ဂျူအန်မာတာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီ

ဂျူအန် မာတာက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်က အဆိုပါ သတင်းကို အသင်းဝက်ဆိုဒ်ကနေ တရားဝင် ကြေညာခဲ့ပြီး မာတာရဲ့ စာချုပ်သစ်က ( ၂၀၂၂ ) ခုနှစ်ထိ ဖြစ်ပါတယ်။

စပိန်သတင်းစာ Sport က မာတာဟာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ခလစာ လျော့ယူခဲ့တယ်လို့ ယခင်ကတည်းက ဆိုထားပါတယ်။ ယူနိုက်တက်က မာတာကို ( ၂၀၁၄ ) ခုနှစ်မှာ ချဲလ်ဆီးကနေ ပေါင် ( ၃၇.၁ ) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆန်ချိုအပြောင်းအရွေ့ကြောင့် သူက အသင်းရဲ့ နဝမမြောက် ပြောင်းရွေ့ကြေးအမြင့်မားဆုံး ခေါ်ယူမှုဖြစ်သွားပါတယ်။

မာတာက လူကြိုက်များပြီး လေးစားရတဲ့ ကစားသမားဆိုပေမယ့် တချို့ပရိသတ်တွေကတော့ ယခုဆုံးဖြတ်ချက်အပေါ် သဘောကျခြင်းမရှိပါဘူး ။ သူက ( ၂၀၂၀ /၂၁ ) ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ( ၆ ) ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ယူရိုပါလိဂ်မှာလည်း ( ၃၂ ) မိနစ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။

ယခုလို့ သူ့ရဲ့ စာချုပ်သက်တမ်းတိုးမှုက အသင်းကြီးနဲ့အတူ မိနစ်အနည်းငယ် ကစားခွင့်ရဖို့ ကြိုးစားနေတဲ့ ဆိုလာ ရှောတိုင်ယာ ၊ ဟာနီဘယ်တို့လို လူငယ် ကစားသမားတွေအတွက် အတားအဆီးဖြစ်စေပါတယ်။ သူက ( ၃၃ ) နှစ်အရွယ်ရှိပြီး အနည်းဆုံး နောက်ထပ် ( ၂ )နှစ် ၊ ( ၃ ) နှစ် ဘောလုံးကစားဖို့ အဆင်ပြေပါသေးတယ်။ တကယ်လို့ မာတာက ( ၃၅ ) နှစ်အရွယ်ရောက်နေပြီး ယူနိုက်တက်မှာ အနားယူကာ နည်းပြအဖွဲ့နဲ့ ပူးပေါင်းဖို့ရည်ရွယ်ထားပါက နားလည်ပေးလို့ရနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးက “ ကျွန်တော် မာတာ နှင့် သူ အသင်းအတွက် စွမ်းဆောင်ပေးထားတဲ့အရာတွေကို သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကစားခွင့်မရနိုင်တဲ့သူတွေကို တစ်ပတ် ပေါင် ( ၁ ) သိန်း မပေးသင့်ပါဘူး ။တကယ်လို့ ဒါက အကြံပေးနေရာအတွက်သာ ဖြစ်မယ်ဆိုရင် ပျော်ရွှင်မိမှာပါ။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် အကောင်းဘက်ကြည့်မယ်ဆိုရင် မာတာက နောက်ကွယ်မှာ လူငယ်ကစားသမားတွေအအပေါ် ရှေ့ဆောင် လမ်းပြအနေနဲ့ သက်ရောက်မှုကြီးမားနိုင်ပါတယ်။ မာတာက ပြီးခဲ့တဲ့ရာသီ အစောပိုင်းပွဲစဉ်တွေမှာ ဗန်ဒီဘိနဲ့ အတွဲညီညီ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဖာနန်ဒက်စ် ပွဲမပန်းစေဖို့ ရည်ရွယ်ချက်နဲ့ ပွဲစဉ်အချို့မှာ မာတာကို အစားထိုး အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် မာတာရဲ့ စာချုပ်သစ်ချုပ်ဆိုမှုကြောင့် ဟာနီဘယ်ကိုတော့ အငှားချဖို့ အလားအလာများသွားစေခဲ့ပါတယ်။

zawgyi

ဂ်ဴအန္မာတာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီ

ဂ်ဴအန္ မာတာက မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္က အဆိုပါ သတင္းကို အသင္းဝက္ဆိုဒ္ကေန တရားဝင္ ေၾကညာခဲ့ၿပီး မာတာရဲ႕ စာခ်ဳပ္သစ္က ( ၂၀၂၂ ) ခုႏွစ္ထိ ျဖစ္ပါတယ္။

စပိန္သတင္းစာ Sport က မာတာဟာ စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ လုပ္ခလစာ ေလ်ာ့ယူခဲ့တယ္လို႔ ယခင္ကတည္းက ဆိုထားပါတယ္။ ယူႏိုက္တက္က မာတာကို ( ၂၀၁၄ ) ခုႏွစ္မွာ ခ်ဲလ္ဆီးကေန ေပါင္ ( ၃၇.၁ ) သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳအေျပာင္းအေ႐ြ႕ေၾကာင့္ သူက အသင္းရဲ႕ နဝမေျမာက္ ေျပာင္းေ႐ြ႕ေၾကးအျမင့္မားဆုံး ေခၚယူမႈျဖစ္သြားပါတယ္။

မာတာက လူႀကိဳက္မ်ားၿပီး ေလးစားရတဲ့ ကစားသမားဆိုေပမယ့္ တခ်ိဳ႕ပရိသတ္ေတြကေတာ့ ယခုဆုံးျဖတ္ခ်က္အေပၚ သေဘာက်ျခင္းမရွိပါဘူး ။ သူက ( ၂၀၂၀ /၂၁ ) ရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၆ ) ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။ ယူ႐ိုပါလိဂ္မွာလည္း ( ၃၂ ) မိနစ္သာ ပါဝင္ခြင့္ရခဲ့ပါတယ္။

ယခုလို႔ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းတိုးမႈက အသင္းႀကီးနဲ႔အတူ မိနစ္အနည္းငယ္ ကစားခြင့္ရဖို႔ ႀကိဳးစားေနတဲ့ ဆိုလာ ေရွာတိုင္ယာ ၊ ဟာနီဘယ္တို႔လို လူငယ္ ကစားသမားေတြအတြက္ အတားအဆီးျဖစ္ေစပါတယ္။

သူက ( ၃၃ ) ႏွစ္အ႐ြယ္ရွိၿပီး အနည္းဆုံး ေနာက္ထပ္ ( ၂ )ႏွစ္ ၊ ( ၃ ) ႏွစ္ ေဘာလုံးကစားဖို႔ အဆင္ေျပပါေသးတယ္။ တကယ္လို႔ မာတာက ( ၃၅ ) ႏွစ္အ႐ြယ္ေရာက္ေနၿပီး ယူႏိုက္တက္မွာ အနားယူကာ နည္းျပအဖြဲ႕နဲ႔ ပူးေပါင္းဖို႔ရည္႐ြယ္ထားပါက နားလည္ေပးလို႔ရႏိုင္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္တစ္ဦးက “ ကြၽန္ေတာ္ မာတာ ႏွင့္ သူ အသင္းအတြက္ စြမ္းေဆာင္ေပးထားတဲ့အရာေတြကို သေဘာက်ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ ကစားခြင့္မရႏိုင္တဲ့သူေတြကို တစ္ပတ္ ေပါင္ ( ၁ ) သိန္း မေပးသင့့္ပါဘူး ။တကယ္လို႔ ဒါက အႀကံေပးေနရာအတြက္သာ ျဖစ္မယ္ဆိုရင္ ေပ်ာ္႐ႊင္မိမွာပါ။”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါေပမယ့္ အေကာင္းဘက္ၾကည့္မယ္ဆိုရင္ မာတာက ေနာက္ကြယ္မွာ လူငယ္ကစားသမားေတြအအေပၚ ေရွ႕ေဆာင္ လမ္းျပအေနနဲ႔ သက္ေရာက္မႈႀကီးမားႏိုင္ပါတယ္။ မာတာက ၿပီးခဲ့တဲ့ရာသီ အေစာပိုင္းပြဲစဥ္ေတြမွာ ဗန္ဒီဘိနဲ႔ အတြဲညီညီ ကစားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္က ဖာနန္ဒက္စ္ ပြဲမပန္းေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ပြဲစဥ္အခ်ိဳ႕မွာ မာတာကို အစားထိုး အသုံးျပဳလာႏိုင္ပါတယ္။ ဒါေပမယ့္ မာတာရဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမႈေၾကာင့္ ဟာနီဘယ္ကိုေတာ့ အငွားခ်ဖို႔ အလားအလာမ်ားသြားေစခဲ့ပါတယ္။