ဆန်ချိုအပြောင်းအရွေ့ကနေ အကျိုးအမြတ်ရမယ့်သူ ၊ အနိုင်ရမယ့်သူတွေ များစွာရှိ

နောက်ဆုံးမှာ မန်ချက်စတာ ယူနိုက်တက်က ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဟု အီတလီ သတင်းထောက် ဖာဘရီဇီယို ရိုမန်နို က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဆန်ချိုက ယူနိုက်တက်အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲဆိုတာ အနည်းငယ် သုံးသပ်တင်ပြပေးလိုက်ပါတယ်။

ဆန်ချိုအပြောင်းအရွေ့ကနေ အကျိုးအမြတ်ရမယ့်သူ ၊ အနိုင်ရမယ့်သူတွေ များစွာရှိပါတယ်။ အဓိကကတော့ မားကတ် ရက်ဖို့ဒ် ၊ မေဆန် ဂရင်းဝုဒ် ၊ အက်ဒီဆင် ကာဗာနီ နှင့် ဘရူနို ဖာနန်ဒက်စ်တို့ပါ။ ဆန်ချိုက ယူနိုက်တက်တိုက်စစ်ရဲ့ ဘယ်ခြမ်းရော ညာခြမ်းမှာပါ ကစားနိုင်ပါတယ်။ ဒါကြောင့် အသင်းကစားသမားရွေးချယ်ရာမှာ အထောက်အကူဖြစ်စေပြီး ပြိုင်ဘက်တွေကိုလည်း ခန့်မှန်းရခက်ခဲစေနိုင်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဖန်တီးမှုပိုင်းမှာ ဖာနန်ဒက်စ်အပေါ် မှီခိုလွန်းနေတာကို လျော့ချနိုင်မှာဖြစ်ပြီး ကာဗာနီကလည်း ဆန်ချိုဖန်တီးပေးတဲ့ အခွင့်အရေးတွေကနေ သွင်းဂိုး ပိုမိုရရှိလာပါလိမ့်မယ်။ အာလုံးထဲမှာ အကြီးမားဆုံး အကျိုးအမြတ်ရမယ့်သူကတော့ အိုလေ ဂန်းနား ဆိုးရှားပါ ။ ဒါက သူ့ရဲ့ ယူနိုက်တက်နည်းပြ အခြေအနေကို အဆုံးအဖြတ်ပေးမယ့် အပြောင်းအရွေ့ဖြစ်လာနိုင်ပါတယ်။

နောက်ပြီး ဆိုးရှားက ယူနိုက်တက်နဲ့ ပထမရာသီမှာကတည်းက ကာလရှည်အသုံးပြုလို့ရနိုင်မယ့် ထိပ်တန်းအဆင့် တိုက်စစ်ကစားသမားကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ဆန်ချိုကို ခေါ်ယူလို့ မရသေးခင် ကြားထဲမှာ ဒန်ဂျိမ်းစ်ကို ခေါ်ယူခဲ့တယ်။ ဆန်ချိုအပြောင်းအရွေ့ကြောင့် ဒန်းဂျိမ်းစ်က အိုးထရတ်ဖို့ဒ်ကို စွန့်ခွာမှာတော့ မဟုတ်ပါဘူး။ ဆိုးရှားက နောက်ဆုံးမှာ သူအလိုရှိတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးရှားက ပရိသတ်တွေ တောင်းတနေတဲ့ တိုက်စစ်အသားပေးကစားဟန်ကို ဖော်ဆောင်ပေးတော့မှာဖြစ်ပါတယ်။ တကယ်လို့ ဆိုးရှားအနေနဲ့ တစ်နေ့မှာ ယူနိုက်တက် နည်းပြအဖြစ်ကနေ စွန့်ခွာခဲ့မယ်ဆိုရင်တောင် ဆန်ချိုက အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး သူ့ကို ‌ခေါ်ယူပေးခဲ့တဲ့ နော်ဝေးလူမျိုးကို အမှတ်ရနေမှာဖြစ်ပါတယ်။

ဆိုးရှားက ဆန်ချိုကို ကာလအတော်ကြာကတည်းက ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အတွက် အစီအစဉ်တွေ ဆိုးရှားမှာ ရှိထားပြီးဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဆန်ချိုက ဆိုးရှားကို ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံး ဆုဖလားရယူနိုင်အောင် ကူညီပေးနိုင်မယ့် အခွင့်အရေးများပါတယ်။

ဆန်ချိုဟာလည်း ဘရူနို ဖာနန်ဒက်စ် နှင့် ဟယ်ရီ မက်ဂွဲယားလိုပဲ အသင်းကို အပြောင်းအလဲတွေ ယူဆောင်လာပေးဖို့ရှိနေပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ လုံးဝ စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။

zawgyi

ဆန္ခ်ိဳအေျပာင္းအေ႐ြ႕ကေန အက်ိဳးအျမတ္ရမယ့္သူ ၊ အႏိုင္ရမယ့္သူေတြ မ်ားစြာရွိ

ေနာက္ဆုံးမွာ မန္ခ်က္စတာ ယူႏိုက္တက္က ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့ၿပီဟု အီတလီ သတင္းေထာက္ ဖာဘရီဇီယို ႐ိုမန္ႏို က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳက ယူႏိုက္တက္အေပၚ ဘယ္လို သက္ေရာက္မႈ ရွိႏိုင္မလဲဆိုတာ အနည္းငယ္ သုံးသပ္တင္ျပေပးလိုက္ပါတယ္။

ဆန္ခ်ိဳအေျပာင္းအေ႐ြ႕ကေန အက်ိဳးအျမတ္ရမယ့္သူ ၊ အႏိုင္ရမယ့္သူေတြ မ်ားစြာရွိပါတယ္။ အဓိကကေတာ့ မားကတ္ ရက္ဖို႔ဒ္ ၊ ေမဆန္ ဂရင္းဝုဒ္ ၊ အက္ဒီဆင္ ကာဗာနီ ႏွင့္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ပါ။ ဆန္ခ်ိဳက ယူႏိုက္တက္တိုက္စစ္ရဲ႕ ဘယ္ျခမ္းေရာ ညာျခမ္းမွာပါ ကစားႏိုင္ပါတယ္။ ဒါေၾကာင့္ အသင္းကစားသမားေ႐ြးခ်ယ္ရာမွာ အေထာက္အကူျဖစ္ေစၿပီး ၿပိဳင္ဘက္ေတြကိုလည္း ခန႔္မွန္းရခက္ခဲေစႏိုင္ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဖန္တီးမႈပိုင္းမွာ ဖာနန္ဒက္စ္အေပၚ မွီခိုလြန္းေနတာကို ေလ်ာ့ခ်ႏိုင္မွာျဖစ္ၿပီး ကာဗာနီကလည္း ဆန္ခ်ိဳဖန္တီးေပးတဲ့ အခြင့္အေရးေတြကေန သြင္းဂိုး ပိုမိုရရွိလာပါလိမ့္မယ္။ အာလုံးထဲမွာ အႀကီးမားဆုံး အက်ိဳးအျမတ္ရမယ့္သူကေတာ့ အိုေလ ဂန္းနား ဆိုးရွားပါ ။ ဒါက သူ႔ရဲ႕ ယူႏိုက္တက္နည္းျပ အေျခအေနကို အဆုံးအျဖတ္ေပးမယ့္ အေျပာင္းအေ႐ြ႕ျဖစ္လာႏိုင္ပါတယ္။

ေနာက္ၿပီး ဆိုးရွားက ယူႏိုက္တက္နဲ႔ ပထမရာသီမွာကတည္းက ကာလရွည္အသုံးျပဳလို႔ရႏိုင္မယ့္ ထိပ္တန္းအဆင့္ တိုက္စစ္ကစားသမားကို ရွာေဖြေနခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳကို ေခၚယူလို႔ မရေသးခင္ ၾကားထဲမွာ ဒန္ဂ်ိမ္းစ္ကို ေခၚယူခဲ့တယ္။ ဆန္ခ်ိဳအေျပာင္းအေ႐ြ႕ေၾကာင့္ ဒန္းဂ်ိမ္းစ္က အိုးထရတ္ဖို႔ဒ္ကို စြန႔္ခြာမွာေတာ့ မဟုတ္ပါဘူး။ ဆိုးရွားက ေနာက္ဆုံးမွာ သူအလိုရွိတဲ့ ကစားသမားကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆိုးရွားက ပရိသတ္ေတြ ေတာင္းတေနတဲ့ တိုက္စစ္အသားေပးကစားဟန္ကို ေဖာ္ေဆာင္ေပးေတာ့မွာျဖစ္ပါတယ္။ တကယ္လို႔ ဆိုးရွားအေနနဲ႔ တစ္ေန႔မွာ ယူႏိုက္တက္ နည္းျပအျဖစ္ကေန စြန႔္ခြာခဲ့မယ္ဆိုရင္ေတာင္ ဆန္ခ်ိဳက အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ၿပီး သူ႔ကို ‌ေခၚယူေပးခဲ့တဲ့ ေနာ္ေဝးလူမ်ိဳးကို အမွတ္ရေနမွာျဖစ္ပါတယ္။

ဆိုးရွားက ဆန္ခ်ိဳကို ကာလအေတာ္ၾကာကတည္းက ေခၚယူဖို႔ ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္အတြက္ အစီအစဥ္ေတြ ဆိုးရွားမွာ ရွိထားၿပီးျဖစ္ပါလိမ့္မယ္။ ေနာက္ၿပီး ဆန္ခ်ိဳက ဆိုးရွားကို ယူႏိုက္တက္နည္းျပဘဝမွာ ပထမဆုံး ဆုဖလားရယူႏိုင္ေအာင္ ကူညီေပးႏိုင္မယ့္ အခြင့္အေရးမ်ားပါတယ္။

ဆန္ခ်ိဳဟာလည္း ဘ႐ူႏို ဖာနန္ဒက္စ္ ႏွင့္ ဟယ္ရီ မက္ဂြဲယားလိုပဲ အသင္းကို အေျပာင္းအလဲေတြ ယူေဆာင္လာေပးဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ လုံးဝ စိတ္လႈပ္္ရွားေနၾကမွာ ေသခ်ာပါတယ္။