ဆန်ချို အပြောင်းအရွေ့ သဘောတူညီခဲ့ပြီးနောက် ရာဖေးလ် ဗာရန်းခေါ်ယူဖို့ ပြင်ဆင်နေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျေဒန် ဆန်ချို အပြောင်းအရွေ့ သဘောတူညီခဲ့ပြီးနောက် ရာဖေးလ် ဗာရန်းခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ယုံကြည်ရတဲ့ The Telegraph သတင်းဌာနအရ ဗာရန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ် အဓိက ပစ်မှတ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ်သာ ကျန်ရှိတော့တဲ့ ဗာရန်းရဲ့ အနာဂတ်က သေချာမှုမရှိ ဖြစ်နေပါတယ်။

သူက စပိန်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်မယ့် အလားအလာရှိပေမယ့် လက်ရှိမှာတော့ သဘောတူညီထားခြင်း မရှိသေးပါဘူး။ စပိန်သတင်းစာ El Confidencial က ပီအက်စ်ဂျီအသင်းဟာလည်း ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့လက ဆိုပါတယ်။

ဆန်ချိုနဲအတူ ဗာရန်းကိုပါ ခေါ်ယူနိုင်ခဲ့ပါက ယခုနွေရာသီအပြောင်းအရွေ့က ယူနိုက်တက်ပရိသတ်တွေအတွက် များစွာ သဘောကျဖို့ကောင်းပါတယ်။

ဒါပေမယ့် ဆန်ချို နှင့် ဗာရန်း ( ၂ ) ဦးတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ ကွင်းလယ်နေရာ အားဖြည့်ဖို့ လိုအပ်ပါသေးတယ်။ ဒါကလည်း ပေါ့ဘာရဲ့ အခြေအနေပေါ် မူတည်ပါလိမ့်မယ်။ ယူနိုက်တက်က ထိပ်တန်းအဆင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်ပါတယ်။ The Mail သတင်းစာကတော့ ပေါ့ဘာနေရာ ကာလရှည်အစားထိုးမှုအနေနဲ့ ကာမာဗင်ဂါကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

zawgyi

ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕ သေဘာတူညီခဲ့ၿပီးေနာက္ ရာေဖးလ္ ဗာရန္းေခၚယူဖို႔ ျပင္ဆင္ေန

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေဂ်ဒန္ ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕ သေဘာတူညီခဲ့ၿပီးေနာက္ ရာေဖးလ္ ဗာရန္းေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ ယုံၾကည္ရတဲ့ The Telegraph သတင္းဌာနအရ ဗာရန္းက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေနာက္ထပ္ အဓိက ပစ္မွတ္တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။ ရီးရဲမက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ( ၁ ) ႏွစ္သာ က်န္ရွိေတာ့တဲ့ ဗာရန္းရဲ႕ အနာဂတ္က ေသခ်ာမႈမရွိ ျဖစ္ေနပါတယ္။

သူက စပိန္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ့္ အလားအလာရွိေပမယ့္ လက္ရွိမွာေတာ့ သေဘာတူညီထားျခင္း မရွိေသးပါဘူး။ စပိန္သတင္းစာ El Confidencial က ပီအက္စ္ဂ်ီအသင္းဟာလည္း ဗာရန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ၿပီးခဲ့တဲ့လက ဆိုပါတယ္။ ဆန္ခ်ိဳနဲအတူ ဗာရန္းကိုပါ ေခၚယူႏိုင္ခဲ့ပါက ယခုေႏြရာသီအေျပာင္းအေ႐ြ႕က ယူႏိုက္တက္ပရိသတ္ေတြအတြက္ မ်ားစြာ သေဘာက်ဖို႔ေကာင္းပါတယ္။

ဒါေပမယ့္ ဆန္ခ်ိဳ ႏွင့္ ဗာရန္း ( ၂ ) ဦးတည္းနဲ႔ေတာ့ မလုံေလာက္ေသးပါဘူး။ ကြင္းလယ္ေနရာ အားျဖည့္ဖို႔ လိုအပ္ပါေသးတယ္။ ဒါကလည္း ေပါ့ဘာရဲ႕ အေျခအေနေပၚ မူတည္ပါလိမ့္မယ္။ ယူႏိုက္တက္က ထိပ္တန္းအဆင့္ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦး ေခၚယူဖို႔ လိုအပ္ပါတယ္။ The Mail သတင္းစာကေတာ့ ေပါ့ဘာေနရာ ကာလရွည္အစားထိုးမႈအေနနဲ႔ ကာမာဗင္ဂါကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။