်လ်ဂျီယံအသင်းနဲ့ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ (၅)ကြိမ်ဆုံတွေ့ခဲ့ပြီး (၄)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ရှုံးပွဲမရှိတဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

zawgyi

ဆီမီးဖိုင္နယ္ေရာက္ရွိခဲ့တဲ့ အီတလီ

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့ ႏွစ္သင္းျဖစ္လို႔ ပြဲကအႀကိတ္အနယ္ရွိခဲ့ၿပီး အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔အတူ ရင္ခုန္စရာလည္းေကာင္းခဲ့ပါတယ္။

ႏွစ္သင္းစလုံးဟာ ေဘာလုံးပိုင္ဆိုင္မႈအသာရဖို႔ထက္ ေဘာလုံးရတာနဲ႔ တိုက္စစ္ဆင္ၾကတာေၾကာင့္ အပိုင္အခြင့္အေရးေတြ ကိုယ္စီရရွိခဲ့သလို ဘယ္လ္ဂ်ီယံအသင္းကေတာ့ ကံဆိုးစြာနဲ႔ အခြင့္အေရးတခ်ိဳ႕လြဲေခ်ာ္ခဲ့လို႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ ကြာတားဖိုင္နယ္ကေန လွည့္ျပန္ခဲ့ရပါၿပီ။

အီတလီအသင္းဟာ တစ္ပြဲထက္တစ္ပြဲကစားပုံ ပိုေကာင္းလာသလို၊ ကစားသမားေတြၾကား နားလည္မႈက ပိုတိုးတက္လာၿပီး Off The Ball Movement ေတြက တကယ့္ကို ၾကည့္ေကာင္းခဲ့ပါတယ္။

ကံၾကမၼာရဲ႕က်ီစယ္မႈသာမရွိရင္ေတာ့ အီတလီအသင္းဟာ ခ်န္ပီယံျဖစ္ႏိုင္တဲ့အေနအထားလို႔ ေျပာရမွာပါ။

ဘယ္လ္ဂ်ီယံအသင္းမွာ အဓိက တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ဟာဇက္ ဒဏ္ရာေၾကာင့္မပါဝင္ႏိုင္ခဲ့လူ နည္းျပမာတီနက္ဇ္က ထူးထူးျခားျခားပဲ ဘယ္ျခမ္းတိုက္စစ္အျဖစ္ လူငယ္တိုက္စစ္ကစားသမား ဒိုကူကို ပြဲထုတ္ခဲ့ၿပီး အသက္ ၁၉ ႏွစ္၊ ၃၆ ရက္သာရွိေသးတဲ့ ဒိုကူဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲရႈံးထြက္အဆင့္ေတြမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္ပြဲထြက္ခြင့္ရခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

အီတလီလိုအသင္းမ်ိဳးနဲ႔ပြဲမွာ ႏိုင္ငံအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ဒိုကူဟာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး သူ႔ကို အီတလီခံစစ္က ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတယ္။

ဘယ္လ္ဂ်ီယံအသင္းရခဲ့တဲ့ ေခ်ပဂိုးကလည္း သူ႔ေၾကာင့္ရခဲ့တဲ့ပယ္နယ္တီကေန လူကာကူက သြင္းယူခဲ့တာပါ။ ပြဲစကတည္းက အီတလီအသင္းဟာ အရွိန္ျမႇင့္ကစားခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံ ကစားကြက္တည္မရဘဲ ပထမပိုင္း(၁၃)မိနစ္မွာ ဘိုႏူခ်ီက အဖြင့္ဂိုးသြင္းယူခဲ့ေပမယ့္ လူကြၽံေနလု႔ိ ဂိုးမရခဲ့ပါဘူး။

ဘယ္လ္ဂ်ီယံအသင္းကလည္း နာမည္ေက်ာ္ကစားသမား ဒီဘ႐ိုင္းနားရဲ႕ ဦးေဆာင္မႈနဲ႔အတူ တန္ျပန္တိုက္စစ္ေတြကေန ဂိုးသြင္းခြင့္ေတြရခဲ့ေပမယ့္ အီတလီဂိုးသမားဒြန္နာရမ္မာ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တယ္။

အီတလီအသင္းညာျခမ္းတိုက္စစ္က ဘာရယ္လာနဲ႔ ခ်ီေယဆာတို႔အတြဲအဖက္က ဘယ္လ္ဂ်ီယံခံစစ္ကို ဒုကၡေပးႏိုင္ခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုက ကြင္းလယ္ကို အေကာင္းဆုံးထိန္းခ်ဳပ္ကစားႏိုင္ခဲ့သလို အင္ဆစ္ဂ္နီ၊ ဗာရက္တီတို႔လည္း ေျခစြမ္းျပခဲ့ပါတယ္။

အဲဒါေၾကာင့္ပဲ (၃၁)မိနစ္မွာ ဗာရက္တီရဲ႕ေပးပို႔မႈကေန ဘာရယ္လာက ၿပိဳင္ဘက္ခံစစ္ေတြကို ေက်ာ္ျဖတ္ၿပီး ကန္ခ်က္ျပင္းျပင္းနဲ႔ အီတလီအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့တယ္။

(၄၄)မိနစ္မွာ ဝါရင့္တိုက္စစ္ကစားသမား အင္ဆစ္ဂ္နီက ပယ္နယ္တီဧရိယာထိပ္နားကေန လွပတဲ့ေဝ့ဝိုက္ကန္ခ်က္နဲ႔ ဒုတိယဂိုးသြင္းခဲ့လို႔ အီတလီအသင္းအႏိုင္ေသခ်ာၿပီလို႔ ထင္ေနတုန္းမွာပဲ မိနစ္ပိုင္းအၾကာမွာ ပယ္နယ္တီကေန လူကာကူက ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။

ပယ္နယ္တီဧရိယာထဲ ဆြဲေျပးလာတဲ့ ဒိုကူကို ဒီေလာ္ရန္ဇို တားဆီးတာမွာ ျပစ္ဒဏ္က်ဴးလြန္တယ္လို႔ ဒိုင္လူႀကီးက ယူဆခဲ့ေပမယ့္ ဒါက ၅၀-၅၀ အေနအထားလို႔ ေျပာရမွာပါပဲ။

ပယ္နယ္တီကေန ဂိုးသြင္းခဲ့တဲ့ လူကာကူဟာ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္မွာ (၆)ဂိုး၊ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၅)ဂိုးသြင္းယူခဲ့ၿပီး ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္ သူ႔ထက္ သြင္းဂိုးပိုမ်ားတဲ့ကစားသမား မရွိေတာ့ပါဘူး။

ဘယ္လ္ဂ်ီယံကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့ တိုင္ေလစမန္းနဲ႔ ဝစ္ဆဲလ္တို႔ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးမွာ သာမန္ထက္မပိုတဲ့စြမ္းေဆာင္ရည္မ်ိဳးသာျပသႏိုင္ခဲ့ၿပီး အခုပြဲမွာလည္း ဘယ္လ္ဂ်ီယံကြင္းလယ္က ဒီဘ႐ိုင္းနားတစ္ေယာက္တည္းကိုပဲ မွီခိုေနသလိုျဖစ္ေနတယ္။ အီတလီအသင္းမွာေတာ့ တိုက္စစ္မႉးအီမိုဘီလီဟာ ေနရာယူပုံ၊ ကစားအားေကာင္းေပမယ့္ ဂိုးသြင္းခ်င္ေဇာနဲ႔ မလိုလားအပ္ဘဲ တစ္ကိုယ္ေကာင္းဆန္ခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ ဘယ္လ္ဂ်ီယံအပိုင္အခြင့္အေရးေတြရခဲ့ၿပီး လူကာကူရဲ႕ ကန္ခ်က္ စပင္နက္ဇ္ဇိုလာနဲ႔ ထိၿပီးေတာ့ လြဲခဲ့တာက အႀကီးမားဆုံးကံဆိုးမႈလို႔ေျပာရမယ္။ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ စပင္နက္ဇ္ဇိုလာ ဒဏ္ရာရခဲ့ၿပီး သူ႔ဒဏ္ရာကျပင္းထန္ပုံရလို႔ အီတလီအသင္းအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္လို႔ဆိုရမွာပါ။ ပြဲၿပီးဖို႔မိနစ္(၂၀)ေလာက္အလိုမွာ အီတလီအသင္းက ခံစစ္ကို ဦးစားေပးကစားခဲ့ၿပီး ဘယ္လ္ဂ်ီယံအသင္း ေခ်ပဂိုးရဖို႔ႀကိဳးစားေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္နဲ႔ ေက်နပ္ခဲ့ရပါတယ္။

အီတလီအသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေျခစစ္ပြဲေတြအပါအဝင္ ေနာက္ဆုံး(၁၅)ပြဲဆက္အႏိုင္ရခဲ့တဲ့အတြက္ စံခ်ိန္တင္ႏိုင္ခဲ့သလို ဘယ္လ္ဂ်ီယံအသင္းနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ (၅)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၄)ပြဲႏိုင္၊ (၁)ပြဲသေရနဲ႔ရႈံးပြဲမရွိတဲ့မွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။