မန်ယူမှာ ကြိမ်စာသင့် နံပါတ် (၇) ကို ဝတ်ဆင်ပြီး ကျောနံပါတ် ကြိမ်စာပျက်ပြယ်စေနိုင်မလား ဆန်ချို

ဆန်ချိုဟာ ဒေါ့မွန်အသင်းကနေ မန်ယူအသင်းကို ပြောင်းလာမယ်လို့ နှစ်သင်းစလုံးက အတည်ပြုမှု ထွက်လာပြီး ကစားသမားအနေနဲ့ မန်ယူအသင်းမှာ ကြိမ်စာသင့် ကျောနံပတ်လို့ နာမည်ကြီးနေတဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင်မှာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ကာဗာနီက လက်ရှိမှာ ကျောနံပါတ် (၇) ကို ဝတ်ဆင်နေပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၉) ပွဲ ကစားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုး သွင်းထားပါတယ်။

မန်ယူအသင်းမှာ ကျောနံပါတ် (၇) ကို ဝတ်ဆင်ပြီး နောက်ဆုံး ခြေစွမ်းပြကစားခဲ့တဲ့ သူကတော့ ရော်နယ်ဒို ဖြစ်ပြီး သူက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၉၂) ပွဲ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၁၈) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။

မန်ယူအသင်းမှာ ရော်နယ်ဒို နောက်ပိုင်း ကျောနံပါတ် (၇) ကို အိုဝင်၊ ဗလန်စီယာ၊ ဒီမာရီယာ၊ ဒီပေး နဲ့ ဆန်းချက်စ်တို့ ဝတ်ဆင်ခဲ့ပြီး သူတို့တွေရဲ့ လက်ထက်မှာ ကျောနံပါတ် (၇) က မန်ယူရဲ့ ကြိမ်စာသင့် ကျောနံပါတ်လို့ ပြောစရာဖြစ်ခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူး ကာဗာနီဟာ ပွဲစဉ် (၃၉) ပွဲမှာ သွင်းဂိုး (၁၇) ဂိုး သွင်းယူထားနိုင်တာကြောင့် မန်ယူ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဒီမာရီယာ၊ ဒီပေး နဲ့ ဆန်းချက်စ်တို့ရဲ့ (၃) ယောက်ပေါင်း သွင်းဂိုး စုစုပေါင်း (၁၆) ဂိုးထက် သွင်းဂိုး ပို များပါတယ်။

Metro သတင်းက ဆန်ချိုဟာ တိုက်စစ်မှူး ကာဗာနီဆီကနေ ကျောနံပါတ် (၇) ကို လွဲယူသွားမယ်လို့ ဖော်ပြခဲ့ပြီး မန်ယူပရိသတ်တွေဟာ ဒေါ့မွန်မှာ ကျောနံပါတ် (၇) ဝတ်ဆင်ပြီး ခြေစွမ်းပြသလို မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ပါ မျှော်လင့်နေမှာပါ။

ဒေါ့မွန်အသင်းဘက်က ဆန်ချိုဟာ မန်ယူအသင်းကို ပြောင်းရွှေ့မှု ဖြစ်မြောက်ပြီလို့ အတည်ပြုခဲ့ပြီး မန်ယူအသင်းအနေနဲ့ အပိုကြေး အပါအဝင် ကနဦး ပြောင်းရွှေ့ကြေး ပေါင် (၇၃) သန်းနီးပါးနဲ့ (၅) နှစ်ကြာ ကာလရှည် စာချုပ် ချုပ်ခဲ့ပါတယ်။ ဆန်ချိုဟာ မန်ယူအသင်းမှာ တစ်ပတ်ကို ပေါင် (၃၅၀၀၀၀) ရရှိမှာ ဖြစ်လို့ လက်ရှိ ဒေါ့မွန်အသင်းမှာ ရရှိနေတဲ့ တစ်ပတ်ကို ပေါင် (၁၀၀၀၀၀) ထက် (၃) ဆ ပို များနေပြီး မန်ယူအသင်းရဲ့ ကျောနံပါတ် (၇) ကြိမ်စာကို ပျက်ပြယ်စေနိုင်မလား။

zawgyi

မန္ယူမွာ ႀကိမ္စာသင့္ နံပါတ္ (၇) ကို ဝတ္ဆင္ၿပီး ေက်ာနံပါတ္ ႀကိမ္စာပ်က္ျပယ္ေစႏိုင္မလား ဆန္ခ်ိဳ

ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းကေန မန္ယူအသင္းကို ေျပာင္းလာမယ္လို႔ ႏွစ္သင္းစလုံးက အတည္ျပဳမႈ ထြက္လာၿပီး ကစားသမားအေနနဲ႔ မန္ယူအသင္းမွာ ႀကိမ္စာသင့္ ေက်ာနံပတ္လို႔ နာမည္ႀကီးေနတဲ့ ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္မွာပဲ ျဖစ္ပါတယ္။

မန္ယူအသင္းကို အလြတ္ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ကာဗာနီက လက္ရွိမွာ ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ေနၿပီး မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲစဥ္ (၃၉) ပြဲ ကစားရာမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး (၁၇) ဂိုး သြင္းထားပါတယ္။

မန္ယူအသင္းမွာ ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ၿပီး ေနာက္ဆုံး ေျခစြမ္းျပကစားခဲ့တဲ့ သူကေတာ့ ေရာ္နယ္ဒို ျဖစ္ၿပီး သူက မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲစဥ္ (၂၉၂) ပြဲ ကစားခဲ့ရာမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး (၁၁၈) ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာပါ။

မန္ယူအသင္းမွာ ေရာ္နယ္ဒို ေနာက္ပိုင္း ေက်ာနံပါတ္ (၇) ကို အိုဝင္၊ ဗလန္စီယာ၊ ဒီမာရီယာ၊ ဒီေပး နဲ႔ ဆန္းခ်က္စ္တို႔ ဝတ္ဆင္ခဲ့ၿပီး သူတို႔ေတြရဲ႕ လက္ထက္မွာ ေက်ာနံပါတ္ (၇) က မန္ယူရဲ႕ ႀကိမ္စာသင့္ ေက်ာနံပါတ္လို႔ ေျပာစရာျဖစ္ခဲ့ပါတယ္။

မန္ယူ တိုက္စစ္မႉး ကာဗာနီဟာ ပြဲစဥ္ (၃၉) ပြဲမွာ သြင္းဂိုး (၁၇) ဂိုး သြင္းယူထားႏိုင္တာေၾကာင့္ မန္ယူ ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ဒီမာရီယာ၊ ဒီေပး နဲ႔ ဆန္းခ်က္စ္တို႔ရဲ႕ (၃) ေယာက္ေပါင္း သြင္းဂိုး စုစုေပါင္း (၁၆) ဂိုးထက္ သြင္းဂိုး ပို မ်ားပါတယ္။

Metro သတင္းက ဆန္ခ်ိဳဟာ တိုက္စစ္မႉး ကာဗာနီဆီကေန ေက်ာနံပါတ္ (၇) ကို လြဲယူသြားမယ္လို႔ ေဖာ္ျပခဲ့ၿပီး မန္ယူပရိသတ္ေတြဟာ ေဒါ့မြန္မွာ ​ေက်ာနံပါတ္ (၇) ဝတ္ဆင္ၿပီး ေျခစြမ္းျပသလို မန္ယူအသင္းမွာ ေျခစြမ္းျပဖို႔ပါ ေမွ်ာ္လင့္ေနမွာပါ။

ေဒါ့မြန္အသင္းဘက္က ဆန္ခ်ိဳဟာ မန္ယူအသင္းကို ေျပာင္းေ႐ႊ႕မႈ ျဖစ္ေျမာက္ၿပီလို႔ အတည္ျပဳခဲ့ၿပီး မန္ယူအသင္းအေနနဲ႔ အပိုေၾကး အပါအဝင္ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၇၃) သန္းနီးပါးနဲ႔ (၅) ႏွစ္ၾကာ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ခဲ့ပါတယ္။

ဆန္ခ်ိဳဟာ မန္ယူအသင္းမွာ တစ္ပတ္ကို ေပါင္ (၃၅၀၀၀၀) ရရွိမွာ ျဖစ္လို႔ လက္ရွိ ေဒါ့မြန္အသင္းမွာ ရရွိေနတဲ့ တစ္ပတ္ကို ေပါင္ (၁၀၀၀၀၀) ထက္ (၃) ဆ ပို မ်ားေနၿပီး မန္ယူအသင္းရဲ႕ ေက်ာနံပါတ္ (၇) ႀကိမ္စာကို ပ်က္ျပယ္ေစႏိုင္မလား။