ယူနိုက်တက်အသင်းထံ ဖီးလ်ဂျုံး ပြောင်းရွေ့လာခဲ့တာ ( ၁၀ ) နှစ်ပြည့်ပြီ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ‌ဂျေဒန် ဆန်ချို အပြောင်းအရွေ့ကို အတည်ပြု ကြေညာခဲ့တဲ့နေ့မှာတောင် ဖီးလ်ဂျုံးရဲ့ အမှတ်ရစရာ အခိုက်အတန့်ကို အသိမှတ်ပြုဖို့ မမေ့ခဲ့ပါဘူး။ အဆိုပါနေ့မှာ ဘလက်လန်းရိုဗာစ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ဖီးလ်ဂျုံး ပြောင်းရွေ့လာခဲ့တာ ( ၁၀ ) နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ အတော်လေး ရှည်လျားတဲ့ကာလဖြစ်ပြီး ဂျုံးဟာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အပြည့်အဝ သဘောကျမိမှာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် နောက်ပိုင်းနှစ်တွေ အများစုက ဂျုံးအတွက် ခံစားရစေပါလိမ့်မယ်။ ( ၂၀၁၉ ) ခုနှစ်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသင့်ပေမယ့် ( ၂၀၂၀ /၂၁ ) ရာသီ တစ်ခုလုံးကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပါတယ်။

သူနောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်က ( ၂၀၂၀ ) ၊ ဇန်နဝါရီလတုန်းက အိမ်ကွင်းမှာ ဘန်လေကို ( ၂-၀ )ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖီးလ်းဂျုံးက ဘောလုံးလောကထက် meme တွေမှာ အတွေ့ရများနေခဲ့ပါတယ်။ သူရဲ့ ရူးကြောင်ကြောင် မျက်နှာအနေအထားတွေ ၊ မြေပြင်ပေါ်လဲကျနေစဉ် ဘောလုံးကို ခေါင်းတိုက်နေတဲ့ပုံတွေကို နေရာအနှံ့မြင်တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒါတွေအများစုက သူနဲ့မထိုက်တန်ပါဘူး။ ဂျုံးက ( ၂၀၁၁ ) ခုနှစ် ယူနိုက်တက် ခေါ်ယူချိန်မှာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဆာအဲလက် ဖာဂူဆန်လက်ထက် ( ၂၀၁၂ /၁၃ ) ရာသီမှာ ဂျုံးက ပရီးမီးယားလိဂ် ( ၁၇) ပွဲ ကစားကာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဂျုံးက ယူနိုက်တက်အတွက် ( ၂၂၄ ) ပွဲ ကစားပေးခဲ့ပြီး အသင်းသမိုင်းရဲ့ ( ၉၂ ) ယောက်မြောက် ပွဲအများဆုံး ကစားသမားဖြစ်ပါတယ်။ ဗဟိုခံစစ် ကစားသမားဟာ အသက် ( ၂၉ ) နှစ်အရွယ်သာ ရှိသေးပြီး စာချုပ်သက်တမ်း ( ၁ ) နှစ် ကျန်ရှိနေတယ်။ ဒါပေမယ့် ယူနိုက်တက်က ကမ်းလှမ်းမှုတွေ လက်ခံရရှိပါက အငှားချသွားဖွယ်ရှိနေပါတယ်။

zawgyi

ယူႏိုက္တက္အသင္းထံ ဖီးလ္ဂ်ဳံး ေျပာင္းေ႐ြ႕လာခဲ့တာ ( ၁၀ ) ႏွစ္ျပည့္ၿပီ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ‌ေဂ်ဒန္ ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕ကို အတည္ျပဳ ေၾကညာခဲ့တဲ့ေန႔မွာေတာင္ ဖီးလ္ဂ်ဳံးရဲ႕ အမွတ္ရစရာ အခိုက္အတန႔္ကို အသိမွတ္ျပဳဖို႔ မေမ့ခဲ့ပါဘူး။ အဆိုပါေန႔မွာ ဘလက္လန္း႐ိုဗာစ္အသင္းကေန မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ဖီးလ္ဂ်ဳံး ေျပာင္းေ႐ြ႕လာခဲ့တာ ( ၁၀ ) ႏွစ္ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။

ဒါဟာ အေတာ္ေလး ရွည္လ်ားတဲ့ကာလျဖစ္ၿပီး ဂ်ဳံးဟာ ျဖတ္သန္းခဲ့ရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ အျပည့္အဝ သေဘာက်မိမွာေတာ့ မဟုတ္ပါဘူး။ အထူးသျဖင့္ ေနာက္ပိုင္းႏွစ္ေတြ အမ်ားစုက ဂ်ဳံးအတြက္ ခံစားရေစပါလိမ့္မယ္။ ( ၂၀၁၉ ) ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသင့္ေပမယ့္ ( ၂၀၂၀ /၂၁ ) ရာသီ တစ္ခုလုံးကို ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။

သူေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္က ( ၂၀၂၀ ) ၊ ဇန္နဝါရီလတုန္းက အိမ္ကြင္းမွာ ဘန္ေလကို ( ၂-၀ )ရွံုးနိမ့္ခဲ့တဲ့ ပြဲစဥ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ဖီးလ္းဂ်ဳံးက ေဘာလုံးေလာကထက္ meme ေတြမွာ အေတြ႕ရမ်ားေနခဲ့ပါတယ္။ သူရဲ႕ ႐ူးေၾကာင္ေၾကာင္ မ်က္ႏွာအေနအထားေတြ ၊ ေျမျပင္ေပၚလဲက်ေနစဥ္ ေဘာလုံးကို ေခါင္းတိုက္ေနတဲ့ပုံေတြကို ေနရာအႏွံ႔ျမင္ေတြ႕ခဲ့ရပါတယ္။

တကယ္ေတာ့ ဒါေတြအမ်ားစုက သူနဲ႔မထိုက္တန္ပါဘူး။ ဂ်ဳံးက ( ၂၀၁၁ ) ခုႏွစ္ ယူႏိုက္တက္ ေခၚယူခ်ိန္မွာ အဂၤလိပ္ေဘာလုံးေလာကရဲ႕ အေတာက္ပဆုံး ၾကယ္ပြင့္ကစားသမားေတြထဲက တစ္ဦး ျဖစ္ပါတယ္။ ဆာအဲလက္ ဖာဂူဆန္လက္ထက္ ( ၂၀၁၂ /၁၃ ) ရာသီမွာ ဂ်ဳံးက ပရီးမီးယားလိဂ္ ( ၁၇) ပြဲ ကစားကာ အမွတ္ေပးခ်န္ပီယံဆု ရယူႏိုင္ခဲ့ပါတယ္။

ဂ်ဳံးက ယူႏိုက္တက္အတြက္ ( ၂၂၄ ) ပြဲ ကစားေပးခဲ့ၿပီး အသင္းသမိုင္းရဲ႕ ( ၉၂ ) ေယာက္ေျမာက္ ပြဲအမ်ားဆုံး ကစားသမားျဖစ္ပါတယ္။ ဗဟိုခံစစ္ ကစားသမားဟာ အသက္ ( ၂၉ ) ႏွစ္အ႐ြယ္သာ ရွိေသးၿပီး စာခ်ဳပ္သက္တမ္း ( ၁ ) ႏွစ္ က်န္ရွိေနတယ္။ ဒါေပမယ့္ ယူႏိုက္တက္က ကမ္းလွမ္းမႈေတြ လက္ခံရရွိပါက အငွားခ်သြားဖြယ္ရွိေနပါတယ္။