ယူနိုက်တက်က လူငယ်ကစားသမား ဂျိုး ဟူဂေးလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ရှိ

မန်ယူနိုက်တက်က ယူ -၂၃ အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂျိုး ဟူဂေးလ်ကို ( ၃ ) နှစ်စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်ထားပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ အတောက်ပဆုံး လူငယ်ကစားသမားတွေထဲမှာ ဂျိုး ဟူဂေးလ်လည်း ပါဝင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ အိုးထရတ်ဖို့ဒ်ကို ‌ရောက်ရှိလာပေမယ့် ဆိုးရှားရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံနေရပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ယူ -၂၃ အသင်းအတွက် ( ၁၆ ) ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးကို သုံးနှစ်စာချုပ်ကမ်းလှမ်းပြီး လူငယ်ကြယ်ပွင့်တွေကို ချီးမြှင့်မြောက်စားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နောက်ပြီး The Athletic အရ ဟူဂေးလ်ဟာ ပထမအသင်းကြီးနဲ့အတူ ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ( ၂ ) မှာ လီဗာပူးအသင်းဘက်ကို တစ်ဦးတည်း ( ၄ ) ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟူဂေးလ်ဟာ လာမယ့် အောက်တိုဘာလမှာ အသက် ( ၁၈ ) နှစ်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။

လာမယ့်ရာသီကြိုပွဲစဉ်တွေက သူ့ရဲ့ အရည်အချင်းကို ယူနိုက်တက်နည်းပြအဖွဲ့ထံ သက်သေပြခွင့်ရမယ့် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္က လူငယ္ကစားသမား ဂ်ိဳး ဟူေဂးလ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ရွိ

မန္ယူႏိုက္တက္က ယူ -၂၃ အသင္းနဲ႔အတူ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမား ဂ်ိဳး ဟူေဂးလ္ကို ( ၃ ) ႏွစ္စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ စီစဥ္ထားပါတယ္။

လက္ရွိ ယူႏိုက္တက္ရဲ႕ အေတာက္ပဆုံး လူငယ္ကစားသမားေတြထဲမွာ ဂ်ိဳး ဟူေဂးလ္လည္း ပါဝင္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကမွ အိုးထရတ္ဖို႔ဒ္ကို ‌ေရာက္ရွိလာေပမယ့္ ဆိုးရွားရဲ႕ စိတ္ဝင္တစား ေစာင့္ၾကည့္ျခင္းခံေနရပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ -၂၃ အသင္းအတြက္ ( ၁၆ ) ဂိုးသြင္းယူခဲ့တဲ့ တိုက္စစ္မႉးကို သုံးႏွစ္စာခ်ဳပ္ကမ္းလွမ္းၿပီး လူငယ္ၾကယ္ပြင့္ေတြကို ခ်ီးျမႇင့္ေျမာက္စားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ေနာက္ၿပီး The Athletic အရ ဟူေဂးလ္ဟာ ပထမအသင္းႀကီးနဲ႔အတူ ရာသီႀကိဳပြဲစဥ္ေတြမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ( ၂ ) မွာ လီဗာပူးအသင္းဘက္ကို တစ္ဦးတည္း ( ၄ ) ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ဟူေဂးလ္ဟာ လာမယ့္ ေအာက္တိုဘာလမွာ အသက္ ( ၁၈ ) ႏွစ္ထဲကို ေရာက္ရွိမွာျဖစ္ပါတယ္။

လာမယ့္ရာသီႀကိဳပြဲစဥ္ေတြက သူ႔ရဲ႕ အရည္အခ်င္းကို ယူႏိုက္တက္နည္းျပအဖြဲ႕ထံ သက္ေသျပခြင့္ရမယ့္ အေကာင္းဆုံးအခြင့္အေရး ျဖစ္ပါတယ္။