ယူကရိန်းကတော့ ကံကြမ္မာကောင်းတွေနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခွင့်ရရှိခဲ့

ဘောလုံးသမားဘဝတုန်းက ပရိသတ်တွေ ချစ်စနိုးနဲ့ ‘ရှီဗာ’လို့ နာမည်ပြောင်ပေးခဲ့တဲ့ ရှက်ဗ်ချင်ကိုရဲ့ ယူကရိန်းအသင်းကတော့ ကံကြမ္မာကောင်းတွေနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခွင့်ရရှိခဲ့ပါပြီ။ အုပ်စုတွင်းမှာတုန်းက မြောက်မက်ဆီဒိုးနီးယားတစ်သင်းတည်းကို အနိုင်ယူပြီး ကျန်တဲ့ နယ်သာလန်၊ သြစတြီးယားအသင်းတို့နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ယူကရိန်းတို့ အုပ်စုကလှည့်ပြန်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ ကံကောင်းလို့ အုပ်စုအကောင်းဆုံးတတိယအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်တက်နိုင်ခဲ့တာပါ။

သူ့တို့ထက်အခြေအနေပိုကောင်းတဲ့ ဆလိုဗက်ကီးယားအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ စပိန်အသင်းကို (၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့သာ ဂိုးကွာခြားချက်နဲ့ ယူကရိန်းအသင်း အုပ်စုကတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအသင်းဟာ ဆွီဒင်နဲ့ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ နာမည်ကျော်ကစားသမား ဇင်ချင်ကိုရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တာပါ။

ဆွီဒင်နဲ့ယူကရိန်းအသင်းတို့ဟာ ခြေရည်တူအသင်းတွေဖြစ်တာကြောင့် ပွဲကအပြန်အလှန်ရှိခဲ့ပြီး ပထမပိုင်း(၂၇)မိနစ်မှာ ဇင်ချန်ကိုက ယာမိုလန်ကို တင်ပေးလိုက်တဲ့ဘောလုံးကို အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဖော့စ်ဘတ်က ဆွီဒင်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

သာမန်ပွဲကစားချိန်အတွင်း သရေကျနေတဲ့အတွက် အချိန်ပိုမိနစ်(၃၀)ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ဆွီဒင်နောက်ခံလူဒန်နီယဲလ်ဆင် ပြိုင်ဘက်ကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရသလို ဒန်နီယဲလ်ဆင်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်ပိုမှာ အနီကတ်ပြခံခဲ့ရတဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အချိန်ပိုပြီးဆုံးခါနီးအထိ အဖြေမပေါ်တာကြောင့် ပယ်နယ်တီကန်ရဖို့နီးစပ်နေတုန်းမှာပဲ (၁၂၁)မိနစ်မှာ ဇင်ချင်ကိုရဲ့ ပေးပို့မှုကနေ ဒူဘစ်ခ်က အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့လို့ ဆွီဒင်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအသင်းနည်းပြရှက်ဗ်ချင်ကိုဟာ ကစားသမားဘဝတုန်းက အသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ရောက်ခဲ့သလို အခု နည်းပြဘဝမှာလည်း လက်ရွေးစင်အသင်းကို ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးကွာတားဖိုင်နယ်အဆင့်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူကရိန်းအသင်းဟာ ကွာတားဖိုင်နယ်မှာ ဥရောပထိပ်သီးအင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သူတို့ရဲ့ကံကြမ္မာကောင်းတွေကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

zawgyi

ယူကရိန္းကေတာ့ ကံၾကမၼာေကာင္းေတြနဲ႔အတူ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္ခြင့္ရရွိခဲ့

ေဘာလုံးသမားဘဝတုန္းက ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ ‘ရွီဗာ’လို႔ နာမည္ေျပာင္ေပးခဲ့တဲ့ ရွက္ဗ္ခ်င္ကိုရဲ႕ ယူကရိန္းအသင္းကေတာ့ ကံၾကမၼာေကာင္းေတြနဲ႔အတူ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္ခြင့္ရရွိခဲ့ပါၿပီ။ အုပ္စုတြင္းမွာတုန္းက ေျမာက္မက္ဆီဒိုးနီးယားတစ္သင္းတည္းကို အႏိုင္ယူၿပီး က်န္တဲ့ နယ္သာလန္၊ ၾသစႀတီးယားအသင္းတို႔နဲ႔ပြဲမွာ ရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ ယူကရိန္းတို႔ အုပ္စုကလွည့္ျပန္ရမယ့္အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရၿပီးမွ ကံေကာင္းလို႔ အုပ္စုအေကာင္းဆုံးတတိယအျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္တက္ႏိုင္ခဲ့တာပါ။

သူ႔တို႔ထက္အေျခအေနပိုေကာင္းတဲ့ ဆလိုဗက္ကီးယားအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ စပိန္အသင္းကို (၅)ဂိုးျပတ္ရႈံးနိမ့္ခဲ့လို႔သာ ဂိုးကြာျခားခ်က္နဲ႔ ယူကရိန္းအသင္း အုပ္စုကတက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူကရိန္းအသင္းဟာ ဆြီဒင္နဲ႔ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ နာမည္ေက်ာ္ကစားသမား ဇင္ခ်င္ကိုရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ယူ႐ိုၿပိဳင္ပြဲကြာတားဖိုင္နယ္အဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တာပါ။

ဆြီဒင္နဲ႔ယူကရိန္းအသင္းတို႔ဟာ ေျခရည္တူအသင္းေတြျဖစ္တာေၾကာင့္ ပြဲကအျပန္အလွန္ရွိခဲ့ၿပီး ပထမပိုင္း(၂၇)မိနစ္မွာ ဇင္ခ်န္ကိုက ယာမိုလန္ကို တင္ေပးလိုက္တဲ့ေဘာလုံးကို အျပင္းကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမွာ ေဖာ့စ္ဘတ္က ဆြီဒင္အသင္းအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူခဲ့ပါတယ္။

သာမန္ပြဲကစားခ်ိန္အတြင္း သေရက်ေနတဲ့အတြက္ အခ်ိန္ပိုမိနစ္(၃၀)ဆက္ကစားခဲ့ရၿပီး အခ်ိန္ပိုမွာ ဆြီဒင္ေနာက္ခံလူဒန္နီယဲလ္ဆင္ ၿပိဳင္ဘက္ကို ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့လို႔ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရသလို ဒန္နီယဲလ္ဆင္ဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အခ်ိန္ပိုမွာ အနီကတ္ျပခံခဲ့ရတဲ့ စတုတၳေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အခ်ိန္ပိုၿပီးဆုံးခါနီးအထိ အေျဖမေပၚတာေၾကာင့္ ပယ္နယ္တီကန္ရဖို႔နီးစပ္ေနတုန္းမွာပဲ (၁၂၁)မိနစ္မွာ ဇင္ခ်င္ကိုရဲ႕ ေပးပို႔မႈကေန ဒူဘစ္ခ္က အနီးကပ္ေခါင္းတိုက္သြင္းယူခဲ့လို႔ ဆြီဒင္အသင္းကို အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ယူကရိန္းအသင္းနည္းျပရွက္ဗ္ခ်င္ကိုဟာ ကစားသမားဘဝတုန္းက အသင္းနဲ႔အတူ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္တက္ေရာက္ခဲ့သလို အခု နည္းျပဘဝမွာလည္း လက္ေ႐ြးစင္အသင္းကို ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးကြာတားဖိုင္နယ္အဆင့္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ယူကရိန္းအသင္းဟာ ကြာတားဖိုင္နယ္မွာ ဥေရာပထိပ္သီးအဂၤလန္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ သူတို႔ရဲ႕ကံၾကမၼာေကာင္းေတြကို ဆက္ထိန္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .