ယူရိုပြိုင်ပွဲအပြီး လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ့် တိုနီကရူးစ်

ဂျာမနီအသင်းဟာ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးတဲ့နောက် အသင်းရဲ့ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ဟာ နိုင်ငံအသင်းကနေ အနားယူတော့မှာဖြစ်ပြီး မကြာခင် အတည်ပြုထုတ်ပြန်ကြေညာသွားဖို့ရှိနေပါပြီ။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ တိုနီကရူးစ်ဟာ အရင်ကတည်းက လက်ရွေးစင်အသင်းအတွက် အသက်(၃၀)ကျော်တဲ့အထိ ကစားဖို့မရှိဘူးလို့ဖွင့်ဟပြောဆိုခဲ့ဖူးပြီး အခုအချိန်မှာ ဂျာမန်နာမည်ကျော်သတင်းစာ Bild က တိုနီကရူးစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဖော်ပြခဲ့တာကြောင့် သူ့စကားအတိုင်းဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

တိုနီကရူးစ်အနေနဲ့ ယူရို-၂၀၂၀ပြိုင်ပွဲတစ်လျှောက် ဂျာမနီအသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်ကို ကျော်ဖြတ်နိုင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အင်္ဂလန်နဲ့ပွဲအပြီးမှာ တိုနီကရူးစ်က “အင်္ဂလန်အသင်း အဖွင့်ဂိုးမရခင်အချိန်အထိ နှစ်သင်းစလုံးဟာ ခြေရည်တူကစားနိုင်ခဲ့တာပါ။ ခက်ခဲတဲ့အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးမှ အခုအချိန်မှာ အိမ်ပြန်ခဲ့ရတာက စိတ်ထိခိုက်နာကျင်စရာကောင်းပါတယ်”လို့ပြောကြားခဲ့ပါတယ်။ တိုနီကရူးစ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက်မှာ ခြေစွမ်းပြမကစားနိုင်ခဲ့ဘဲ ဂိုးပေါက်တည့်မှုတစ်ကြိမ်တောင် မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း ဂျာမနီအသင်းအတွက် စုစုပေါင်း(၁၀၆)ပွဲအထိကစားခဲ့တာကြောင့် ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံအသင်းသားဟောင်း ယာဂင်ခိုလာရဲ့ပွဲအရေအတွက်ထက် တစ်ပွဲပိုများခဲ့ပြီး အခုဆိုရင် ဂျာမနီအသင်းအတွက်ပွဲအများဆုံးကစားသူစာရင်းမှာ မူလာနဲ့အတူ အဆင့်(၇)အဖြစ်ပူးတွဲရပ်တည်နေပါပြီ။ ၂၀၁၀ ခုနှစ်ကတည်းက ဂျာမနီအသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရသူ တိုနီကရူးစ်ဟာ (၁၁)နှစ်တာကာလအတွင်း (၁၇)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တုန်းက ပါဝင်ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

zawgyi

ယူ႐ိုၿပိဳင္ပြဲအၿပီး လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေတာ့မယ့္ တိုနီက႐ူးစ္

ဂ်ာမနီအသင္းဟာ ယူ႐ို-၂၀၂၀ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္အသင္းကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးတဲ့ေနာက္ အသင္းရဲ႕ဝါရင့္ကြင္းလယ္လူ တိုနီက႐ူးစ္ဟာ ႏိုင္ငံအသင္းကေန အနားယူေတာ့မွာျဖစ္ၿပီး မၾကာခင္ အတည္ျပဳထုတ္ျပန္ေၾကညာသြားဖို႔ရွိေနပါၿပီ။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ တိုနီက႐ူးစ္ဟာ အရင္ကတည္းက လက္ေ႐ြးစင္အသင္းအတြက္ အသက္(၃၀)ေက်ာ္တဲ့အထိ ကစားဖို႔မရွိဘူးလို႔ဖြင့္ဟေျပာဆိုခဲ့ဖူးၿပီး အခုအခ်ိန္မွာ ဂ်ာမန္နာမည္ေက်ာ္သတင္းစာ Bild က တိုနီက႐ူးစ္ဟာ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေတာ့မယ္လို႔ ေဖာ္ျပခဲ့တာေၾကာင့္ သူ႔စကားအတိုင္းဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

တိုနီက႐ူးစ္အေနနဲ႔ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂ်ာမနီအသင္းအတြက္ ပြဲတိုင္းပါဝင္ကစားခဲ့ေပမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ အဂၤလန္ကို ေက်ာ္ျဖတ္ႏိုင္ေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

အဂၤလန္နဲ႔ပြဲအၿပီးမွာ တိုနီက႐ူးစ္က “အဂၤလန္အသင္း အဖြင့္ဂိုးမရခင္အခ်ိန္အထိ ႏွစ္သင္းစလုံးဟာ ေျခရည္တူကစားႏိုင္ခဲ့တာပါ။ ခက္ခဲတဲ့အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ခဲ့ၿပီးမွ အခုအခ်ိန္မွာ အိမ္ျပန္ခဲ့ရတာက စိတ္ထိခိုက္နာက်င္စရာေကာင္းပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ တိုနီက႐ူးစ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ေျခစြမ္းျပမကစားႏိုင္ခဲ့ဘဲ ဂိုးေပါက္တည့္မႈတစ္ႀကိမ္ေတာင္ မရွိခဲ့ပါဘူး။

ဒါေပမဲ့လည္း ဂ်ာမနီအသင္းအတြက္ စုစုေပါင္း(၁၀၆)ပြဲအထိကစားခဲ့တာေၾကာင့္ ၁၉၉၀ ကမာၻ႔ဖလားခ်န္ပီယံအသင္းသားေဟာင္း ယာဂင္ခိုလာရဲ႕ပြဲအေရအတြက္ထက္ တစ္ပြဲပိုမ်ားခဲ့ၿပီး အခုဆိုရင္ ဂ်ာမနီအသင္းအတြက္ပြဲအမ်ားဆုံးကစားသူစာရင္းမွာ မူလာနဲ႔အတူ အဆင့္(၇)အျဖစ္ပူးတြဲရပ္တည္ေနပါၿပီ။ ၂၀၁၀ ခုႏွစ္ကတည္းက ဂ်ာမနီအသင္းအတြက္ စတင္ေ႐ြးခ်ယ္ခံခဲ့ရသူ တိုနီက႐ူးစ္ဟာ (၁၁)ႏွစ္တာကာလအတြင္း (၁၇)ဂိုးသြင္းယူခဲ့ၿပီး ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တုန္းက ပါဝင္ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။