ယူနိုက်တက်အသင်းဖော်ဟောင်း မင်ဆာနဲ့အတူ လေ့ကျင့်နေတဲ့ ဗန်ဒီဘိ

ဒွန်နီ ဗန်ဒီဘိဟာ ဒဏ်ရာပြဿနာ ဆိုးရွားလာတဲ့အတွက် ကံမကောင်းစွာနဲ့ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ဗန်ဒီဘိက အားလပ်ရက်ပိုမိုရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အတွက် ကောင်းမွန်တဲ့အရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ အနားယူချိန်ကာလ ကုန်ဆုံးသွားပြီး လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်ကာ ရာသီကြိုအတွက် စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

နယ်သာလန်ကွင်းလယ်လူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဖော်စောင်း တီမိုသီ ဖိုဆူ မင်ဆာနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေကြောင်း တွေ့မြင်ခဲ့ရပါတယ်။ ဖိုဆူ မင်ဆာဟာ ဗန်ဒီဘိကို အေဂျက်အကယ်ဒမီ ကစားသမားဘဝမှာကတည်းက ရင်းနှီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ယူနိုက်တက်က ဖိုဆူ မင်ဆာ ပုံမှန်ဘောလုံးကစားခွင့်ရစေဖို့ အသင်းပြောင်းရွေ့ခွင့်ပြုခဲ့ပါတယ်။ သူက လီဗာကူဆင်အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် ACL ဒဏ်ရာမရရှိခင် ( ၇ ) ပွဲကစားနိုင်ခဲ့ပါတယ်။

BBC Sport အရ ဗန်ဒီဘိက ‌ပေါင်ခြံဒဏ်ရာ ခံစားနေရတယ်လို့ သိရပါတယ်။ De Telegraaf သတင်းဌာနက ဗန်ဒီဘိဟာ ရာသီကုန်ခါနီးမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး ကစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယခု အားလပ်ရက်က သူ့ရဲ့ ဒဏ်ရာပြဿနာကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေဖို့ ကူညီပေးပါလိမ့်မယ်။

ဗန်ဒီဘိအနေနဲ့ ဒီရာသီမှာ ပိုကောင်းတဲ့ ကစားသမားဖြစ်လာသင့်ပြီး ယူနိုက်တက်ကလည်း သူ နှင့် ဘရူနို ဖာနန်ဒက်ကြားမှာ ဟန်ချက်ညီနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

zawgyi

ယူႏိုက္တက္အသင္းေဖာ္ေဟာင္း မင္ဆာနဲ႔အတူ ေလ့က်င့္ေနတဲ့ ဗန္ဒီဘိ

ဒြန္နီ ဗန္ဒီဘိဟာ ဒဏ္ရာျပႆနာ ဆိုး႐ြားလာတဲ့အတြက္ ကံမေကာင္းစြာနဲ႔ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဗန္ဒီဘိက အားလပ္ရက္ပိုမိုရရွိခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ေကာင္းမြန္တဲ့အရာတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ လက္ရွိမွာေတာ့ အနားယူခ်ိန္ကာလ ကုန္ဆုံးသြားၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြ ျပဳလုပ္ကာ ရာသီႀကိဳအတြက္ စတင္ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

နယ္သာလန္ကြင္းလယ္လူဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းေဖာ္ေစာင္း တီမိုသီ ဖိုဆူ မင္ဆာနဲ႔အတူ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္ေနေၾကာင္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဖိုဆူ မင္ဆာဟာ ဗန္ဒီဘိကို ေအဂ်က္အကယ္ဒမီ ကစားသမားဘဝမွာကတည္းက ရင္းႏွီးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ယူႏိုက္တက္က ဖိုဆူ မင္ဆာ ပုံမွန္ေဘာလုံးကစားခြင့္ရေစဖို႔ အသင္းေျပာင္းေ႐ြ႕ခြင့္ျပဳခဲ့ပါတယ္။ သူက လီဗာကူဆင္အသင္းနဲ႔အတူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေနာက္ထပ္ ACL ဒဏ္ရာမရရွိခင္ ( ၇ ) ပြဲကစားႏိုင္ခဲ့ပါတယ္။

BBC Sport အရ ဗန္ဒီဘိက ‌ေပါင္ၿခံဒဏ္ရာ ခံစားေနရတယ္လို႔ သိရပါတယ္။ De Telegraaf သတင္းဌာနက ဗန္ဒီဘိဟာ ရာသီကုန္ခါနီးမွာ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ၿပီး ကစားခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ယခု အားလပ္ရက္က သူ႔ရဲ႕ ဒဏ္ရာျပႆနာကို ပုံမွန္အတိုင္း ျပန္ျဖစ္သြားေစဖို႔ ကူညီေပးပါလိမ့္မယ္။

ဗန္ဒီဘိအေနနဲ႔ ဒီရာသီမွာ ပိုေကာင္းတဲ့ ကစားသမားျဖစ္လာသင့္ၿပီး ယူႏိုက္တက္ကလည္း သူ ႏွင့္ ဘ႐ူႏို ဖာနန္ဒက္ၾကားမွာ ဟန္ခ်က္ညီႏိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။