ဆိုရှားက ဆန်ချိုအောင်မြင်ဖို့ စိတ်ရှည်မှု အချိန်ပေးရပါလိမ့်မယ်

ဂျေဒန် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်အသင်းထံ တရားဝင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါက ပရိသတ်တွေ ကာလရှည် စောင့်မျှော်နေခဲ့တဲ့ အပြောင်းအရွေ့ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုက ယူနိုက်တက် ပရိသတ်တွေ တောင်းတနေတဲ့ အရာတစ်ခုထက်ပိုပါတယ်။

ခရစ္စတီယာနို ‌ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့ ( ၂၀၀၉ ) ခုနှစ် ကတည်းက ယူနိုက်တက်မှာ ပွဲရလာဒ်ကို အလှည့်အပြောင်း ဖြစ်စေနိုင်မယ့် တိုက်စစ်ကစားသမား ကင်းမဲ့နေခဲ့ပါတယ်။ အစားထိုးဖို့ ကြိုးစားမှုတွေကလည်း ဆိုးရွားစွာ ကျရှုံးခဲ့ပါတယ်။ ယူနိုက်တက် ပထမဦးဆုံးခေါ်ယူခဲ့တဲ့ ဂါဘရီရယ် အိုဘာတန်က ရယ်စရာတောင် ကောင်းခဲ့ပါတယ်။

အဲ့ဒီနောက် မှာ နောက်တန်းပြောင်းရွေ့ကစားခဲ့တဲ့ အန်တိုနီယို ဗလင်စီယာကို ခေါ်ယူခဲ့တယ် ။ ( ၂၀၁၄ ) နှင့် ( ၂၀၁၅ ) ခုနှစ်တွေမှာ အိန်ဂျယ် ဒီမာရီယာ နှင့် မက်ဖစ် ဒီပိုင်းတို့ကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပေမယ့် ( ၂ ) ဦးစလုံးက အိုးထရတ်ဖို့ဒ်မှာ မအောင်မြင်ခဲ့ပါဘူး။ ရှင်ဂျီ ကာဂါဝါ နှင့် မီခီတာရန်း တို့ဟာလည်း ဒေါ့မွန်အသင်းမှာ မှတ်တမ်းကောင်းတွေနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဆန်ချို ကျရှုံးဖို့ မျှော်လင့်နေတဲ့ ၊ စောင့်ဆိုင်းနေတဲ့ သူတွေလည်း ရှိပါလိမ့်မယ်။ သူ့အနေနဲ့ ဒါကို အကောင်းဆုံး ကိုယ်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာ သက်သေပြဖို့ လိုအပ်ပါတယ်။ ယခု တစ်ကြိမ်မတူညီတာက မန်နေဂျာပါ ။ အိုလေ ဂန်နား ဆိုးရှားက ဆန်ချို အောင်မြင်စေဖို့ အဓိကကျပါတယ်။ ပထမဆုံးအနေနဲ့ သူက တောင်ပံကစားသမားကို အသေးစိတ် လေ့လာစောင့်ကြည့်ခဲ့ပြီး အသင်းနဲ့ ဘယ်လို အံဝင်နိုင်မယ်ဆိုတာ စီစဉ်ထားပြီးဖြစ်ပါတယ်။ ယခုလို ကာလရှည် ကြိုတင်စီစဉ်မှုက ဒီမာရီယာ ၊ ဒီ‌ပိုင်းတို့ကို ခေါ်ယူစဉ်မှာ မရှိခဲ့ပါဘူး ။

ဆိုရှားက ဆန်ချိုအောင်မြင်ဖို့ အချိန်ပေးပါလိမ့်မယ် ၊ စိတ်ရှည်ပါလိမ့်မယ်၊ မီဒီယာတွေမှာလည်း သူ့ကို လုံးဝ ကာကွယ်ပေးပါလိမ့်မယ်။ ဒီမာရီယာ ၊ ဒီပိုင်းတို့နဲ့ မတူတာက ဆန်ချိုဟာ အကူးအပြောင်းကာလ ရောက်ရှိနေတဲ့ ယူနိုက်တက်မဟုတ်ပဲ အထိုင်ကျပြီးသား အသင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။

သူက အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ မားကတ် ရက်ဖို့ဒ် ၊ ဟယ်ရီ မက်ဂွဲယား ၊ လုခ်ရှောတို့နဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့အတွက် နောက်ကွယ်မှာ ပြဿနာမရှိနိုင်ပါဘူး။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်တိုင်းတာမှုက မဖြစ်နိုင်တဲ့ အရာဆိုပေမယ့် လူငယ်ကစားသမားဘဝမှာ ဆန်ချိုက ပေါ်တူဂီကြယ်ပွင့်ထက် သွင်းဂိုး ၊ ဖန်တီးမှုတွေ ပိုမိုပြုလုပ်ထားနိုင်တာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ခြေရာနင်းနိုင်မယ့် ကစားသမားကို ရှာဖွေနေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေအနေနဲ့ အင်္ဂလန်လက်ရွေးစင်ရဲ့ ဖျော်ဖြေမှုကို ဆက်လက်ရှုစားရမှာဖြစ်ကြောင်းပါ ။ ။

zawgyiဆိုရွားက ဆန္ခ်ိဳေအာင္ျမင္ဖို႔ စိတ္ရွည္မႈ အခ်ိန္ေပးပါလိမ့္မယ္

ေဂ်ဒန္ ဆန္ခ်ိဳက မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ တရားဝင္ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒါက ပရိသတ္ေတြ ကာလရွည္ ေစာင့္ေမွ်ာ္ေနခဲ့တဲ့ အေျပာင္းအေ႐ြ႕ တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳက ယူႏိုက္တက္ ပရိသတ္ေတြ ေတာင္းတေနတဲ့ အရာတစ္ခုထက္ပိုပါတယ္။ခရစၥတီယာႏို ‌ေရာ္နယ္ဒို ထြက္ခြာသြားခဲ့တဲ့ ( ၂၀၀၉ ) ခုႏွစ္ ကတည္းက ယူႏိုက္တက္မွာ ပြဲရလာဒ္ကို အလွည့္အေျပာင္း ျဖစ္ေစႏိုင္မယ့္ တိုက္စစ္ကစားသမား ကင္းမဲ့ေနခဲ့ပါတယ္။ အစားထိုးဖို႔ ႀကိဳးစားမႈေတြကလည္း ဆိုး႐ြားစြာ က်ရႈံးခဲ့ပါတယ္။ ယူႏိုက္တက္ ပထမဦးဆုံးေခၚယူခဲ့တဲ့ ဂါဘရီရယ္ အိုဘာတန္က ရယ္စရာေတာင္ ေကာင္းခဲ့ပါတယ္။ အဲ့ဒီေနာက္ မွာ ေနာက္တန္းေျပာင္းေ႐ြ႕ကစားခဲ့တဲ့ အန္တိုနီယို ဗလင္စီယာကို ေခၚယူခဲ့တယ္ ။

( ၂၀၁၄ ) ႏွင့္ ( ၂၀၁၅ ) ခုႏွစ္ေတြမွာ အိန္ဂ်ယ္ ဒီမာရီယာ ႏွင့္ မက္ဖစ္ ဒီပိုင္းတို႔ကို ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးေတြနဲ႔ ေခၚယူခဲ့ေပမယ့္ ( ၂ ) ဦးစလုံးက အိုးထရတ္ဖို႔ဒ္မွာ မေအာင္ျမင္ခဲ့ပါဘူး။ ရွင္ဂ်ီ ကာဂါဝါ ႏွင့္ မီခီတာရန္း တို႔ဟာလည္း ေဒါ့မြန္အသင္းမွာ မွတ္တမ္းေကာင္းေတြနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္မွာေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ဆန္ခ်ိဳ က်ရႈံးဖို႔ ေမွ်ာ္လင့္ေနတဲ့ ၊ ေစာင့္ဆိုင္းေနတဲ့ သူေတြလည္း ရွိပါလိမ့္မယ္။ သူ႔အေနနဲ႔ ဒါကို အေကာင္းဆုံး ကိုယ္တြယ္ေျဖရွင္းႏိုင္တယ္ဆိုတာ သက္ေသျပဖို႔ လိုအပ္ပါတယ္။ ယခု တစ္ႀကိမ္မတူညီတာက မန္ေနဂ်ာပါ ။ အိုေလ ဂန္နား ဆိုးရွားက ဆန္ခ်ိဳ ေအာင္ျမင္ေစဖို႔ အဓိကက်ပါတယ္။ပထမဆုံးအေနနဲ႔ သူက ေတာင္ပံကစားသမားကို အေသးစိတ္ ေလ့လာေစာင့္ၾကည့္ခဲ့ၿပီး အသင္းနဲ႔ ဘယ္လို အံဝင္ႏိုင္မယ္ဆိုတာ စီစဥ္ထားၿပီးျဖစ္ပါတယ္။ ယခုလို ကာလရွည္ ႀကိဳတင္စီစဥ္မႈက ဒီမာရီယာ ၊ ဒီ‌ပိုင္းတို႔ကို ေခၚယူစဥ္မွာ မရွိခဲ့ပါဘူး ။

ဆိုရွားက ဆန္ခ်ိဳေအာင္ျမင္ဖို႔ အခ်ိန္ေပးပါလိမ့္မယ္ ၊ စိတ္ရွည္ပါလိမ့္မယ္၊ မီဒီယာေတြမွာလည္း သူ႔ကို လုံးဝ ကာကြယ္ေပးပါလိမ့္မယ္။ ဒီမာရီယာ ၊ ဒီပိုင္းတို႔နဲ႔ မတူတာက ဆန္ခ်ိဳဟာ အကူးအေျပာင္းကာလ ေရာက္ရွိေနတဲ့ ယူႏိုက္တက္မဟုတ္ပဲ အထိုင္က်ၿပီးသား အသင္းကို ေရာက္ရွိလာတာျဖစ္ပါတယ္။သူက အဂၤလန္အသင္းေဖာ္ေတြျဖစ္တဲ့ မားကတ္ ရက္ဖို႔ဒ္ ၊ ဟယ္ရီ မက္ဂြဲယား ၊ လုခ္ေရွာတို႔နဲ႔လည္း ရင္းႏွီးၿပီးသားျဖစ္တဲ့အတြက္ ေနာက္ကြယ္မွာ ျပႆနာမရွိႏိုင္ပါဘူး။ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ႏႈိင္းယွဥ္တိုင္းတာမႈက မျဖစ္ႏိုင္တဲ့ အရာဆိုေပမယ့္ လူငယ္ကစားသမားဘဝမွာ ဆန္ခ်ိဳက ေပၚတူဂီၾကယ္ပြင့္ထက္ သြင္းဂိုး ၊ ဖန္တီးမႈေတြ ပိုမိုျပဳလုပ္ထားႏိုင္တာ ေတြ႕ရပါတယ္။

ယူႏိုက္တက္ဟာ ေရာ္နယ္ဒိုရဲ႕ေျခရာနင္းႏိုင္မယ့္ ကစားသမားကို ရွာေဖြေနခဲ့တာ အေတာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပရိသတ္ေတြအေနနဲ႔ အဂၤလန္လက္ေ႐ြးစင္ရဲ႕ ေဖ်ာ္ေျဖမႈကို ဆက္လက္ရႈစားရမွာျဖစ္ေၾကာင္းပါ ။ ။