နယ်ဗီးလ်က ‌ပေါ့ဘာဟာ တခါတလေ မမှန်ကန်တဲ့နေရာတွေမှာ စွန့်စားမှုတွေ ပြုလုပ်လွန်းတယ်လို့ ဝေဖန်သုံးသပ်ခဲ့

ပြင်သစ်အသင်းက ဆွစ်ဇာလန်ကို ရှုံးနိမ့်ကာ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပေါလ် ပေါ့ဘာဟာ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နယ်ဗီးလ်ရဲ့ ဝေဖန်ခြင်းခံခဲ့ရပါတယ်။

ဒေးရှော့ရဲ့ အသင်းဟာ ယခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် တနင်္လာနေ့က ( ၁၆ သင်းအဆင့် ပွဲစဉ်မှာတော့ ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

ပြင်သစ်အသင်းက ကီရန် ဘင်ဇီးမား ၊ ပေါလ် ပေါ့ဘာတို့ရဲ့ သွင်းဂိုးတွေနဲ့ ( ၃-၁ ) ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတဲ့အတွက် အချိန်ပို မိနစ် ( ၃၀ ) ကစားခဲ့ရတာဖြစ်ပါတယ်။

နယ်ဗီးလ်က ‌ပေါ့ဘာဟာ တခါတလေ မမှန်ကန်တဲ့နေရာတွေမှာ စွန့်စားမှုတွေ ပြုလုပ်လွန်းတယ်လို့ ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ် သူက ITV ရဲ့ ရုပ်သံအစီအစဉ်အတွင်း “ ကျွန်တော်တို့ ပေါ့ဘာရဲ့ အကောင်းဆုံး နှင့် အဆိုးဆုံး ပုံစံ ( ၂ ) ခုစလုံးကို ဒုတိယပိုင်းမှာ တွေ့မြင်ခဲ့ရပါတယ်။”လို့ ဆိုပါတယ်။

“ အကောင်းဆုံးကတော့ သူ့ရဲ့ ကန်သွင်းမှုပါ ။ အဲ့ဒီမတိုင်ခင် သူ့ရဲ့ ပေးပို့မှုတွေကည်း အရမ်းကောင်းမွန်ခဲ့ပါတယ်။ အသင်းက ထိပ်မှာဖြစ်နေချိန် လုံးဝကို ထူးချွန်ခဲ့ပါတယ်။ သူက စွန့်စားမှုတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီစွန့်စားမှုတွေကို တိုက်စစ်မှာ ပြုလုပ်ရမှာပါ၊ ခံစစ်မှာ မဟုတ်ပါဘူး ။ defensive third မှာ သွားလုပ်တဲ့အတွက် တန်ပြန်တိုက်စစ်ဆင် ခံလိုက်ရပါတယ်။”

zawgyi

နယ္ဗီးလ္က ‌ေပါ့ဘာဟာ တခါတေလ မမွန္ကန္တဲ့ေနရာေတြမွာ စြန႔္စားမႈေတြ ျပဳလုပ္လြန္းတယ္လို႔ ေဝဖန္သုံးသပ္ခဲ့

ျပင္သစ္အသင္းက ဆြစ္ဇာလန္ကို ရႈံးနိမ့္ကာ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ ေပါလ္ ေပါ့ဘာဟာ ယူႏိုက္တက္ ဂႏၲဝင္ ဂယ္ရီ နယ္ဗီးလ္ရဲ႕ ေဝဖန္ျခင္းခံခဲ့ရပါတယ္။ ေဒးေရွာ့ရဲ႕ အသင္းဟာ ယခုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားခဲ့ေပမယ့္ တနလၤာေန႔က ( ၁၆ သင္းအဆင့္ ပြဲစဥ္မွာေတာ့ ဆြစ္ဇာလန္ကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။

ျပင္သစ္အသင္းက ကီရန္ ဘင္ဇီးမား ၊ ေပါလ္ ေပါ့ဘာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ( ၃-၁ ) ဦးေဆာင္ကစားႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ေခ်ပဂိုးေတြ ျပန္လည္ခြင့္ျပဳခဲ့ရတဲ့အတြက္ အခ်ိန္ပို မိနစ္ ( ၃၀ ) ကစားခဲ့ရတာျဖစ္ပါတယ္။ နယ္ဗီးလ္က ‌ေပါ့ဘာဟာ တခါတေလ မမွန္ကန္တဲ့ေနရာေတြမွာ စြန႔္စားမႈေတြ ျပဳလုပ္လြန္းတယ္လို႔ ေဝဖန္သုံးသပ္ခဲ့တာျဖစ္ပါတယ္။

သူက ITV ရဲ႕ ႐ုပ္သံအစီအစဥ္အတြင္း “ ကြၽန္ေတာ္တို႔ ေပါ့ဘာရဲ႕ အေကာင္းဆုံး ႏွင့္ အဆိုးဆုံး ပုံစံ ( ၂ ) ခုစလုံးကို ဒုတိယပိုင္းမွာ ေတြ႕ျမင္ခဲ့ရပါတယ္။”လို႔ ဆိုပါတယ္။

“ အေကာင္းဆုံးကေတာ့ သူ႔ရဲ႕ ကန္သြင္းမႈပါ ။ အဲ့ဒီမတိုင္ခင္ သူ႔ရဲ႕ ေပးပို႔မႈေတြကည္း အရမ္းေကာင္းမြန္ခဲ့ပါတယ္။ အသင္းက ထိပ္မွာျဖစ္ေနခ်ိန္ လုံးဝကို ထူးခြၽန္ခဲ့ပါတယ္။ သူက စြန႔္စားမႈေတြ ျပဳလုပ္ခဲ့တယ္။ ဒါေပမယ့္ ဒီစြန႔္စားမႈေတြကို တိုက္စစ္မွာ ျပဳလုပ္ရမွာပါ၊ ခံစစ္မွာ မဟုတ္ပါဘူး ။ defensive third မွာ သြားလုပ္တဲ့အတြက္ တန္ျပန္တိုက္စစ္ဆင္ ခံလိုက္ရပါတယ္။”