အင်္ဂလန် ( ၂-၀ ) ဂျာမနီ၊ ပွဲစဉ်မှာ သူရဲကောင်း စွမ်းဆောင်ရည်ပြသခဲ့တဲ့ သရဲနီဘယ်နောက်ခံလူ လုခ်ရှော

လုခ်ရှောဟာ အင်္ဂလန်က ဂျာမနီကို ( ၂-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း တိုက်စစ်ရော ခံစစ်မှာပါ စွမ်ဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူဟာ ပွဲရဲ့ အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ရာဟင်း စတာလင်ရဲ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

အဲ့ဒီနောက် မိနစ်အနည်းငယ်အကြာ ဂျက် ဂရေးလစ်ရဲ့ ဖြတ်တင်ဘောကနေ ဟယ်ရီကိန်းက အင်္ဂလန်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့ရာမှာလည်း လုခ်ရှောရဲ့ ပြေးလွှားမှုက အရေးပါခဲ့ပါတယ်။

ဒါဟာ အင်္ဂလန်အသင်းရဲ့ ဝင်ဘလေကွင်းမှ ထူးခြားတဲ့ နိုင်ပွဲတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ ယူရို ( ၂၀၂၀ ) ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှောက ခံစစ်ပိုင်းမှာ အင်္ဂလန်အသင်းကို နောက်ထပ် clean sheet ရရှိအောင် ကူညီပေးနိုင်ခဲ့သလို ပထမဂိုးကို ဖန်တီးပေးခဲ့ပြီး ဒုတိယဂိုးအတွက်လည်း pre-assist ပြုလုပ်ပေးခဲ့ပါတယ်။ ‌ရှောက အဆိုပါ ပွဲစဉ်မှာ ဘောလုံးထိချက် ( ၄၆ ) ကြိမ် ထိပြုလုပ်နိုင်ခဲ့ပြီး ပေးပို့မှု ( ၉၀.၆ ) ရာခိုင်နှုန်းထိ တိကျခဲ့ပါတယ်။

ရှောရဲ့ ယခု စွမ်းဆောင်ရည်က ဂျိုဆေး မော်ရင်ဟိုရဲ့ ဝေဖန်မှုကို ပညာသားပါပါ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့်က ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်းနဲအတူ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့သလို နိုင်ငံအသင်းမှာလည်း အဆိုပါ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းထားနိုင်တာတွေ့ရပါတယ်။ လက်ရှိမှာတော့ ပရိသတ်များစွာဟာ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးပြောဆိုလျက်ရှိကြပါတယ်။

zawgyi

အဂၤလန္ ( ၂-၀ ) ဂ်ာမနီ၊ ပြဲစဥ္မွာ သူရဲေကာင္း စြမ္းေဆာင္ရည္ျပသခဲ့တဲ့ သရဲနီဘယ္ေနာက္ခံလူ လုခ္ေရွာ

လုခ္ေရွာဟာ အဂၤလန္က ဂ်ာမနီကို ( ၂-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္အတြင္း တိုက္စစ္ေရာ ခံစစ္မွာပါ စြမ္ေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ ဘယ္ေနာက္ခံလူဟာ ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ေစခဲ့တဲ့ ရာဟင္း စတာလင္ရဲ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ မိနစ္အနည္းငယ္အၾကာ ဂ်က္ ဂေရးလစ္ရဲ႕ ျဖတ္တင္ေဘာကေန ဟယ္ရီကိန္းက အဂၤလန္အတြက္ ဒုတိယဦးေဆာင္ဂိုး သြင္းယူခဲ့ရာမွာလည္း လုခ္ေရွာရဲ႕ ေျပးလႊားမႈက အေရးပါခဲ့ပါတယ္။

ဒါဟာ အဂၤလန္အသင္းရဲ႕ ဝင္ဘေလကြင္းမွ ထူးျခားတဲ့ ႏိုင္ပြဲတစ္ခုျဖစ္ၿပီး လက္ရွိမွာေတာ့ ယူ႐ို ( ၂၀၂၀ ) ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေရွာက ခံစစ္ပိုင္းမွာ အဂၤလန္အသင္းကို ေနာက္ထပ္ clean sheet ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သလို ပထမဂိုးကို ဖန္တီးေပးခဲ့ၿပီး ဒုတိယဂိုးအတြက္လည္း pre-assist ျပဳလုပ္ေပးခဲ့ပါတယ္။ ‌ေရွာက အဆိုပါ ပြဲစဥ္မွာ ေဘာလုံးထိခ်က္ ( ၄၆ ) ႀကိမ္ ထိျပဳလုပ္ႏိုင္ခဲ့ၿပီး ေပးပို႔မႈ ( ၉၀.၆ ) ရာခိုင္ႏႈန္းထိ တိက်ခဲ့ပါတယ္။

ေရွာရဲ႕ ယခု စြမ္းေဆာင္ရည္က ဂ်ိဳေဆး ေမာ္ရင္ဟိုရဲ႕ ေဝဖန္မႈကို ပညာသားပါပါ တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ၾကယ္ပြင့္က ၿပီးခဲ့တဲ့ရာသီမွာ ကလပ္အသင္းနဲအတူ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေကာင္းေတြ ျပသခဲ့သလို ႏိုင္ငံအသင္းမွာလည္း အဆိုပါ စြမ္းေဆာင္ရည္ကို ဆက္လက္ထိန္းထားႏိုင္တာေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ပရိသတ္မ်ားစြာဟာ သူ႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ ခ်ီးက်ဴးေျပာဆိုလ်က္ရွိၾကပါတယ္။