၂၀၂၁-၂၂ ရာသီအတွက် လာလီဂါပွဲစဉ်ဇယားတွေထွက်ပေါ်လာပြီဖြစ်ပြီး အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲမပါဝင်

လာမယ့် ၂၀၂၁-၂၂ ရာသီအတွက် လာလီဂါပွဲစဉ်ဇယားတွေထွက်ပေါ်လာပြီဖြစ်ပြီး အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲမပါဝင်တာကြောင့် အသင်းကြီးတွေ ရာသီအဖွင့်လှဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုအသင်းဟာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ လာလီဂါချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကတော့ အဆင့်(၂)၊ (၃)နေရာတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၂၀၂၁-၂၂ ရာသီသစ်ကို လူသိများတဲ့ကလပ်အသင်းတွေဖြစ်တဲ့ အက်စ်ပန်ညို၊ မာယော့ကာ၊ ဗယ်လက်ကာနိုတို့ တန်းပြန်တက်လာခဲ့ပြီး အက်စ်ပန်ညိုနဲ့ဘာစီလိုနာတို့ရဲ့ ကတ်တလန်ဒါဘီပွဲကို ပရိသတ်တွေပြန်လည်ခံစားရမှာပါ။ လာလီဂါရာသီသစ်ကို လာမယ့်သြဂုတ်လ(၁၅)ရက်ကျရင် စတင်ကျင်းပမှာဖြစ်ပြီး လက်ရှိချန်ပီယံ အက်သလက်တီကိုအသင်းက အဝေးကွင်းမှာ ဆယ်လ်တာဗီဂို၊ ရီးယဲလ်အသင်းက အလာဗတ်စ်နဲ့ အဝေးကွင်း၊ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဆိုစီဒက်တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ El Clasico ပွဲ ပထမအကျော့အဖြစ် အောက်တိုဘာ(၂၄)ရက်မှာ ဘာစီလိုနာအသင်းက အိမ်ကွင်းပွဲစဉ် လက်ခံကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ လာမယ့်နှစ်၊ မတ်လ(၂၀)ရက်ကျရင် ရီးယဲလ်အသင်းရဲ့ ကွင်းမှာကစားရမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းနည်းပြအဖြစ် တစ်ကျော့ပြန်ရောက်ရှိခဲ့တဲ့ အန်ဆယ်လော့တီဟာ ပထမအကြိမ်ကိုင်တွယ်ခဲ့တုန်းက ဘာစီလိုနာနဲ့ စုစုပေါင်း(၅)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး သရေတစ်ပွဲမှမရှိဘဲ (၂)ပွဲနိုင်၊ (၃)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ El Clasico ပြီးရင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ မက်ဒရစ်ဒါဘီပွဲကိုတော့ လာမယ့်ဒီဇင်ဘာ(၁၂)ရက်ကျရင် ရီးယဲလ်အသင်းအိမ်ကွင်းမှာ ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ လာမယ့်နှစ်၊ မေလ(၈)ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Alaves vs Real Madrid
Barcelona vs Real Sociedad
Celta Vigo vs Atletico Madrid

Mallorca vs Real Betis

Cadiz vs Levante

Osasuna vs Espanyol

Sevilla vs Rayo Vallecano
Valencia vs Getafe

Villarreal vs Granada

Elche vs Athletic Club

zawgyi

၂၀၂၁-၂၂ ရာသီအတြက္ လာလီဂါပြဲစဥ္ဇယားေတြထြက္ေပၚလာၿပီျဖစ္ၿပီး အသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕တဲ့ပြဲမပါဝင္

လာမယ့္ ၂၀၂၁-၂၂ ရာသီအတြက္ လာလီဂါပြဲစဥ္ဇယားေတြထြက္ေပၚလာၿပီျဖစ္ၿပီး အသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕တဲ့ပြဲမပါဝင္တာေၾကာင့္ အသင္းႀကီးေတြ ရာသီအဖြင့္လွဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက အက္သလက္တီကိုအသင္းဟာ ၂၀၁၃-၁၄ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ လာလီဂါခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ခဲ့ၿပီး ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ကေတာ့ အဆင့္(၂)၊ (၃)ေနရာေတြနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ၂၀၂၁-၂၂ ရာသီသစ္ကို လူသိမ်ားတဲ့ကလပ္အသင္းေတြျဖစ္တဲ့ အက္စ္ပန္ညိဳ၊ မာေယာ့ကာ၊ ဗယ္လက္ကာႏိုတို႔ တန္းျပန္တက္လာခဲ့ၿပီး အက္စ္ပန္ညိဳနဲ႔ဘာစီလိုနာတို႔ရဲ႕ ကတ္တလန္ဒါဘီပြဲကို ပရိသတ္ေတြျပန္လည္ခံစားရမွာပါ။ လာလီဂါရာသီသစ္ကို လာမယ့္ၾသဂုတ္လ(၁၅)ရက္က်ရင္ စတင္က်င္းပမွာျဖစ္ၿပီး လက္ရွိခ်န္ပီယံ အက္သလက္တီကိုအသင္းက အေဝးကြင္းမွာ ဆယ္လ္တာဗီဂို၊ ရီးယဲလ္အသင္းက အလာဗတ္စ္နဲ႔ အေဝးကြင္း၊ ဘာစီလိုနာအသင္းဟာ အိမ္ကြင္းမွာ ဆိုစီဒက္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

လာလီဂါၿပိဳင္ပြဲရဲ႕ ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးျဖစ္တဲ့ ရီးယဲလ္နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ El Clasico ပြဲ ပထမအေက်ာ့အျဖစ္ ေအာက္တိုဘာ(၂၄)ရက္မွာ ဘာစီလိုနာအသင္းက အိမ္ကြင္းပြဲစဥ္ လက္ခံကစားရမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ လာမယ့္ႏွစ္၊ မတ္လ(၂၀)ရက္က်ရင္ ရီးယဲလ္အသင္းရဲ႕ ကြင္းမွာကစားရမွာျဖစ္ပါတယ္။ ရီးယဲလ္အသင္းနည္းျပအျဖစ္ တစ္ေက်ာ့ျပန္ေရာက္ရွိခဲ့တဲ့ အန္ဆယ္ေလာ့တီဟာ ပထမအႀကိမ္ကိုင္တြယ္ခဲ့တုန္းက ဘာစီလိုနာနဲ႔ စုစုေပါင္း(၅)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး သေရတစ္ပြဲမွမရွိဘဲ (၂)ပြဲႏိုင္၊ (၃)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ El Clasico ၿပီးရင္ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးျဖစ္တဲ့ ရီးယဲလ္နဲ႔ အက္သလက္တီကိုအသင္းတို႔ရဲ႕ မက္ဒရစ္ဒါဘီပြဲကိုေတာ့ လာမယ့္ဒီဇင္ဘာ(၁၂)ရက္က်ရင္ ရီးယဲလ္အသင္းအိမ္ကြင္းမွာ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ လာမယ့္ႏွစ္၊ ေမလ(၈)ရက္မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

Alaves vs Real Madrid
Barcelona vs Real Sociedad
Celta Vigo vs Atletico Madrid

Mallorca vs Real Betis

Cadiz vs Levante

Osasuna vs Espanyol

Sevilla vs Rayo Vallecano
Valencia vs Getafe

Villarreal vs Granada

Elche vs Athletic Club