ဆန်ချိုရဲ့ အပြောင်းအရွေ့က အပြီးသတ်လုနီးပါး ရောက်ရှိ

ဆန်ချို- ယူနိုက်တက်အပြောင်းအရွေ့က မကြာမီ အပြီးသတ်နိုင်တော့မှာပါ။ များစွာသော သတင်းတွေကလည်း နေ့စဉ်နေ့တိုင်း အပြောင်းအရွေ့က ပိုပြီး နီးစပ်လာနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မားကတ် ရက်ဖို့ဒ်က ထင်မှတ်မထားတဲ့အရာ တစ်ခုပြုလုပ်ခဲ့ပါတယ်။

တွယ်တာမှာ ပရိသတ်တစ်ဦးရဲ့ “ ဆန်ချိုကို ကြေညာပေးပါ ၊ မားကတ် ( Announce Sancho Marcus )” ဆိုတဲ့ မေးမြန်းမှုကို ရက်ဖို့ဒ်က အရိုးရှင်းဆုံး “ ဟုတ်ပါတယ်(yes)” ဟု တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းက လက်ရှိမှာ ဂျာမနီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ရက်ဖို့ဒ်က အပြောင်းအရွေ့ရဲ့ အခြေအနေကို ကြိုတင်သိရှိထားတာဖြစ်နိုင်သလို အင်္ဂလန်အသင်းဖော်တစ်ဦးက သူ့ရဲ့ဖုန်းကိုယူပြီး ကျီစယ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဆန်ချို ယူနိုက်တက်ကို ရောက်မယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိရှိထားပြီးဖြစ်ပါတယ်။ အပြောင်းအရွေ့ကို အပြီးသတ်ထားနိုင်ပုံရပေမယ့် ယူရို ( ၂၀၂၀ ) ပြီးမှသာ တရားဝင်ကြေညာဖွယ်ရှိပါတယ်။

ဂျာမနီသတင်းစာ Sport1 ရဲ့ နောက်ဆုံး ပြောဆိုချက်မှာ အပြောင်းအရွေ့က အပြီးသတ်လုနီးပါး ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ Fabrizio Romano ကလည်း ရက်ဖို့ဒ်ရဲ့ အဆိုပါ မှတ်ချက်ပြီးနောက် “ ဆန်ချို အပြောင်းအရွေ့က ဆက်သွားနေဆဲပါ _ အေးဂျင့် မားကတ်ရက်ဖို့ဒ်သိပါတယ်။ ယူနိုက်တက် နှင့် ဒေါ့မွန်တို့ဟာ လာမယ့် နာရီတွေအတွင်းမှာ တိုက်ရိုက်တွေ့ဆုံပြီး ငွေပေးချေမှုပုံစံ နောက်ဆုံးအသေးစိတ်ကို ဆွေးနွေးဖို့ရှိပါတယ်။ ( ယူရို သန်း (၉၀ ) ဝန်းကျင် )”လို့ ရေးသားထားပါတယ်။

zawgyi

ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ြ႕က အၿပီးသတ္လုနီးပါး ေရာက္ရွိ

ဆန္ခ်ိဳ- ယူႏိုက္တက္အေျပာင္းအေ႐ြ႕က မၾကာမီ အၿပီးသတ္ႏိုင္ေတာ့မွာပါ။ မ်ားစြာေသာ သတင္းေတြကလည္း ေန႔စဥ္ေန႔တိုင္း အေျပာင္းအေ႐ြ႕က ပိုၿပီး နီးစပ္လာေနတယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ မားကတ္ ရက္ဖို႔ဒ္က ထင္မွတ္မထားတဲ့အရာ တစ္ခုျပဳလုပ္ခဲ့ပါတယ္။

တြယ္တာမွာ ပရိသတ္တစ္ဦးရဲ႕ “ ဆန္ခ်ိဳကို ေၾကညာေပးပါ ၊ မားကတ္ ( Announce Sancho Marcus )” ဆိုတဲ့ ေမးျမန္းမႈကို ရက္ဖို႔ဒ္က အ႐ိုးရွင္းဆုံး “ ဟုတ္ပါတယ္(yes)” ဟု တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းက လက္ရွိမွာ ဂ်ာမနီကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

ရက္ဖို႔ဒ္က အေျပာင္းအေ႐ြ႕ရဲ႕ အေျခအေနကို ႀကိဳတင္သိရွိထားတာျဖစ္ႏိုင္သလို အဂၤလန္အသင္းေဖာ္တစ္ဦးက သူ႔ရဲ႕ဖုန္းကိုယူၿပီး က်ီစယ္တာလည္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ဆန္ခ်ိဳ ယူႏိုက္တက္ကို ေရာက္မယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔အားလုံး သိရွိထားၿပီးျဖစ္ပါတယ္။ အေျပာင္းအေ႐ြ႕ကို အၿပီးသတ္ထားႏိုင္ပုံရေပမယ့္ ယူ႐ို ( ၂၀၂၀ ) ၿပီးမွသာ တရားဝင္ေၾကညာဖြယ္ရွိပါတယ္။

ဂ်ာမနီသတင္းစာ Sport1 ရဲ႕ ေနာက္ဆုံး ေျပာဆိုခ်က္မွာ အေျပာင္းအေ႐ြ႕က အၿပီးသတ္လုနီးပါး ေရာက္ရွိေနတယ္လို႔ ဆိုပါတယ္။ Fabrizio Romano ကလည္း ရက္ဖို႔ဒ္ရဲ႕ အဆိုပါ မွတ္ခ်က္ၿပီးေနာက္ “ ဆန္ခ်ိဳ အေျပာင္းအေ႐ြ႕က ဆက္သြားေနဆဲပါ _ ေအးဂ်င့္ မားကတ္ရက္ဖို႔ဒ္သိပါတယ္။ ယူႏိုက္တက္ ႏွင့္ ေဒါ့မြန္တို႔ဟာ လာမယ့္ နာရီေတြအတြင္းမွာ တိုက္႐ိုက္ေတြ႕ဆုံၿပီး ေငြေပးေခ်မႈပုံစံ ေနာက္ဆုံးအေသးစိတ္ကို ေဆြးေႏြးဖို႔ရွိပါတယ္။ ( ယူ႐ို သန္း (၉၀ ) ဝန္းက်င္ )”လို႔ ေရးသားထားပါတယ္။