ဆန်ချိုအနေနဲ့ ကြိုးစားပါက အိုးထရတ်ဖို့ဒ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်

အာလုံးသိထားတဲ့အတိုင်း ဂျေဒန်ဆန်ချိုက ယူနိုက်တက်ကို ရောက်ရှိဖို့ အတော်လေးနီးစပ်နေပါပြီ။ ဂျာမနီသတင်းစာ Ruhr Nachrichten က အဆိုပါ အပြောင်းအရွေ့ဟာ အပြီးသတ်လုနီးပါးအခြေအနေကို ရောက်ရှိနေပြီလို့ မနေ့ညက ဆိုပါတယ်။ ဒါကြောင့် ( ၂၀၂၀ /၂၁ ) ရာသီမှ ဆန်ချိုရဲ့ စွမ်းဆောင်ရည်ကို အသင်းဖော်တွေဖြစ်လာတော့မယ့် ယူနိုက်တက်ကသမားတွေနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

ဆန်ချိုက အစောပိုင်းပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ကာ သွင်းဂိုး ( ၁၆ ) ဂိုး ၊ ဖန်တီးမှု ( ၁၉ )ကြိမ်နဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းအတွက် ( ၁၆ ) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုရဲ့ စံချိန်က ယူနိုက်တက်ရဲ့ စတုတ္ထသွင်းဂိုးအများဆုံး ကစားသမားနေရာမှာ ရပ်တည်နေပါတယ်။

ဒါက ဘရူနို ဖာနန်ဒက်စ် ( ၂၈-ဂိုး ) ၊ မားကတ် ရက်ဖို့ဒ် ( ၂၁-ဂိုး )၊ နှင့် အက်ဒီဆင် ကာဗာနီ ( ၁၇-ဂိုး ) တို့အောက်သာ လျော့နည်းနေတာဖြစ်ပါတယ်။ ( ၁၂ )ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ မေဆန် ဂရင်းဝုဒ်ထက် ပိုများတာနေတာတွေ့ရပါတယ်။ ဆန်ချိုရဲ့ သွင်းဂိုးအများဆုံးရာသီက ( ၂၀၁၉/၂၀ ) ဖြစ်ပြီး စုစုပေါင်း ဂိုး ( ၂၀ ) ရယူနိုင်ခဲ့ပါတယ်။

အဆိုပါ ရာသီမှာ ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီအတွင်း ခြေစွမ်းကျဆင်းခဲ့တဲ့ မားကတ် ရက်ဖို့ဒ် ( ၂၂ ဂိုး ) ၊ အန်သိုနီ မာရှယ် ( ၂၃ ဂိုး )တို့နောက်မှာ ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဆန်ချိုက ( ၁၉ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ယူနိုက်တက်ကစားသမားတွေနဲ့ နှိုင်းယှဉ်ပါက ပထမေနရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ကစားသမားတွေထဲမှာ ဘရူနို ဖာနန်ဒက်စ်က အများဆုံးဖြစ်ပြီး စုစုပေါင်း ( ၁၈ ) ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယအများဆုံးဖြစ်တဲ့ မားကတ် ရက်ဖို့ဒ်က ( ၁၂ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်အနေနဲ့ တကယ် အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီး အသင်းဖော်တွေရဲ့ ဂိုးသွင်းစွမ်းရည်လည်း မြင့်တက်လာဖို့ ရှိနေပါတယ်။ မားကတ် ရက်ဖို့ဒ် ၊ မေဆန် ဂရင်းဝုဒ် ၊ အက်ဒီဆင် ကာဗာနီ နှင့် အန်သိုနီ မာရှယ်တို့ဟာလည်း ဂျေဒန် ဆန်ချိုနဲ့ တွဲဖက်ကစားရာကနေ အကျိုးအမြတ်တွေ ရရှိပါလိမ့်မယ်။ ဖန်တီးမှုအားကောင်းတဲ့အတွက် ဘရူနို ဖာနန်ဒက်စ်အနေနဲ့ အနည်းငယ် ဖိအား‌လျော့နည်သွားပါလိမ့်မယ်။

ဆန်ချိုအနေနဲ့ ဘွန်ဒက်လီဂါက သူ့ရဲ့ ပုံစံကောင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် သက်သေပြရဖို့ ရှိနေပါတယ်။ ဒါက ချက်ချင်းဖြစ်လာနိုင်ဖို့ မသေချာပေမယ့် ပြီးခဲ့တဲ့ ( ၂ ) ရာသီက စွမ်းဆောင်ရည်တွေအရ အရည်အချင်းရှိတဲ့ ကစားသမားဆိုတာကတော့ ငြင်းမရပါဘူး။ ဒါကြောင့် ဆန်ချိုအနေနဲ့ ကြိုးစားပါက အိုးထရတ်ဖို့ဒ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ကြောင်းပါ ။ ။

zawgyi

ဆန္ခ်ိဳအေနနဲ႔ ႀကိဳးစားပါက အိုးထရတ္ဖို႔ဒ္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ပိုင္ဆိုင္ႏိုင္

အာလုံးသိထားတဲ့အတိုင္း ေဂ်ဒန္ဆန္ခ်ိဳက ယူႏိုက္တက္ကို ေရာက္ရွိဖို႔ အေတာ္ေလးနီးစပ္ေနပါၿပီ။ ဂ်ာမနီသတင္းစာ Ruhr Nachrichten က အဆိုပါ အေျပာင္းအေ႐ြ႕ဟာ အၿပီးသတ္လုနီးပါးအေျခအေနကို ေရာက္ရွိေနၿပီလို႔ မေန႔ညက ဆိုပါတယ္။ ဒါေၾကာင့္ ( ၂၀၂၀ /၂၁ ) ရာသီမွ ဆန္ခ်ိဳရဲ႕ စြမ္းေဆာင္ရည္ကို အသင္းေဖာ္ေတြျဖစ္လာေတာ့မယ့္ ယူႏိုက္တက္ကသမားေတြနဲ႔ ႏႈိင္းယွဥ္ေဖာ္ျပေပးလိုက္ပါတယ္။

ဆန္ခ်ိဳက အေစာပိုင္းပြဲစဥ္ေတြမွာ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ေျခစြမ္းျပသႏိုင္ခဲ့ကာ သြင္းဂိုး ( ၁၆ ) ဂိုး ၊ ဖန္တီးမႈ ( ၁၉ )ႀကိမ္နဲ႔ ေဘာလုံးရာသီကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ေဒါ့မြန္အသင္းအတြက္ ( ၁၆ ) ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဆန္ခ်ိဳရဲ႕ စံခ်ိန္က ယူႏိုက္တက္ရဲ႕ စတုတၳသြင္းဂိုးအမ်ားဆုံး ကစားသမားေနရာမွာ ရပ္တည္ေနပါတယ္။

ဒါက ဘ႐ူႏို ဖာနန္ဒက္စ္ ( ၂၈-ဂိုး ) ၊ မားကတ္ ရက္ဖို႔ဒ္ ( ၂၁-ဂိုး )၊ ႏွင့္ အက္ဒီဆင္ ကာဗာနီ ( ၁၇-ဂိုး ) တို႔ေအာက္သာ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။ ( ၁၂ )ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ေမဆန္ ဂရင္းဝုဒ္ထက္ ပိုမ်ားတာေနတာေတြ႕ရပါတယ္။ ဆန္ခ်ိဳရဲ႕ သြင္းဂိုးအမ်ားဆုံးရာသီက ( ၂၀၁၉/၂၀ ) ျဖစ္ၿပီး စုစုေပါင္း ဂိုး ( ၂၀ ) ရယူႏိုင္ခဲ့ပါတယ္။

အဆိုပါ ရာသီမွာ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ရာသီအတြင္း ေျခစြမ္းက်ဆင္းခဲ့တဲ့ မားကတ္ ရက္ဖို႔ဒ္ ( ၂၂ ဂိုး ) ၊ အန္သိုနီ မာရွယ္ ( ၂၃ ဂိုး )တို႔ေနာက္မွာ ရပ္တည္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမွာ ဆန္ခ်ိဳက ( ၁၉ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ၿပီး ယူႏုိက္တက္ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ပါက ပထေမနရာမွာ ရပ္တည္ေနပါတယ္။ ယူႏိုက္တက္ကစားသမားေတြထဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္က အမ်ားဆုံးျဖစ္ၿပီး စုစုေပါင္း ( ၁၈ ) ဂိုး ဖန္တီးေပးခဲ့ပါတယ္။ ဒုတိယအမ်ားဆုံးျဖစ္တဲ့ မားကတ္ ရက္ဖို႔ဒ္က ( ၁၂ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္အေနနဲ႔ တကယ္ အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ဦးကို ပိုင္ဆိုင္ခြင့္ရမွာျဖစ္ၿပီး အသင္းေဖာ္ေတြရဲ႕ ဂိုးသြင္းစြမ္းရည္လည္း ျမင့္တက္လာဖို႔ ရွိေနပါတယ္။ မားကတ္ ရက္ဖို႔ဒ္ ၊ ေမဆန္ ဂရင္းဝုဒ္ ၊ အက္ဒီဆင္ ကာဗာနီ ႏွင့္ အန္သိုနီ မာရွယ္တို႔ဟာလည္း ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ တြဲဖက္ကစားရာကေန အက်ိဳးအျမတ္ေတြ ရရွိပါလိမ့္မယ္။ ဖန္တီးမႈအားေကာင္းတဲ့အတြက္ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ အနည္းငယ္ ဖိအား‌ေလ်ာ့နည္သြားပါလိမ့္မယ္။

ဆန္ခ်ိဳအေနနဲ႔ ဘြန္ဒက္လီဂါက သူ႔ရဲ႕ ပုံစံေကာင္းကို ပရီးမီးယားလိဂ္မွာ ဆက္လက္ သက္ေသျပရဖို႔ ရွိေနပါတယ္။ ဒါက ခ်က္ခ်င္းျဖစ္လာႏိုင္ဖို႔ မေသခ်ာေပမယ့္ ၿပီးခဲ့တဲ့ ( ၂ ) ရာသီက စြမ္းေဆာင္ရည္ေတြအရ အရည္အခ်င္းရွိတဲ့ ကစားသမားဆိုတာကေတာ့ ျငင္းမရပါဘူး။ ဒါေၾကာင့္ ဆန္ခ်ိဳအေနနဲ႔ ႀကိဳးစားပါက အိုးထရတ္ဖို႔ဒ္မွာ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ပိုင္ဆိုင္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းပါ ။ ။