ပြင်သစ်နဲ့ပွဲမတိုင်ခင် ဆွစ်ဇာလန်ဂိုးသမားတွေ ထူးထူးခြားခြား နေကာမျက်မှန်တွေကို ဝတ်ဆင်ပြီး လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြ

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နယ်သလန်ကို ချက်အသင်းက အနိုင်ယူခဲ့တာက သမိုင်းကြောင်းအရ သိပ်မပြောသာပေမယ့် ကမ္ဘာ့ချန်ပီယံလည်းဖြစ်သလို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ပြင်သစ်ကို ဆွစ်ဇာလန်က ဖြုတ်ချနိုင်လိုက်တာက Shork ဖြစ်ရပ်ပါ။

သာမန်ပွဲကစားချိန်အတွင်းမှာ 3-3 သရေကျနေခဲ့ပြီး အချိန်ပိုမှာ ၂ဖက်စလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ပင်နယ်တီ ၅လုံးစီကန်တဲ့ အဆုံးအဖြတ်မှာ ပြင်သစ်ရဲ့ ၅လုံးမြောက် နောက်ဆုံးအလုံးကို ကန်တဲ့ နာမည်ကြီး တိုက်စစ်မှုး အမ်ဘက်ပီရဲ့ ကန်ချက်ကို ဆွစ်ဇာလန်ဂိုးသမား ရန်ဆွန်မာက လက်စွမ်းပြပြီး ချိန်သားကိုက် ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့သလို နိုင်ငံအသင်းအတွက် သူရဲကောင်းတစ်ယောက်လည်း ဖြစ်သွားခဲ့ပါတယ်။

ဆွစ်ဇာလန်ဂိုးသမား ဆွန်မာတစ်ယောက် အခုလိုမျိုး ကာကွယ်မှု လုပ်နိုင်ခဲ့တာဟာ ပြင်သစ်အသင်းနဲ့ပွဲ မကစားခင် ပြုလုပ်ခဲ့တဲ့ ဆွစ်ဇာလန်အသင်းရဲ့ လေ့ကျင့်ရေးမှာ ထူးထူးခြားခြား လုပ်ခဲ့တာတွေနဲ့ ဆိုင်နေမလား တွေးစရာပါပဲ။

ဆွန်မာအပါအဝင် ဆွစ်ဇာလန်အသင်းရဲ့ ဂိုးသမား ၃ယောက်စလုံးဟာ အသင်း လေ့ကျင့်ရေးအစီအစဉ်မှာ ထူးထူးခြားခြားအနေနဲ့ နေကာမျက်မှန်တွေကို ဝတ်ဆင်ပြီး လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြပါတယ်။

နေရောင်အောက်မှာ လေ့ကျင့်ခန်းဆင်းရလို့ ဦးထုပ်ဆောင်းတာမျိုးကို ဘောလုံးသမားတွေအကြား ပြုလုပ်လေ့ရှိခဲ့ဖူးပေမယ့် အခုလိုမျိုး နေကာမျက်မှန်တပ်ပြီး ဂိုးဖမ်းလေ့ကျင့်ခန်းလုပ်တာကတော့ လုံး၀ အသစ်ပါပဲ။ ယူရိုပြိုင်ပွဲရဲ့ သတင်းထောက်တွေကလည်း ဆွန်မာတို့ ၃ဦးရဲ့ ထူးခြားဖြစ်စဉ်ကို အမိအရ ဓါတ်ပုံတွေရိုက်ပြီး ဖော်ပြခဲ့ကြတာပါ။

ပြင်သစ်နဲ့ပွဲမှာ ဆွစ်ဇာလန်ဟာ ဦးဆောင်ဂိုးရခဲ့သလို ၂ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးအနေနဲ့ ပင်နယ်တီတစ်လုံးရခဲ့သေးပေမယ့် မဂိုးခဲပပါဘူး။ နောက်ပိုင်းမှာ ပြင်သစ်က ၃-၁ နဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပြီး ဆွစ်ဇာလန်က ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ခရီးဆက်ခဲ့ရတာပါ။ ဆွစ်ဇာလန်ဟာ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ချန်ပီယံဟောင်း စပိန်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ဖျက်မြင်းအသင်း ဆက်ဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

zawgyi

ျပင္သစ္နဲ႔ပြဲမတိုင္ခင္ ဆြစ္ဇာလန္ဂိုးသမားေတြ ထူးထူးျခားျခား ေနကာမ်က္မွန္ေတြကို ဝတ္ဆင္ၿပီး ေလ့က်င့္ေရး ျပဳလုပ္ခဲ့ၾက

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ နယ္သလန္ကို ခ်က္အသင္းက အႏိုင္ယူခဲ့တာက သမိုင္းေၾကာင္းအရ သိပ္မေျပာသာေပမယ့္ ကမာၻ႔ခ်န္ပီယံလည္းျဖစ္သလို ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး ျပင္သစ္ကို ဆြစ္ဇာလန္က ျဖဳတ္ခ်ႏိုင္လိုက္တာက Shork ျဖစ္ရပ္ပါ။

သာမန္ပြဲကစားခ်ိန္အတြင္းမွာ 3-3 သေရက်ေနခဲ့ၿပီး အခ်ိန္ပိုမွာ ၂ဖက္စလုံး ဂိုးမသြင္းႏိုင္တဲ့အတြက္ ပင္နယ္တီ ၅လုံးစီကန္တဲ့ အဆုံးအျဖတ္မွာ ျပင္သစ္ရဲ႕ ၅လုံးေျမာက္ ေနာက္ဆုံးအလုံးကို ကန္တဲ့ နာမည္ႀကီး တိုက္စစ္မႈး အမ္ဘက္ပီရဲ႕ ကန္ခ်က္ကို ဆြစ္ဇာလန္ဂိုးသမား ရန္ဆြန္မာက လက္စြမ္းျပၿပီး ခ်ိန္သားကိုက္ ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့သလို ႏိုင္ငံအသင္းအတြက္ သူရဲေကာင္းတစ္ေယာက္လည္း ျဖစ္သြားခဲ့ပါတယ္။

ဆြစ္ဇာလန္ဂိုးသမား ဆြန္မာတစ္ေယာက္ အခုလိုမ်ိဳး ကာကြယ္မႈ လုပ္ႏိုင္ခဲ့တာဟာ ျပင္သစ္အသင္းနဲ႔ပြဲ မကစားခင္ ျပဳလုပ္ခဲ့တဲ့ ဆြစ္ဇာလန္အသင္းရဲ႕ ေလ့က်င့္ေရးမွာ ထူးထူးျခားျခား လုပ္ခဲ့တာေတြနဲ႔ ဆိုင္ေနမလား ေတြးစရာပါပဲ။ ဆြန္မာအပါအဝင္ ဆြစ္ဇာလန္အသင္းရဲ႕ ဂိုးသမား ၃ေယာက္စလုံးဟာ အသင္း ေလ့က်င့္ေရးအစီအစဥ္မွာ ထူးထူးျခားျခားအေနနဲ႔ ေနကာမ်က္မွန္ေတြကို ဝတ္ဆင္ၿပီး ေလ့က်င့္ေရး ျပဳလုပ္ခဲ့ၾကပါတယ္။

ေနေရာင္ေအာက္မွာ ေလ့က်င့္ခန္းဆင္းရလို႔ ဦးထုပ္ေဆာင္းတာမ်ိဳးကို ေဘာလုံးသမားေတြအၾကား ျပဳလုပ္ေလ့ရွိခဲ့ဖူးေပမယ့္ အခုလိုမ်ိဳး ေနကာမ်က္မွန္တပ္ၿပီး ဂိုးဖမ္းေလ့က်င့္ခန္းလုပ္တာကေတာ့ လုံး၀ အသစ္ပါပဲ။ ယူ႐ိုၿပိဳင္ပြဲရဲ႕ သတင္းေထာက္ေတြကလည္း ဆြန္မာတို႔ ၃ဦးရဲ႕ ထူးျခားျဖစ္စဥ္ကို အမိအရ ဓါတ္ပုံေတြ႐ိုက္ၿပီး ေဖာ္ျပခဲ့ၾကတာပါ။

ျပင္သစ္နဲ႔ပြဲမွာ ဆြစ္ဇာလန္ဟာ ဦးေဆာင္ဂိုးရခဲ့သလို ၂ဂိုးျပတ္ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးအေနနဲ႔ ပင္နယ္တီတစ္လုံးရခဲ့ေသးေပမယ့္ မဂိုးခဲပပါဘူး။ ေနာက္ပိုင္းမွာ ျပင္သစ္က ၃-၁ နဲ႔ ျပန္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဆြစ္ဇာလန္က ေခ်ပဂိုးေတြ ျပန္သြင္းႏိုင္ခဲ့တဲ့အတြက္ ေနာက္ဆက္တြဲ ခရီးဆက္ခဲ့ရတာပါ။ ဆြစ္ဇာလန္ဟာ ကြာတားဖိုင္နယ္မွာ နာမည္ႀကီး ခ်န္ပီယံေဟာင္း စပိန္နဲ႔ ရင္ဆိုင္ကစားရဖို႔ ရွိေနၿပီး ဖ်က္ျမင္းအသင္း ဆက္ျဖစ္လာဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။