သားတွေက မြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းပြနေချိန် မိသားစုဝင်နဲ့ မိခင်ကတော့ ပွဲကြည့်စင်မှာ စကားနောင်ဂျိမ်ချနေကြ

သားတွေက မြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းပြနေချိန် မိသားစုဝင်နဲ့ မိခင်ကတော့ ပွဲကြည့်စင်မှာ စကားနောင်ဂျိမ်ချနေကြပါတယ်။ ပြင်သစ်က ဆွစ်ဇာလန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြင်သစ်ကွင်းလယ်လူရာဘီယော့ရဲ့မိခင်နဲ့ ကွင်းလယ်လူပေါ့ဘာရဲ့ မိသားစုတို့ ပွဲကြည့်စင်ပေါ်မှာ အချင်းများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြင်သစ်ဟာဆွစ်ဇာလန်နှင့်ပွဲစဉ်တွင်၃-၁ဂိုးနဲ့ အနိုင်ရရှိထားပေမယ့်လည်းပွဲနှောင်းပိုင်းတွင်ချေပဂိုးနှစ်ဂိုးပေးခဲ့ရပါတယ်။ပြင်သစ်ဟာပင်နယ်တီအဆုံးအဖြတ်တွင်ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင်ဘတ်ပီမှာပင်နယ်တီဝင်အောင်မကန်နိုင်မှုကြောင့် ပြင်သစ်ရှုံးနိမ့်ခဲ့တာပါ။ဒါ့အပြင် ပေါ့ဘာခမျာမှာလည်းပြင်သစ်အတွက်တတိယဂိုးသွင်းယူပေးခဲ့သော်လည်းဆွစ်ဇာလန်အသင်းချေပဂိုးရရှိသွားမှုမှာသူ့အမှားပါဝင်နေခဲ့ပါတယ်။

ပြင်သစ် အသင်းသားတွေဟာ ယူရို၂၀၂၀ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်မတင် စည်းစည်းလုံးလုံးရှိကြပါတယ်။ ဒါပေမယ့်ကစားသမားများရဲ့မိသားစုဝင်များအကြားမှာတော့ပြဿနာများဖြစ်ခဲ့ကြပါတယ်။

ရာဘီယော့ရဲ့ မိခင်ဖြစ်သူဟာ အသင်းအရေးနိမ့်ပြီးနောက်မှာ သောင်းကျန်းမှုတွေပြုလုပ်ခဲ့ပြီး ဘတ်ပီကိုမာန်တက်မနေဖို့အတွက် ဆုံးမထားသင့်ကြောင်း ဖခင်ဖြစ်သူကို သွားရောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ သူမဟာ ပေါ့ဘာအပေါ် နောက်ထပ်ပေါက်ကွဲမှုတွေကို ထပ်မံဖွင့်ချခဲ့ပြီး ချေပဂိုးပြန်ပေးခဲ့ရတာဟာ ပေါ့ဘာကြောင့်ဖြစ်တယ်လို့ ရာဘီယော့ရဲ့မိခင်က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာရဲ့ဆွေမျိုးတွေကလည်း ပါးစပ်ပါသူတွေပီပီ ရာဘီယော့ရဲ့ အမှားတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တာကြောင့် ကွင်းလုံခြုံရေးတွေက တိတ်တိတ်ဆိတ်ဆိတ်နေဖို့ တောင်းဆိုခဲ့ရပါတယ်။

ရာဘီယော့ရဲ့အေးဂျင့်အဖြစ်လည်းဆောင်ရွက်နေတဲ့မိခင်ဖြစ်သူဟာပေါ့ဘာ၊အမ်ဘတ်ပီတို့ရဲ့မိသားစုဝင်များအားမိနစ်၂၀ဝန်းကျင်အထိအပြစ်တင်ပြောဆိုနေခဲ့ကြောင်းသိရပါတယ်။ အဲဒီလို ရန်ရှာ စကားများတဲ့သူမရဲ့လုပ်ရပ်အပေါ်ပြင်သစ်ကစားသမားများကအကြီးအကျယ်အံ့ဩတုန်လှုပ်နေခဲ့ကြပါတယ်။

zawgyi

သားေတြက ျမက္ခင္းစိမ္းေပၚမွာ ေျခစြမ္းျပေနခ်ိန္ မိသားစုဝင္နဲ႔ မိခင္ကေတာ့ ပြဲၾကည့္စင္မွာ စကားေနာင္ဂ်ိမ္ခ်ေနၾက

သားေတြက ျမက္ခင္းစိမ္းေပၚမွာ ေျခစြမ္းျပေနခ်ိန္ မိသားစုဝင္နဲ႔ မိခင္ကေတာ့ ပြဲၾကည့္စင္မွာ စကားေနာင္ဂ်ိမ္ခ်ေနၾကပါတယ္။ ျပင္သစ္က ဆြစ္ဇာလန္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ျပင္သစ္ကြင္းလယ္လူရာဘီေယာ့ရဲ႕မိခင္နဲ႔ ကြင္းလယ္လူေပါ့ဘာရဲ႕ မိသားစုတို႔ ပြဲၾကည့္စင္ေပၚမွာ အခ်င္းမ်ားရန္ျဖစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ျပင္သစ္ဟာဆြစ္ဇာလန္ႏွင့္ပြဲစဥ္တြင္၃-၁ဂိုးနဲ႔ အႏိုင္ရရွိထားေပမယ့္လည္းပြဲေႏွာင္းပိုင္းတြင္ေခ်ပဂိုးႏွစ္ဂိုးေပးခဲ့ရပါတယ္။ျပင္သစ္ဟာပင္နယ္တီအဆုံးအျဖတ္တြင္ဆြစ္ဇာလန္ကို ရႈံးနိမ့္ခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္တြင္ဘတ္ပီမွာပင္နယ္တီဝင္ေအာင္မကန္ႏိုင္မႈေၾကာင့္ ျပင္သစ္ရႈံးနိမ့္ခဲ့တာပါ။ဒါ့အျပင္ ေပါ့ဘာခမ်ာမွာလည္းျပင္သစ္အတြက္တတိယဂိုးသြင္းယူေပးခဲ့ေသာ္လည္းဆြစ္ဇာလန္အသင္းေခ်ပဂိုးရရွိသြားမႈမွာသူ႔အမွားပါဝင္ေနခဲ့ပါတယ္။

ျပင္သစ္ အသင္းသားေတြဟာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲကေန ထြက္ခဲ့ရေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္မတင္ စည္းစည္းလုံးလုံးရွိၾကပါတယ္။ ဒါေပမယ့္ကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားအၾကားမွာေတာ့ျပႆနာမ်ားျဖစ္ခဲ့ၾကပါတယ္။

ရာဘီေယာ့ရဲ႕ မိခင္ျဖစ္သူဟာ အသင္းအေရးနိမ့္ၿပီးေနာက္မွာ ေသာင္းက်န္းမႈေတြျပဳလုပ္ခဲ့ၿပီး ဘတ္ပီကိုမာန္တက္မေနဖို႔အတြက္ ဆုံးမထားသင့္ေၾကာင္း ဖခင္ျဖစ္သူကို သြားေရာက္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္မွာ သူမဟာ ေပါ့ဘာအေပၚ ေနာက္ထပ္ေပါက္ကြဲမႈေတြကို ထပ္မံဖြင့္ခ်ခဲ့ၿပီး ေခ်ပဂိုးျပန္ေပးခဲ့ရတာဟာ ေပါ့ဘာေၾကာင့္ျဖစ္တယ္လို႔ ရာဘီေယာ့ရဲ႕မိခင္က စြပ္စြဲေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေပါ့ဘာရဲ႕ေဆြမ်ိဳးေတြကလည္း ပါးစပ္ပါသူေတြပီပီ ရာဘီေယာ့ရဲ႕ အမွားေတြကို ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့တာေၾကာင့္ ကြင္းလုံၿခဳံေရးေတြက တိတ္တိတ္ဆိတ္ဆိတ္ေနဖို႔ ေတာင္းဆိုခဲ့ရပါတယ္။

ရာဘီေယာ့ရဲ႕ေအးဂ်င့္အျဖစ္လည္းေဆာင္႐ြက္ေနတဲ့မိခင္ျဖစ္သူဟာေပါ့ဘာ၊အမ္ဘတ္ပီတို႔ရဲ႕မိသားစုဝင္မ်ားအားမိနစ္၂၀ဝန္းက်င္အထိအျပစ္တင္ေျပာဆိုေနခဲ့ေၾကာင္းသိရပါတယ္။ အဲဒီလို ရန္ရွာ စကားမ်ားတဲ့သူမရဲ႕လုပ္ရပ္အေပၚျပင္သစ္ကစားသမားမ်ားကအႀကီးအက်ယ္အံ့ဩတုန္လႈပ္ေနခဲ့ၾကပါတယ္။