ပေါ်တူဂီအသင်း ယူရိုပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ယူနိုက်တက်အတွက် သတင်းကောင်း

ဘရူနို ဖာနန်ဒက်စ် နှင့် ပေါ်တူဂီအသင်းဟာ ဘယ်လ်ဂျီယံကို ( ၁-၀ ) ရှုံးနိမ့်ခဲ့ပြီးနောက် ယူရို ( ၂၀၂၀ )ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အတွက် စိတ်ပျက်စရာ ကောင်းပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။

ဖာနန်ဒက်စ်က ယခုပြိုင်ပွဲမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ( ၁၆ ) သင်း ရှုံးထွက်အဆင့် ပွဲစဉ်ကိုလည်း အရံကစားသမားအနေနဲ့သာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ( ၅၅ ) မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး အခွင့်အရေး (၂ )ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဘောလုံးပွဲတွေ အလွန်အကျွံကစားခဲ့ရတာကြောင့် သူ့ရဲ့ အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

နောက်ဆုံး ( ၁၃ ) လအတွင်းမှာ နိုင်ငံ နှင့် ကလပ်အတွက် ( ၈၅ ) ပွဲထိ ကစားပေးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်ဟာ ထိုက်တန်တဲ့ အားလပ်ရက်ကို မိသားစုနဲ့အတူ ကုန်ဆုံးနိုင်တော့မှာဖြစ်ပါတယ်။ သူ့အနေနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်မလာခင် အနည်းဆုံး ( ၂ ) ပတ်တော့ အနားယူခွင့်ရသင့်ပါတယ်။ ယခုရှုံးပွဲက ဖာနန်ဒက်စ်အတွက် စိတ်ပျက်စရာကောင်းပေမယ့် ၊ ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ အနားယူခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တစ်ဦးက “ ပေါ်တူဂီ ပြိုင်ပွဲကနေထွက်ခဲ့ရတာက ယူနိုက်တက်အတွက် သတင်းကောင်းပါ ။ ဘရူနို ဖာနန်ဒက်စ်လိုအပ်နေတဲ့ အနားယူခွင့်ရရှိတာက သတင်းကောင်းပါ။”လို့ မှတ်ချက်ပေးထားပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ အနည်းဆုံးတော့ ဖာနန်ဒက်စ်က အနားယူခွင့်ရသွားပါပြီ။”လို့ ဆိုထားပါတယ်။

zawgyi

ေပၚတူဂီအသင္း ယူ႐ိုၿပိဳင္ပြဲကေန ထြက္ခဲ့ရတာ ယူႏိုက္တက္အတြက္ သတင္းေကာင္း

ဘ႐ူႏို ဖာနန္ဒက္စ္ ႏွင့္ ေပၚတူဂီအသင္းဟာ ဘယ္လ္ဂ်ီယံကို ( ၁-၀ ) ရွံုးနိမ့္ခဲ့ၿပီးေနာက္ ယူ႐ို ( ၂၀၂၀ )ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ ကြင္းလယ္ကစားသမား အတြက္ စိတ္ပ်က္စရာ ေကာင္းေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ဘက္ကၾကည့္မယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့အေျခအေနလို႔ေတာင္ ဆိုႏိုင္ပါတယ္။

ဖာနန္ဒက္စ္က ယခုၿပိဳင္ပြဲမွာ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ( ၁၆ ) သင္း ရႈံးထြက္အဆင့္ ပြဲစဥ္ကိုလည္း အရံကစားသမားအေနနဲ႔သာ ပါဝင္ခြင့္ရခဲ့ပါတယ္။ ( ၅၅ ) မိနစ္မွာ လူစားဝင္ကစားခြင့္ရခဲ့ၿပီး အခြင့္အေရး (၂ )ႀကိမ္ ဖန္တီးေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ေဘာလုံးပြဲေတြ အလြန္အကြၽံကစားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ အေကာင္းဆုံးပုံစံရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ေနာက္ဆုံး ( ၁၃ ) လအတြင္းမွာ ႏိုင္ငံ ႏွင့္ ကလပ္အတြက္ ( ၈၅ ) ပြဲထိ ကစားေပးခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဖာနန္ဒက္စ္ဟာ ထိုက္တန္တဲ့ အားလပ္ရက္ကို မိသားစုနဲ႔အတူ ကုန္ဆုံးႏိုင္ေတာ့မွာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္မလာခင္ အနည္းဆုံး ( ၂ ) ပတ္ေတာ့ အနားယူခြင့္ရသင့္ပါတယ္။ ယခုရႈံးပြဲက ဖာနန္ဒက္စ္အတြက္ စိတ္ပ်က္စရာေကာင္းေပမယ့္ ၊ ဘာပဲျဖစ္ျဖစ္ လိုအပ္ေနတဲ့ အနားယူခြင့္ရရွိေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ ပရိသတ္တစ္ဦးက “ ေပၚတူဂီ ၿပိဳင္ပြဲကေနထြက္ခဲ့ရတာက ယူႏိုက္တက္အတြက္ သတင္းေကာင္းပါ ။ ဘ႐ူႏို ဖာနန္ဒက္စ္လိုအပ္ေနတဲ့ အနားယူခြင့္ရရွိတာက သတင္းေကာင္းပါ။”လို႔ မွတ္ခ်က္ေပးထားပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ အနည္းဆုံးေတာ့ ဖာနန္ဒက္စ္က အနားယူခြင့္ရသြားပါၿပီ။”လို႔ ဆိုထားပါတယ္။