ပေါ်တူဂီအသင်းဟာ ဒီတစ်ကြိမ်မှာတော့ ကံတရားက သူတို့ဘက်မှာမရှိခဲ့

ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းက ကံကြမ္မာရဲ့မျက်နှာသာပေးမှုနဲ့အတူ ချန်ပီယံဖြစ်ခဲ့တဲ့ပေါ်တူဂီအသင်းဟာ ဒီတစ်ကြိမ်မှာတော့ ကံတရားက သူတို့ဘက်မှာမရှိခဲ့တာကြောင့် ယူရို-၂၀၂၀ပြိုင်ပွဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ပဲကျေနပ်ခဲ့ရပါပြီ။ ဒီလိုအဆင့်၊ ဒီလိုပွဲမျိုးမှာ အခွင့်အရေးတစ်ကြိမ်ရရင် တစ်ကြိမ်အပိုင်အသုံးချနိုင်တဲ့အသင်းက အသာရစမြဲဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းဟာ သော်ဂန်ဟာဇက်ရဲ့ကန်ချက်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အခွင့်အရေးကြီးကြီးမားမားမရခဲ့ပေမယ့် ရတဲ့အခွင့်အရေးတစ်ကြိမ်ကိုပဲ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းရဲ့ အားနည်းချက်ကတော့ Build Up Play တွေကောင်းမွန်ပေမယ့် ဘယ်လ်ဂျီယံအသင်း Final Third Zone ထဲမှာ အခွင့်အရေးဖန်တီးနိုင်မှု အားနည်းခဲ့တာဖြစ်ပြီး ကံဆိုးချင်တော့ အပိုင်အခွင့်အရေးတွေကလည်း ဂိုးသမားကော်တွာ ကာကွယ်နိုင်ခဲ့တာ၊ တိုင်ထိထွက်တာတွေကြောင့် ချေပဂိုးမရခဲ့တာပါ။

ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားစံချိန်ရှင်ဖြစ်ဖို့ တစ်ဂိုးသာလိုတော့တဲ့ စီရော်နယ်လ်ဒိုဟာ ဒီပွဲမှာ ကြိုးစားကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် သူ့အသင်းက ပြိုင်ပွဲကနေထွက်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းကွင်းလယ်လူ ရီနာတိုဆန်းချက်ဇ်ဟာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ကွင်းလယ်တစ်ခုလုံးကို သူတစ်ယောက်တည်းရုန်းအားနဲ့ ဦးဆောင်သွားနိုင်ခဲ့ပေမယ့် နည်းပြဆန်းတို့ဟာ ရီနာတိုဆန်းချက်ဇ်ကို ပွဲပြီးခါနီးမှာ ဘာဖြစ်လို့ လူစားလဲခဲ့လဲဆိုတာ စဉ်းစားမရပါဘူး။ ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ပေါ်လင်ဟာက ခံစစ်၊ တိုက်စစ်လိုက်ပါမှုကောင်းပေမယ့် အန္တရာယ်များတဲ့ ဘောလုံးဖျက်ထုတ်မှုတွေပြုလုပ်ခဲ့ပြီး ကံကောင်းလို့ အထုတ်မခံခဲ့ရတာပါ။ ဘယ်လ်ဂျီယံအသင်း နာမည်ကျော်ကစားသမား ဟာဇက်ကတော့ အကောင်းဆုံးအချိန်တွေကုန်ဆုံးသွားပြီလားလို့ မေးခွန်းထုတ်ရမှာဖြစ်ပြီး ဘယ်ခြမ်းတိုက်စစ်မှာ ထိရောက်တဲ့ပံ့ပိုးမှုတွေမလုပ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ပထမပိုင်းပြီးခါနီး (၄၂)မိနစ်မှာ မူနီယာ ချိုးပေးလိုက်တဲ့ဘောလုံးကို သော်ဂန်ဟာဇက်က ညာခြေနဲ့ အပြင်းကန်သွင်းခဲ့ပြီး ပေါ်တူဂီဂိုးသမားပက်ထရူစီယိုလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သော်ဂန်ဟာဇက်ဟာ ဒိန်းမတ်၊ ပေါ်တူဂီတို့နဲ့ပွဲမှာ ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာကြောင့် ယူရိုနှစ်ပွဲဆက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးဘယ်လ်ဂျီယံကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကွင်းလယ်မှာ တိုင်လေစမန်း၊ ဝစ်ဆဲလ်တို့ဟာ သာမန်လောက်သာကစားနိုင်တာကြောင့် Lone Striker ဖြစ်တဲ့ လူကာကူဟာ ကိုယ့်ဘာသာကိုယ် အခွင့်အရေးရအောင် ကြိုးစားခဲ့ရတယ်။

ဒီကြားထဲ အဓိကကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရတဲ့အတွက် ဘယ်လ်ဂျီယံကွင်းလယ်က တိုက်စစ်ပံ့ပိုးနိုင်မှု မရှိသလောက်ဖြစ်သွားတယ်။ ပေါ်တူဂီအသင်းနောက်ခံလူ ဒီယက်စ်ရဲ့ ခေါင်းတိုက်ချက်က သေချာပေါက်ဂိုးဝင်ပြီလို့ထင်ခဲ့ရပေမယ့် ဂိုးသမားကော်တွာ တည့်တည့်ကို ခေါင်းတိုက်မိခဲ့တာကြောင့် ကာကွယ်နိုင်ခဲ့ပြီး နောက်ခံလူ ဂွါရဲရိုးရဲ့ Volley ကန်ချက်ကလည်း ကံဆိုးစွာနဲ့ တိုင်ထိခဲ့ပါတယ်။

ယာအိုဖိလစ်၊ ဘရူနိုဖာနန်ဒက်စ်တို့ ဝင်လာချိန်မှာ ပေါ်တူဂီတိုက်စစ် ပိုကောင်းလာပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ချေပဂိုးရဖို့ အသည်းအသန်ဖြစ်နေချိန်မှာ မလိုအပ်ဘဲ အဝေးကန်ချက်တွေနဲ့ အခွင့်အရေးကို ဖြုန်းတီးခဲ့တယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းချက် (၂၃)ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးမရခဲ့တာကြောင့် သူတို့ရဲ့ ယူရိုချန်ပီယံကာကွယ်ရေးမျှော်လင့်ချက် ဆုံးရှုံးခဲ့ရပြီး ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။

zawgyi

ေပၚတူဂီအသင္းဟာ ဒီတစ္ႀကိမ္မွာေတာ့ ကံတရားက သူတို႔ဘက္မွာမရွိခဲ့

ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲတုန္းက ကံၾကမၼာရဲ႕မ်က္ႏွာသာေပးမႈနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့တဲ့ေပၚတူဂီအသင္းဟာ ဒီတစ္ႀကိမ္မွာေတာ့ ကံတရားက သူတို႔ဘက္မွာမရွိခဲ့တာေၾကာင့္ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ပဲေက်နပ္ခဲ့ရပါၿပီ။ ဒီလိုအဆင့္၊ ဒီလိုပြဲမ်ိဳးမွာ အခြင့္အေရးတစ္ႀကိမ္ရရင္ တစ္ႀကိမ္အပိုင္အသုံးခ်ႏိုင္တဲ့အသင္းက အသာရစၿမဲျဖစ္ၿပီး ဘယ္လ္ဂ်ီယံအသင္းဟာ ေသာ္ဂန္ဟာဇက္ရဲ႕ကန္ခ်က္ကလြဲလို႔ က်န္တဲ့အခ်ိန္ေတြမွာ အခြင့္အေရးႀကီးႀကီးမားမားမရခဲ့ေပမယ့္ ရတဲ့အခြင့္အေရးတစ္ႀကိမ္ကိုပဲ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

ေပၚတူဂီအသင္းရဲ႕ အားနည္းခ်က္ကေတာ့ Build Up Play ေတြေကာင္းမြန္ေပမယ့္ ဘယ္လ္ဂ်ီယံအသင္း Final Third Zone ထဲမွာ အခြင့္အေရးဖန္တီးႏိုင္မႈ အားနည္းခဲ့တာျဖစ္ၿပီး ကံဆိုးခ်င္ေတာ့ အပိုင္အခြင့္အေရးေတြကလည္း ဂိုးသမားေကာ္တြာ ကာကြယ္ႏိုင္ခဲ့တာ၊ တိုင္ထိထြက္တာေတြေၾကာင့္ ေခ်ပဂိုးမရခဲ့တာပါ။

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားစံခ်ိန္ရွင္ျဖစ္ဖို႔ တစ္ဂိုးသာလိုေတာ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ဒီပြဲမွာ ႀကိဳးစားကစားခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တဲ့အျပင္ သူ႔အသင္းက ၿပိဳင္ပြဲကေနထြက္ခဲ့ရလို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ဒီပြဲမွာ ေပၚတူဂီအသင္းကြင္းလယ္လူ ရီနာတိုဆန္းခ်က္ဇ္ဟာ အေကာင္းဆုံးေျခစြမ္းျပသခဲ့ၿပီး ကြင္းလယ္တစ္ခုလုံးကို သူတစ္ေယာက္တည္း႐ုန္းအားနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ေပမယ့္ နည္းျပဆန္းတို႔ဟာ ရီနာတိုဆန္းခ်က္ဇ္ကို ပြဲၿပီးခါနီးမွာ ဘာျဖစ္လို႔ လူစားလဲခဲ့လဲဆိုတာ စဥ္းစားမရပါဘူး။ ဒီပြဲမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ေပၚလင္ဟာက ခံစစ္၊ တိုက္စစ္လိုက္ပါမႈေကာင္းေပမယ့္ အႏၲရာယ္မ်ားတဲ့ ေဘာလုံးဖ်က္ထုတ္မႈေတြျပဳလုပ္ခဲ့ၿပီး ကံေကာင္းလို႔ အထုတ္မခံခဲ့ရတာပါ။ ဘယ္လ္ဂ်ီယံအသင္း နာမည္ေက်ာ္ကစားသမား ဟာဇက္ကေတာ့ အေကာင္းဆုံးအခ်ိန္ေတြကုန္ဆုံးသြားၿပီလားလို႔ ေမးခြန္းထုတ္ရမွာျဖစ္ၿပီး ဘယ္ျခမ္းတိုက္စစ္မွာ ထိေရာက္တဲ့ပံ့ပိုးမႈေတြမလုပ္ႏိုင္ခဲ့ဘူး။

ဒါေပမဲ့ ပထမပိုင္းၿပီးခါနီး (၄၂)မိနစ္မွာ မူနီယာ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ေသာ္ဂန္ဟာဇက္က ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့ၿပီး ေပၚတူဂီဂိုးသမားပက္ထ႐ူစီယိုလည္း ဘာမွမတတ္ႏိုင္ခဲ့ပါဘူး။ ေသာ္ဂန္ဟာဇက္ဟာ ဒိန္းမတ္၊ ေပၚတူဂီတို႔နဲ႔ပြဲမွာ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာေၾကာင့္ ယူ႐ိုႏွစ္ပြဲဆက္ဂိုးသြင္းခဲ့တဲ့ ပထမဆုံးဘယ္လ္ဂ်ီယံကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံကြင္းလယ္မွာ တိုင္ေလစမန္း၊ ဝစ္ဆဲလ္တို႔ဟာ သာမန္ေလာက္သာကစားႏိုင္တာေၾကာင့္ Lone Striker ျဖစ္တဲ့ လူကာကူဟာ ကိုယ့္ဘာသာကိုယ္ အခြင့္အေရးရေအာင္ ႀကိဳးစားခဲ့ရတယ္။

ဒီၾကားထဲ အဓိကကြင္းလယ္လူ ဒီဘ႐ိုင္းနားဟာ ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းအစမွာပဲ လူစားလဲခံခဲ့ရတဲ့အတြက္ ဘယ္လ္ဂ်ီယံကြင္းလယ္က တိုက္စစ္ပံ့ပိုးႏိုင္မႈ မရွိသေလာက္ျဖစ္သြားတယ္။ ေပၚတူဂီအသင္းေနာက္ခံလူ ဒီယက္စ္ရဲ႕ ေခါင္းတိုက္ခ်က္က ေသခ်ာေပါက္ဂိုးဝင္ၿပီလို႔ထင္ခဲ့ရေပမယ့္ ဂိုးသမားေကာ္တြာ တည့္တည့္ကို ေခါင္းတိုက္မိခဲ့တာေၾကာင့္ ကာကြယ္ႏိုင္ခဲ့ၿပီး ေနာက္ခံလူ ဂြါရဲ႐ိုးရဲ႕ Volley ကန္ခ်က္ကလည္း ကံဆိုးစြာနဲ႔ တိုင္ထိခဲ့ပါတယ္။

ယာအိုဖိလစ္၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ ဝင္လာခ်ိန္မွာ ေပၚတူဂီတိုက္စစ္ ပိုေကာင္းလာေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေခ်ပဂိုးရဖို႔ အသည္းအသန္ျဖစ္ေနခ်ိန္မွာ မလိုအပ္ဘဲ အေဝးကန္ခ်က္ေတြနဲ႔ အခြင့္အေရးကို ျဖဳန္းတီးခဲ့တယ္။

ေပၚတူဂီအသင္းဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းခ်က္ (၂၃)ႀကိမ္အထိရွိခဲ့ေပမယ့္ ဂိုးမရခဲ့တာေၾကာင့္ သူတို႔ရဲ႕ ယူ႐ိုခ်န္ပီယံကာကြယ္ေရးေမွ်ာ္လင့္ခ်က္ ဆုံးရႈံးခဲ့ရၿပီး ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါၿပီ။