ချက်အသင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိ

ကစားခဲ့တဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲတွေထဲမှာ ဒီပွဲက စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ နှစ်သင်းစလုံးဟာ ဘယ်လိုကစားကွက်ကို ပုံဖော်နေမှန်းမသိလောက်အောင် အမှားတွေများခဲ့ပြီး ချက်အသင်းထက် နယ်သာလန်အသင်းရဲ့ စွမ်းဆောင်ရည်က ပိုပြီးဝေဖန်ချင်စရာကောင်းပါတယ်။ အုပ်စုတွင်းမှာ ၃ ပွဲနိုင်၊ သွင်းဂိုး ၈ ဂိုးအထိရှိခဲ့လို့ နယ်သာလန်အသင်းကို အထင်ကြီးမိခဲ့ပေမယ့် ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ စိတ်ပျက်ဖို့ကောင်းခဲ့တယ်။

အုပ်စုပွဲတွေတုန်းက တောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ ဝိုင်နယ်လ်ဒန်း၊ ဒီပိုင်းတို့ဟာ အခုပွဲမှာ အသင်းကို ဦးဆောင်နိုင်ခြင်းမရှိသလို ကွင်းလယ်မှာလည်း နာမည်ကျော်ကစားသမား ဒီယွန်း ခြေမပေါ်ခဲ့လို့ နယ်သာလန်ကစားပုံက ဖြစ်ချင်တိုင်းဖြစ်ခဲ့တာပါပဲ။ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုပြီး အသံတွေထွက်နေတဲ့ ညာနောက်ခံလူ ဒမ်ဖရီးစ်ကတော့ ပုံစံကောင်းဆက်လက်ပြသခဲ့ပြီး ညာခြမ်းတစ်လျှောက်လုံး ရှေ့တက်၊နောက်ဆင်းမှန်မှန်နဲ့ကစားနိုင်ခဲ့တယ်။

ချက်အသင်းကတော့ စိတ်ဓာတ်ပြင်းပြင်းနဲ့ နယ်သာလန်ကို ရင်ဆိုင်ခဲ့ပေမယ့် ခြေစွမ်းက အားရစရာမကောင်းခဲ့ဘူး။ ဒါပေမဲ့ ချီးကျူးရမှာက ဒီပိုင်း၊ ဝိုင်နယ်လ်ဒန်း၊ မာလန်းတို့ရဲ့ တိုက်စစ်အတွဲအဖက်ကြားမှာ ချိတ်ဆက်လို့မရအောင် တားဆီးကစားနိုင်ခဲ့တာပါပဲ။

နယ်သာလန်အသင်း ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေးက သိသိသာသာကို ကျဆင်းသွားပြီး ဘားကမ့်၊ ဆီးဒေါ့ဖ်၊ ဒေးဗစ်၊ နစ္စတယ်ရွိုင်း၊ ဆနိုက်ဒါစတဲ့ တစ်ချိန်က ဘောလုံးစင်မြင့်ပေါ်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကစားသမားတွေကိုတောင် လွမ်းမိပါသေးတယ်။ နယ်သာလန်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတာက နောက်ခံလူ ဒီလစ် ပယ်နယ်တီဧရိယာနားမှာ ဘောလုံးကို လက်နဲ့တမင်တကာပုတ်ခဲ့လို့ အနီကတ်နဲ့အထုတ်ခံခဲ့ရတာဖြစ်ပြီး ၁၁ ယောက်နဲ့တောင် ကစားကွက်တည်မရတဲ့အထဲ ၁၀ ယောက်ဖြစ်သွားတော့ ပိုဆိုးသွားပါတော့တယ်။

နယ်သာလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အနီကတ် ၄ ကြိမ်ပြသခံခဲ့ရပြီး ထူးခြားတာက အဲဒီ ၄ ကြိမ်စလုံး ချက်အသင်းနဲ့ကစားခဲ့တဲ့ပွဲတွေမှာ အပြခံခဲ့ရတာပါ။ ၁၉၇၆ ပြိုင်ပွဲမှာ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆုံတွေ့တဲ့ပွဲမှာ တစ်ပွဲတည်းအနီကတ် ၂ကြိမ်၊ ၂၀၀၄ နဲ့ အခု ၂၀၂၀ ပြိုင်ပွဲတွေမှာ နယ်သာလန်ကစားသမားတွေ အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

၆၈ မိနစ်မှာ ချက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပြစ်ဒဏ်ဘောကနေ ကာလက်စ် ခေါင်းတိုက်ချပေးတာကို ကွင်းလယ်လူ ဟိုလက်ရှ်က ခေါင်းတိုက်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးလည်းရတဲ့အပြင် ကစားသမားတစ်ယောက်အသာနဲ့ ကစားရချိန်မှာ ချက်အသင်း ယုံကြည်မှုပိုအားကောင်းလာပြီး နယ်သာလန်အသင်းကတော့ ပွဲမပြီးခင်မှာဘဲ ပြိုင်ပွဲကထွက်ရပြီဆိုတဲ့ ပုံစံပေါက်နေသလို ချေပဂိုးရဖို့ စိတ်ဓာတ်ပြင်းပြင်းနဲ့ ကစားတာမျိုးလည်းမရှိဘူး။

မနေ့က အီတလီကို ရှုံးခဲ့တဲ့ သြစတြီးယားအသင်းတောင် နယ်သာလန်ထက် ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ ပိုသာတယ်လို့ပြောရမယ်။ အဲဒါကြောင့်ပဲ မိနစ် ၈၀ မှာ ချက်အသင်း ဒုတိယဂိုးရခဲ့ပြီး Counter ကနေ ဟိုလက်ရှ် ဆွဲပြေးဖန်တီးပေးလိုက်တဲ့ အခွင့်အရေးကို တိုက်စစ်မှူးပက်ထရစ်ရှိခ်က အပိုင်ပိတ်သွင်းခဲ့တာပါ။

ဟိုလက်ရှ်ဟာ ယူရို-၂၀၀၄ ပြိုင်ပွဲမှာ နယ်သာလန်နဲ့ကစားခဲ့တုန်းက ယန်ခိုလာနဲ့ ဘားရို့စ်နောက်ပိုင်း ယူရိုပွဲစဉ်တစ်ပွဲမှာ ဂိုးသွင်း၊ ဂိုးဖန်းတီးမှုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နယ်သာလန်အသင်းကတော့ ၁၉၈၀ နောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ပွဲစဉ်တစ်ပွဲမှာ တစ်ပွဲလုံး ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိတဲ့မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီး ဒီပွဲအပါအဝင် ချက်အသင်းကို ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

zawgyi

ခ်က္အသင္း ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရရွိ

ကစားခဲ့တဲ့ ရႈံးထြက္ ၁၆ သင္းအဆင့္ပြဲေတြထဲမွာ ဒီပြဲက စိတ္ပ်က္စရာအေကာင္းဆုံးပါပဲ။ ႏွစ္သင္းစလုံးဟာ ဘယ္လိုကစားကြက္ကို ပုံေဖာ္ေနမွန္းမသိေလာက္ေအာင္ အမွားေတြမ်ားခဲ့ၿပီး ခ်က္အသင္းထက္ နယ္သာလန္အသင္းရဲ႕ စြမ္းေဆာင္ရည္က ပိုၿပီးေဝဖန္ခ်င္စရာေကာင္းပါတယ္။

အုပ္စုတြင္းမွာ ၃ ပြဲႏိုင္၊ သြင္းဂိုး ၈ ဂိုးအထိရွိခဲ့လို႔ နယ္သာလန္အသင္းကို အထင္ႀကီးမိခဲ့ေပမယ့္ ေျခစြမ္းပိုင္းေရာ၊ စိတ္ဓာတ္ပိုင္းပါ စိတ္ပ်က္ဖို႔ေကာင္းခဲ့တယ္။

အုပ္စုပြဲေတြတုန္းက ေတာက္ေလွ်ာက္ေျခစြမ္းျပခဲ့တဲ့ ဝိုင္နယ္လ္ဒန္း၊ ဒီပိုင္းတို႔ဟာ အခုပြဲမွာ အသင္းကို ဦးေဆာင္ႏိုင္ျခင္းမရွိသလို ကြင္းလယ္မွာလည္း နာမည္ေက်ာ္ကစားသမား ဒီယြန္း ေျခမေပၚခဲ့လို႔ နယ္သာလန္ကစားပုံက ျဖစ္ခ်င္တိုင္းျဖစ္ခဲ့တာပါပဲ။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚဖို႔စိတ္ဝင္စားေနတယ္ဆိုၿပီး အသံေတြထြက္ေနတဲ့ ညာေနာက္ခံလူ ဒမ္ဖရီးစ္ကေတာ့ ပုံစံေကာင္းဆက္လက္ျပသခဲ့ၿပီး ညာျခမ္းတစ္ေလွ်ာက္လုံး ေရွ႕တက္၊ေနာက္ဆင္းမွန္မွန္နဲ႔ကစားႏိုင္ခဲ့တယ္။ ခ်က္အသင္းကေတာ့ စိတ္ဓာတ္ျပင္းျပင္းနဲ႔ နယ္သာလန္ကို ရင္ဆိုင္ခဲ့ေပမယ့္ ေျခစြမ္းက အားရစရာမေကာင္းခဲ့ဘူး။ ဒါေပမဲ့ ခ်ီးက်ဴးရမွာက ဒီပိုင္း၊ ဝိုင္နယ္လ္ဒန္း၊ မာလန္းတို႔ရဲ႕ တိုက္စစ္အတြဲအဖက္ၾကားမွာ ခ်ိတ္ဆက္လို႔မရေအာင္ တားဆီးကစားႏိုင္ခဲ့တာပါပဲ။

နယ္သာလန္အသင္း ကစားသမားတစ္ဦးခ်င္းစီရဲ႕ အရည္အေသြးက သိသိသာသာကို က်ဆင္းသြားၿပီး ဘားကမ့္၊ ဆီးေဒါ့ဖ္၊ ေဒးဗစ္၊ နစၥတယ္႐ြိဳင္း၊ ဆႏိုက္ဒါစတဲ့ တစ္ခ်ိန္က ေဘာလုံးစင္ျမင့္ေပၚမွာ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ကစားသမားေတြကိုေတာင္ လြမ္းမိပါေသးတယ္။ နယ္သာလန္အသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ရတာက ေနာက္ခံလူ ဒီလစ္ ပယ္နယ္တီဧရိယာနားမွာ ေဘာလုံးကို လက္နဲ႔တမင္တကာပုတ္ခဲ့လို႔ အနီကတ္နဲ႔အထုတ္ခံခဲ့ရတာျဖစ္ၿပီး ၁၁ ေယာက္နဲ႔ေတာင္ ကစားကြက္တည္မရတဲ့အထဲ ၁၀ ေယာက္ျဖစ္သြားေတာ့ ပိုဆိုးသြားပါေတာ့တယ္။

နယ္သာလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ အနီကတ္ ၄ ႀကိမ္ျပသခံခဲ့ရၿပီး ထူးျခားတာက အဲဒီ ၄ ႀကိမ္စလုံး ခ်က္အသင္းနဲ႔ကစားခဲ့တဲ့ပြဲေတြမွာ အျပခံခဲ့ရတာပါ။ ၁၉၇၆ ၿပိဳင္ပြဲမွာ ခ်က္ကိုစလိုဗက္ကီးယားနဲ႔ ဆုံေတြ႕တဲ့ပြဲမွာ တစ္ပြဲတည္းအနီကတ္ ၂ႀကိမ္၊ ၂၀၀၄ နဲ႔ အခု ၂၀၂၀ ၿပိဳင္ပြဲေတြမွာ နယ္သာလန္ကစားသမားေတြ အနီကတ္ျပသခံခဲ့ရတာျဖစ္ပါတယ္။

၆၈ မိနစ္မွာ ခ်က္အသင္း ဦးေဆာင္ဂိုးရခဲ့ၿပီး ျပစ္ဒဏ္ေဘာကေန ကာလက္စ္ ေခါင္းတိုက္ခ်ေပးတာကို ကြင္းလယ္လူ ဟိုလက္ရွ္က ေခါင္းတိုက္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဂိုးလည္းရတဲ့အျပင္ ကစားသမားတစ္ေယာက္အသာနဲ႔ ကစားရခ်ိန္မွာ ခ်က္အသင္း ယုံၾကည္မႈပိုအားေကာင္းလာၿပီး နယ္သာလန္အသင္းကေတာ့ ပြဲမၿပီးခင္မွာဘဲ ၿပိဳင္ပြဲကထြက္ရၿပီဆိုတဲ့ ပုံစံေပါက္ေနသလို ေခ်ပဂိုးရဖို႔ စိတ္ဓာတ္ျပင္းျပင္းနဲ႔ ကစားတာမ်ိဳးလည္းမရွိဘူး။

မေန႔က အီတလီကို ရႈံးခဲ့တဲ့ ၾသစႀတီးယားအသင္းေတာင္ နယ္သာလန္ထက္ ေျခစြမ္းေရာ စိတ္ဓာတ္ပိုင္းပါ ပိုသာတယ္လို႔ေျပာရမယ္။ အဲဒါေၾကာင့္ပဲ မိနစ္ ၈၀ မွာ ခ်က္အသင္း ဒုတိယဂိုးရခဲ့ၿပီး Counter ကေန ဟိုလက္ရွ္ ဆြဲေျပးဖန္တီးေပးလိုက္တဲ့ အခြင့္အေရးကို တိုက္စစ္မႉးပက္ထရစ္ရွိခ္က အပိုင္ပိတ္သြင္းခဲ့တာပါ။

ဟိုလက္ရွ္ဟာ ယူ႐ို-၂၀၀၄ ၿပိဳင္ပြဲမွာ နယ္သာလန္နဲ႔ကစားခဲ့တုန္းက ယန္ခိုလာနဲ႔ ဘား႐ို႕စ္ေနာက္ပိုင္း ယူ႐ိုပြဲစဥ္တစ္ပြဲမွာ ဂိုးသြင္း၊ ဂိုးဖန္းတီးမႈလုပ္ႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

နယ္သာလန္အသင္းကေတာ့ ၁၉၈၀ ေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ပြဲစဥ္တစ္ပြဲမွာ တစ္ပြဲလုံး ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွ မရွိတဲ့မွတ္တမ္းဆိုးကို ပိုင္ဆိုင္ခဲ့ၿပီး ဒီပြဲအပါအဝင္ ခ်က္အသင္းကို ပထမဆုံးအႀကိမ္အျဖစ္ ၿပိဳင္ပြဲစုံ ၃ ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။