ဖာနန်ဒက်စ်အပေါ် သရဲနီပရိသတ်တွေရဲ့ သဘောထား

ပေါ်တူဂီဟာ ( ၁၆ )သင်း ၊ ရှုံးထွက် အဆင့်မှာ ဘယ်လ်ဂျီယံအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် နွေရာသီ ဥရောပဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ( ၂၀၁၆ )ခုနှစ် ချန်ပီယံဟာ ဒုတိယပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသခဲ့ပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး ။

သောဂန် ဟာဇက်ရဲ့ ပထမပိုင်းသွင်းဂိုးက ဘယ်လ်ဂျီယံအတွက် နောက်တစ်ဆင့်တက်ရောက်ဖို့ လုံလောက်သွားခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ လူစားဝင်ကစားမှုက ပေါ်တူဂီအသင်းကို သိသာတဲ့အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့ပေမယ့် အနည်းငယ် နောက်ကျခဲ့ရပါတယ်။

အသက် ( ၂၆ ) နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပွဲစဉ်အပေါ် ကောင်းမွန်တဲ့ သက်‌ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ပေါ်တူဂီရဲ့ အကောင်းဆုံး အခွင့်အရေးတွေကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းကတော့ ပထမဆုံး ရှုံးထွက်အဆင့်မှာပဲ ပြိုင်ပွဲကို စွန့်ခွာခဲ့ရပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်တစ်ဦးက သူ့ရဲ့ တွယ်တာစာမျက်နှာမှာ “ ဘရိုနို ဖာနန်ဒက်စ်က လူစားဝင်လာပြီးချင်း ပွဲရဲ့ အရှိန်ကို ပြောင်းလဲနိုင်ခဲ့တယ်။ သူ့ကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးမပြုတာက အတော်ကို တုံးတဲ့ ဆုံးဖြတ်ချက်ပါ။”လို့ မှတ်ချက်ပေးထားပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ ဘရူနိုကို ပွဲထွက်ကစားသမားအနေနဲ့ အသုံးမပြုတာက အမှားကြီးတစ်ခုပါ ။ ပွဲကို ပြောင်းလဲပေးနိုင်တဲ့သူပါ ။ ဘယ်လ်ဂျီယံ ကံကောင်းပြီး နောက်တစ်ဆင့်ရောက်သွားတာပါ။”လို့ ဆိုထားပါတယ်။

ဖာနန်ဒက်စ်ဟာ ( ၁ ) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံ နှင့် လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲစုံ ( ၈၅ ) ပွဲ ကစားပေးခဲ့ရပြီး လက်ရှိမှာတော့ အနားယူခွင့်ရရှိတော့မှာဖြစ်ပါတယ်။

zawgyi

ဖာနန္ဒက္စ္အေပၚ သရဲနီပရိသတ္ေတြရဲ႕ သေဘာထား

ေပၚတူဂီဟာ ( ၁၆ )သင္း ၊ ရွံုးထြက္ အဆင့္မွာ ဘယ္လ္ဂ်ီယံအသင္းကို အေရးနိမ့္ခဲ့ၿပီးေနာက္ ေႏြရာသီ ဥေရာပဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ ( ၂၀၁၆ )ခုႏွစ္ ခ်န္ပီယံဟာ ဒုတိယပိုင္းမွာ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္ လိုအပ္တဲဲ့ သြင္းဂိုးေတြေတာ့ ရယူႏိုင္ခဲ့ျခင္းမရွိပါဘူး ။

ေသာဂန္ ဟာဇက္ရဲ႕ ပထမပိုင္းသြင္းဂိုးက ဘယ္လ္ဂ်ီယံအတြက္ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ လုံေလာက္သြားခဲ့ပါတယ္။ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ လူစားဝင္ကစားမႈက ေပၚတူဂီအသင္းကို သိသာတဲ့အေျပာင္းအလဲ ျဖစ္ေပၚေစခဲ့ေပမယ့္ အနည္းငယ္ ေနာက္က်ခဲ့ရပါတယ္။

အသက္ ( ၂၆ ) ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ပြဲစဥ္အေပၚ ေကာင္းမြန္တဲ့ သက္‌ေရာက္မႈေတြ ျဖစ္ေပၚေစခဲ့ၿပီး ေပၚတူဂီရဲ႕ အေကာင္းဆုံး အခြင့္အေရးေတြကို ဖန္တီးေပးခဲ့ပါတယ္။ ဒါေပမယ့္ ေပၚတူဂီအသင္းကေတာ့ ပထမဆုံး ရႈံးထြက္အဆင့္မွာပဲ ၿပိဳင္ပြဲကို စြန႔္ခြာခဲ့ရၿပီျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္တစ္ဦးက သူ႔ရဲ႕ တြယ္တာစာမ်က္ႏွာမွာ “ ဘ႐ိုႏို ဖာနန္ဒက္စ္က လူစားဝင္လာၿပီးခ်င္း ပြဲရဲ႕ အရွိန္ကို ေျပာင္းလဲႏိုင္ခဲ့တယ္။ သူ႔ကို ပြဲထြက္ကစားသမားအေနနဲ႔ အသုံးမျပဳတာက အေတာ္ကို တုံးတဲ့ ဆုံးျဖတ္ခ်က္ပါ။”လို႔ မွတ္ခ်က္ေပးထားပါတယ္။

ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ ဘ႐ူႏိုကို ပြဲထြက္ကစားသမားအေနနဲ႔ အသုံးမျပဳတာက အမွားႀကီးတစ္ခုပါ ။ ပြဲကို ေျပာင္းလဲေပးႏိုင္တဲ့သူပါ ။ ဘယ္လ္ဂ်ီယံ ကံေကာင္းၿပီး ေနာက္တစ္ဆင့္ေရာက္သြားတာပါ။”လို႔ ဆိုထားပါတယ္။

ဖာနန္ဒက္စ္ဟာ ( ၁ ) ႏွစ္ေက်ာ္ ကာလအတြင္းမွာ ႏိုင္ငံ ႏွင့္ လက္ေ႐ြးစင္အသင္းအတြက္ ၿပိဳင္ပြဲစုံ ( ၈၅ ) ပြဲ ကစားေပးခဲ့ရၿပီး လက္ရွိမွာေတာ့ အနားယူခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။