ယူရိုပြိုင်ပွဲဝင် နည်းပြတွေရဲ့ လစာ အနည်းဆုံး မြန်မာငွေ သိန်း ၈၀၀၀ နီးပါး ရှိနေ

ကမ္ဘာကျော် နာမည်ကြီးကလပ်အသင်း နည်းပြတွေက မြင့်မားတဲ့ လုပ်ခလစာတွေ ရနေကြသလို နိုင်ငံ့လက်ရွေးစင်အသင်း နည်းပြတွေရဲ့ လစာဟာလည်း မနည်းတာ တွေ့နေရပါတယ်။ လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ပြိုင်ပွဲနိုင်ငံအသင်းတွေရဲ့ နည်းပြတစ်ဦးချင်းစီရဲ့ လုပ်ခ နှုန်းထားတွေကို sportingfreeရဲ့ စစ်တမ်းအရ ဖော်ပြပေးဖို့ရှိပါတယ်။

ပြိုင်ပွဲဝင် နိုင်ငံအသင်းတွေထဲမှာ လုပ်ခ အနည်းဆုံးရတဲ့ နည်းပြတွေကတော့ ဖင်လန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီအသင်း နည်းပြတွေ ဖြစ်ပြီး တစ်လဝင်ငွေ ပေါင် ၃သိန်းခွဲသာရနေကြတာပါ။ ဒါပေမယ့် ဒီငွေပမာဏဟာ မြန်မာငွေနဲ့ တွက်လိုက်မယ်ဆိုရင် လက်ရှိ ငွေဈေး ပေါက်ဈေးအရ သိန်း ၈ထောင်လောက်နဲ့ ညီမျှနေပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် နိုင်ငံအသင်းတွေထဲမှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ နည်းပြကတော့ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လို ဖြစ်ပြီး သူက ပေါင် ၄.၇၅သန်း အထိ ရရှိနေတာပါ။

သူ့ရဲ့ အနောက်မှာ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ရှိနေပြီး ပေါင် ၄သန်း ရရှိနေပါတယ်။

ရှုံးထွက်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ကစားခဲ့ရတဲ့ ဆွစ်ဇာလန်အသင်း နည်းပြ ပတ်စ်ကိုဗစ်ကတော့ ပေါင် ၁.၅သန်း ရနေတာပါ။

ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းက ၁၆သင်းအဆင့်မှာ လုပ်ခပေါင် ၃.၂၅သန်း ရနေတဲ့ နည်းပြ ဆောက်ဂိတ် တာဝန်ယူထားတဲ့ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံ ကစားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အမှတ်ပေးလိဂ်ပြိုင်ပွဲဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြလစာကတော့ စတုထ္ထအများဆုံးသာ ဖြစ်ပါတယ်။

၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းတွေရဲ့ နည်းပြတွေထဲမှာ လုပ်ခလစာ အနည်းဆုံးကတော့ ချက်အသင်းနည်းပြ ချရိုဆလက်ဗ် ဖြစ်ပြီး လစာက ပေါင် ၄၇၅၀၀၀ သာရရှိတဲ့အတွက် ထိပ်ဆုံးမှာ အများဆုံး ရရှိတဲ့ ဂျာမနီက ဂျိအာချင်လိုနဲ့ ၁၀ဆ ကွာပါတယ်။

zawgyi

ယူ႐ိုၿပိဳင္ပြဲဝင္ နည္းျပေတြရဲ့ လစာ အနည္းဆုံး ျမန္မာေငြ သိန္း ၈၀၀၀ နီးပါး ရွိေန

ကမာၻေက်ာ္ နာမည္ႀကီးကလပ္အသင္း နည္းျပေတြက ျမင့္မားတဲ့ လုပ္ခလစာေတြ ရေနၾကသလို ႏိုင္ငံ့လက္ေ႐ြးစင္အသင္း နည္းျပေတြရဲ႕ လစာဟာလည္း မနည္းတာ ေတြ႕ေနရပါတယ္။ လက္ရွိက်င္းပေနတဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ပါဝင္ကစားေနတဲ့ ၿပိဳင္ပြဲႏိုင္ငံအသင္းေတြရဲ႕ နည္းျပတစ္ဦးခ်င္းစီရဲ႕ လုပ္ခ ႏႈန္းထားေတြကို sportingfreeရဲ႕ စစ္တမ္းအရ ေဖာ္ျပေပးဖို႔ရွိပါတယ္။

ၿပိဳင္ပြဲဝင္ ႏိုင္ငံအသင္းေတြထဲမွာ လုပ္ခ အနည္းဆုံးရတဲ့ နည္းျပေတြကေတာ့ ဖင္လန္၊ ဆလိုဗက္ကီးယားနဲ႔ ဟန္ေဂရီအသင္း နည္းျပေတြ ျဖစ္ၿပီး တစ္လဝင္ေငြ ေပါင္ ၃သိန္းခြဲသာရေနၾကတာပါ။ ဒါေပမယ့္ ဒီေငြပမာဏဟာ ျမန္မာေငြနဲ႔ တြက္လိုက္မယ္ဆိုရင္ လက္ရွိ ေငြေဈး ေပါက္ေဈးအရ သိန္း ၈ေထာင္ေလာက္နဲ႔ ညီမွ်ေနပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ ႏိုင္ငံအသင္းေတြထဲမွာ လုပ္ခလစာ အမ်ားဆုံး ရရွိတဲ့ နည္းျပကေတာ့ ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လို ျဖစ္ၿပီး သူက ေပါင္ ၄.၇၅သန္း အထိ ရရွိေနတာပါ။

သူ႔ရဲ႕ အေနာက္မွာ ျပင္သစ္အသင္းကို ၂၀၁၈ ကမာၻ႔ဖလား ရယူေပးႏိုင္ခဲ့တဲ့ ျပင္သစ္အသင္းနည္းျပ ဒက္ခ်မ့္ရွိေနၿပီး ေပါင္ ၄သန္း ရရွိေနပါတယ္။ ရႈံးထြက္ပြဲစဥ္မွာ ျပင္သစ္အသင္းနဲ႔ ကစားခဲ့ရတဲ့ ဆြစ္ဇာလန္အသင္း နည္းျပ ပတ္စ္ကိုဗစ္ကေတာ့ ေပါင္ ၁.၅သန္း ရေနတာပါ။ ဂ်ိဳအာခ်င္လိုရဲ႕ ဂ်ာမနီအသင္းက ၁၆သင္းအဆင့္မွာ လုပ္ခေပါင္ ၃.၂၅သန္း ရေနတဲ့ နည္းျပ ေဆာက္ဂိတ္ တာဝန္ယူထားတဲ့ အဂၤလန္အသင္းနဲ႔ ေတြ႕ဆုံ ကစားရဖို႔ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ဟာ ကမာၻေပၚမွာ အေက်ာ္ၾကားဆုံး အမွတ္ေပးလိဂ္ၿပိဳင္ပြဲျဖစ္ေပမယ့္ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပလစာကေတာ့ စတုထၳအမ်ားဆုံးသာ ျဖစ္ပါတယ္။ ၁၆သင္း ရႈံးထြက္အဆင့္ကို တက္ေရာက္လာတဲ့ အသင္းေတြရဲ႕ နည္းျပေတြထဲမွာ လုပ္ခလစာ အနည္းဆုံးကေတာ့ ခ်က္အသင္းနည္းျပ ခ်႐ိုဆလက္ဗ္ ျဖစ္ၿပီး လစာက ေပါင္ ၄၇၅၀၀၀ သာရရွိတဲ့အတြက္ ထိပ္ဆုံးမွာ အမ်ားဆုံး ရရွိတဲ့ ဂ်ာမနီက ဂ်ိအာခ်င္လိုနဲ႔ ၁၀ဆ ကြာပါတယ္။