ဇနီးချောတွေနဲ့ ခဏ ပြန်ဆုံခွင့်ရတဲ့ အင်္ဂလန်အသင်းသားများ

အင်္ဂလန်ဟာ မနေ့ညတုန်းက ယူရို ၂၀၂၀ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာဂျာမနီကိုအနိုင်ယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းသားများဟာဂျာမနီကိုအနိုင်ရရှိမှုအတွက်ဆုလာဘ်အဖြစ်ဗုဒ္ဓဟူးနေ့တွင်တစ်နေ့တာအားလပ်ခွင့်ရရှိပြီးမိသားစုဝင်များ၊ဇနီးချောတို့နှင့်တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

အမည်မဖော်လိုသူတစ်ဦးက “သူတို့နာရီအနည်းငယ်ပဲဆုံစည်းခွင့်ရရှိတာဖြစ်ပါတယ်။ ဒါပေမယ့်နောက်တစ်ဆင့် ကစားဖို့အတွက် လုံလောက်တဲ့စိတ်ခွန်အားတွေရရှိကြမှာပါ။ နည်းပြ ဆောက်ဂိတ်ကမိသားစုဝင်တွေဟာကစားသမားတွေ စွမ်းအားထွက်ဖို့ အလွန်အရေးပါတယ်လို့ယုံကြည်ပါတယ်။ ချက်နဲ့ပွဲအပြီးမှာလည်းကွင်းထဲမှာမိသားစုဝင်တွေနဲ့ဆုံစည်းခွင့်ပေးခဲ့ပါသေးတယ်”လို့ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ(သို့မဟုတ်)ကိုဗစ်ကင်းစင်ကြောင်းအထောက်အထားပြသထားပြီးတဲ့ မိသားစုဝင်များ၊ချစ်သူများသာ အင်္ဂလန်အသင်းသားတွေနဲ့ ဆုံစည်းကြတာပါ။

တစ်ဖက်မှာတော့ အင်္ဂလန်ပရိသတ်များဟာကွာတားဖိုင်နယ်ကစားမယ့်ရောမသို့သွားရောက်ကာကွင်းထဲမှာအသင်းကိုအားပေးနိုင်ဖို့ ခက်ခဲပါတယ်။ အင်္ဂလန်ပရိသတ်များဟာအီတလီသို့သွားရောက်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် ပွဲတော့ကြည့်နိုင်မှာမဟုတ်ပါဘူး။

အီတလီရဲ့ကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းကြောင့်ဖြစ်ပါတယ်။ အီတလီရဲ့ကိုဗစ်ကန့်သတ်ချက်အရဗြိတိန်မှ လာရောက်တဲ့သူများ (သို့မဟုတ်)ဗြိတိန်တွင် ၁၄ရက်နေ့ခဲ့ဖူးသူများဟာအီတလီသို့ရောက်ချိန်မှာကွာရန်တင်း၅ရက်ဝင်ရပါမယ်။ တစ်ဖက်တွင်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အင်္ဂလန်ပရိသတ်များကို လက်မှတ်ရောင်းချထားခြင်းမရှိပါဘူး။ ဒါ့အပြင် အီတလီသို့ သွားရောက်တဲ့ အင်္ဂလန်ပရိသတ်များဟာလည်းဗြိတိန်သို့ပြန်ရောက်လာချိန်မှာ ကွာရန်တင်း၁၀ရက်ဝင်ရဦးမှာဖြစ်ပါတယ်။

အီတလီတွင်နေထိုင်တဲ့၊ အီတလီမှာရှိနေတဲ့အင်္ဂလန်ပရိသတ်များနှင့် အခြားဥရောပနိုင်ငံတို့တွင်နေထိုင်နေတဲ့သူများကတော့အင်္ဂလန်ရဲ့ကွာတားဖိုင်နယ်ပွဲကိုကြည့်နိုင်ပါမယ်။

zawgyi

ဇနီး​ေခ်ာ​ေတြနဲ႔ ခဏ ျပန္ဆုံခြင့္ရတဲ့ အဂၤလန္အသင္းသားမ်ား

အဂၤလန္ဟာ မေန႔ညတုန္းက ယူ႐ို ၂၀၂၀ၿပိဳင္ပြဲ ၁၆ သင္းရႈံးထြက္အဆင့္မွာဂ်ာမနီကိုအႏိုင္ယူႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းသားမ်ားဟာဂ်ာမနီကိုအႏိုင္ရရွိမႈအတြက္ဆုလာဘ္အျဖစ္ဗုဒၶဟူးေန႔တြင္တစ္ေန႔တာအားလပ္ခြင့္ရရွိၿပီးမိသားစုဝင္မ်ား၊ဇနီး​ေခ်ာတို႔ႏွင့္ေတြ႕ဆုံခြင့္ရရွိခဲ့ေၾကာင္း သိရပါတယ္။

အမည္မေဖာ္လိုသူတစ္ဦးက “သူတို႔နာရီအနည္းငယ္ပဲဆုံစည္းခြင့္ရရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ေနာက္တစ္ဆင့္ ကစားဖို႔အတြက္ လုံေလာက္တဲ့စိတ္ခြန္အား​ေတြရရွိၾကမွာပါ။ နည္းျပ ေဆာက္ဂိတ္ကမိသားစုဝင္ေတြဟာကစားသမားေတြ စြမ္းအားထြက္ဖို႔ အလြန္အေရးပါတယ္လို႔ယုံၾကည္ပါတယ္။ ခ်က္နဲ႔ပြဲအၿပီးမွာလည္းကြင္းထဲမွာမိသားစုဝင္ေတြနဲ႔ဆုံစည္းခြင့္ေပးခဲ့ပါေသးတယ္”လို႔ေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူမ်ား(သို႔မဟုတ္)ကိုဗစ္ကင္းစင္ေၾကာင္းအေထာက္အထားျပသထားၿပီးတဲ့ မိသားစုဝင္မ်ား၊ခ်စ္သူမ်ားသာ အဂၤလန္အသင္းသား​ေတြနဲ႔ ဆုံစည္းၾကတာပါ။ တစ္ဖက္မွာ​ေတာ့ အဂၤလန္ပရိသတ္မ်ားဟာကြာတားဖိုင္နယ္ကစားမယ့္ေရာမသို႔သြားေရာက္ကာကြင္းထဲမွာအသင္းကိုအားေပးႏိုင္ဖို႔ ခက္ခဲပါတယ္။ အဂၤလန္ပရိသတ္မ်ားဟာအီတလီသို႔သြားေရာက္ခြင့္ရွိေနပါတယ္။ ဒါေပမယ့္ ပြဲေတာ့ၾကည့္ႏိုင္မွာမဟုတ္ပါဘူး။

အီတလီရဲ႕ကိုဗစ္ကန႔္သတ္ခ်က္စည္းမ်ဥ္းေၾကာင့္ျဖစ္ပါတယ္။ အီတလီရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အရၿဗိတိန္မွ လာေရာက္တဲ့သူမ်ား (သို႔မဟုတ္)ၿဗိတိန္တြင္ ၁၄ရက္ေန႔ခဲ့ဖူးသူမ်ားဟာအီတလီသို႔ေရာက္ခ်ိန္မွာကြာရန္တင္း၅ရက္ဝင္ရပါမယ္။ တစ္ဖက္တြင္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ အဂၤလန္ပရိသတ္မ်ားကို လက္မွတ္ေရာင္းခ်ထားျခင္းမရွိပါဘူး။ ဒါ့အျပင္ အီတလီသို႔ သြားေရာက္တဲ့ အဂၤလန္ပရိသတ္မ်ားဟာလည္းၿဗိတိန္သို႔ျပန္ေရာက္လာခ်ိန္မွာ ကြာရန္တင္း၁၀ရက္ဝင္ရဦးမွာျဖစ္ပါတယ္။

အီတလီတြင္ေနထိုင္တဲ့၊ အီတလီမွာရွိေနတဲ့အဂၤလန္ပရိသတ္မ်ားႏွင့္ အျခားဥေရာပႏိုင္ငံတို႔တြင္ေနထိုင္ေနတဲ့သူမ်ားကေတာ့အဂၤလန္ရဲ႕ကြာတားဖိုင္နယ္ပြဲကိုၾကည့္ႏိုင္ပါမယ္။