ဘာပေကို ဘယ်သူ့မှအပြစ်မတင်ကြဘဲ စုစည်းညီညွှတ်ကြ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ဆွစ်ဇာလန်တို့ဟာ နောက်ဆုံး အရှုံး၊ အနိုင် ဆုံးဖြတ်ရမယ့် အချိန်မှာ ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်ရှိခဲ့ပါတယ်။ ပင်နယ်တီကန်သွင်းရာမှာတော့ နောက်ဆုံးပင်နယ်တီကန်သွင်းမှုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက တာဝန်ယူခဲ့ပေမယ့် သူ့ရဲ့ ကန်သွင်းချက်ကို ဆွစ်ဇာလန်ဂိုးသမား ဆွန်မာ ကာကွယ်လိုက်နိုင်လိုက်တာကြောင့် အဆုံးသတ်မလှဘဲ ဖြစ်ခဲ့ရပါတယ်။

ပင်နယ်တီ ၅ လုံးစီ ကန်ရာတွင် ဆွစ်ဇာလန်မှ ၅ လုံးစလုံးဝင်ပြီး ပြင်သစ်အသင်းမှ ၅ လုံးတွင် အမ်ဘာပေတစ်ယောက်သာ လွဲချော်ခဲ့ခြင်းဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ သောကြာနေ့တွင် စပိန်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ပင်နယ်တီလွဲခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေက တောင်းပန်မှုတွေပြုလုပ်ထားပါတယ်။ သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့် ဘာပေက တောင်းပန်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်အတွက်ကိုလည်း ဂုဏ်ပြုစကားဆိုခဲ့ပါသေးတယ်။

ပွဲအပြီးမှာတော့ ဘာပေဟာ အဝတ်လဲခန်းထဲကို တန်းဝင်သွားခဲ့ပြီး အသင်းဖော်နဲ့နည်းပြတွေက သူ့ကိုနှစ်သိမ့်ပေးခဲ့ကြရပါတယ်။ နည်းပြဒက်ချမ့်ကလည်း ကစားသမားအားလုံး အဝတ်လဲခန်းထဲမှာ ဝမ်းနည်းကြေကွဲခဲ့ကြပေမယ့် ဘယ်သူ့ကိုမှအပြစ်မတင်ကြဘဲ စုစည်းညီညွှတ်နေကြတယ်လို့ အတည်ပြု ပြောထားပါတယ်။

ဘာပေက သူ့ရဲ့အင်စတာဂရမ်မှာ “ဒီအကြောင်းကို ပြန်လှန်ဖို့က အရမ်းခက်ခဲပါတယ်။ ပြိုင်ပွဲကထွက်ခွာခဲ့ရတာက တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်တော်တို့ပန်းတိုင်ကို ရောက်အောင်မသွားနိုင်တော့ပါဘူး။ ပင်နယ်တီအတွက် ကျွန်တော်တောင်းပန်ပါတယ်။ အသင်းကို ကူညီချင်ပေမယ့်လည်း မကူညီနိုင်ခဲ့ပါဘူး”

“အားလုံးပဲ ကောင်းကောင်းအိပ်စက်ကြပါ။ ခက်ခဲမယ်ဆိုတာသိပေမယ့်လည်း ဘောလုံးမှာက အနိမ့်အမြင့်၊အတက်အကျတွေကရှိပါတယ်။ ပရိသတ်တွေစိတ်ပျက်နေမယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ခင်ဗျားတို့ရဲ့အားပေးမှု၊ ယုံကြည်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အနိုင်ရသွားတဲ့ ဆွစ်ဇာလန်ကိုလည်း ဂုဏ်ပြုပါတယ်။ကံကောင်းပါစေ” လို့ ရေးသားခဲ့ပါတယ်။

zawgyi

ဘာ​ေပကို ဘယ္သူ႔ကိုမွအျပစ္မတင္ၾကဘဲ စုစည္းညီၫႊတ္ၾက

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ို ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ျပင္သစ္အသင္းနဲ႔ ဆြစ္ဇာလန္တို႔ဟာ ေနာက္ဆုံး အရႈံး၊ အႏိုင္ ဆုံးျဖတ္ရမယ့္ အခ်ိန္မွာ ပင္နယ္တီအဆုံးအျဖတ္ထိ ေရာက္ရွိခဲ့ပါတယ္။ ပင္နယ္တီကန္သြင္းရာမွာေတာ့ ေနာက္ဆုံးပင္နယ္တီကန္သြင္းမႈကို ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပက တာဝန္ယူခဲ့ေပမယ့္ သူ႔ရဲ႕ ကန္သြင္းခ်က္ကို ဆြစ္ဇာလန္ဂိုးသမား ဆြန္မာ ကာကြယ္လိုက္ႏိုင္လိုက္တာေၾကာင့္ အဆုံးသတ္မလွဘဲ ျဖစ္ခဲ့ရပါတယ္။

ပင္နယ္တီ ၅ လုံးစီ ကန္ရာတြင္ ဆြစ္ဇာလန္မွ ၅ လုံးစလုံးဝင္ၿပီး ျပင္သစ္အသင္းမွ ၅ လုံးတြင္ အမ္ဘာေပတစ္ေယာက္သာ လြဲေခ်ာ္ခဲ့ျခင္းျဖစ္ပါတယ္။ ဆြစ္ဇာလန္ဟာ ေသာၾကာေန႔တြင္ စပိန္အသင္းႏွင့္ ကြာတားဖိုင္နယ္ပြဲစဥ္ ကစားရမွာ ျဖစ္ပါတယ္။

ပင္နယ္တီလြဲခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉးဘာ​ေပက ေတာင္းပန္မႈေတြျပဳလုပ္ထားပါတယ္။ သူ႔ရဲ႕ အင္စတာဂရမ္ကတစ္ဆင့္ ဘာ​ေပက ေတာင္းပန္ခဲ့တာျဖစ္ၿပီး ဆြစ္ဇာလန္အတြက္ကိုလည္း ဂုဏ္ျပဳစကားဆိုခဲ့ပါေသးတယ္။

ပြဲအၿပီးမွာေတာ့ ဘာ​ေပဟာ အဝတ္လဲခန္းထဲကို တန္းဝင္သြားခဲ့ၿပီး အသင္းေဖာ္နဲ႔နည္းျပေတြက သူ႔ကိုႏွစ္သိမ့္ေပးခဲ့ၾကရပါတယ္။ နည္းျပဒက္ခ်မ့္ကလည္း ကစားသမားအားလုံး အဝတ္လဲခန္းထဲမွာ ၀မ္းနည္းေၾကကြဲခဲ့ၾကေပမယ့္ ဘယ္သူ႔ကိုမွအျပစ္မတင္ၾကဘဲ စုစည္းညီၫႊတ္ေနၾကတယ္လို႔ အတည္ျပဳ ​ေျပာထားပါတယ္။

ဘာ​ေပက သူ႔ရဲ႕အင္စတာဂရမ္မွာ “ဒီအ​ေၾကာင္းကို ျပန္လွန္ဖို႔က အရမ္းခက္ခဲပါတယ္။ ၿပိဳင္ပြဲကထြက္ခြာခဲ့ရတာက တကယ္ဝမ္းနည္းဖို႔ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ပန္းတိုင္ကို ေရာက္ေအာင္မသြားႏိုင္ေတာ့ပါဘူး။ ပင္နယ္တီအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ အသင္းကို ကူညီခ်င္ေပမယ့္လည္း မကူညီႏိုင္ခဲ့ပါဘူး”

“အားလုံးပဲ ေကာင္းေကာင္းအိပ္စက္ၾကပါ။ ခက္ခဲမယ္ဆိုတာသိေပမယ့္လည္း ​ေဘာလုံးမွာက အနိမ့္အျမင့္၊အတက္အက်ေတြကရွိပါတယ္။ ပရိသတ္ေတြစိတ္ပ်က္ေနမယ္ဆိုတာလည္း ကြၽန္ေတာ္သိပါတယ္။ ခင္ဗ်ားတို႔ရဲ႕အားေပးမႈ၊ ယုံၾကည္မႈ​ေတြအတြက္ ေက်းဇူးတင္ပါတယ္။ အႏိုင္ရသြားတဲ့ ဆြစ္ဇာလန္ကိုလည္း ဂုဏ္ျပဳပါတယ္။ကံေကာင္းပါေစ” လို႔ ေရးသားခဲ့ပါတယ္။