အမျိုးသား+အမျိုးသမီးဘောလုံးသမားတွေထဲမှာ သွင်းဂိုးအများဆုံးဖြစ်ဖို့ နောက်ထပ်(၇၈)ဂိုးအထိ စီရော်နယ်လ်ဒို သွင်းယူဖို့လိုအပ်

ပေါ်တူဂီအသင်းရဲ့နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ပြင်သစ်အသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့အုပ်စုနောက်ဆုံးပွဲတုန်းက ပယ်နယ်တီကနေ (၂)ဂိုးသွင်းယူခဲ့တာကြောင့် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် စုစုပေါင်း(၁၀၉)ဂိုးနဲ့ အီရန်ဂန္ထဝင်ကစားသမားအလီဒါယီ တင်ရှိထားတဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို အမီလိုက်နိုင်ခဲ့တာ အားလုံးအသိပါပဲ။ စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ပြီဖြစ်တာကြောင့် အဲဒီပွဲမှာဂိုးသွင်းနိုင်ရင် စီရော်နယ်လ်ဒိုဟာ အလီဒါယီရဲ့စံချိန်ကို ချိုးဖျက်နိုင်မှာပါ။

ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက်လုံးမှာတော့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ဦးမှာမဟုတ်သေးပါဘူး။ စီရော်နယ်လ်ဒိုအနေနဲ့ အမျိုးသားဘောလုံးသမားတွေထဲမှာသာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်မှာဖြစ်ပေမယ့် အမျိုးသား+အမျိုးသမီးဘောလုံးသမားတွေထဲမှာ သွင်းဂိုးအများဆုံးဖြစ်ဖို့ဆိုရင် နောက်ထပ်(၇၈)ဂိုးအထိ သွင်းယူဖို့လိုအပ်နေပါပြီ။

အမျိုးသမီးဘောလုံးသမားတွေထဲမှာ စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် နိုင်ငံတကာသွင်းဂိုးပိုများတဲ့သူတစ်ဦးရှိပြီး သူမနာမည်ကတော့ ခရစ္စတင်းဆင်ကလဲယားပဲဖြစ်ပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ ကနေဒါလက်ရွေးစင်အသင်းခေါင်းဆောင် ဆင်ကလဲယားဟာ တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် အများအားဖြင့်တော့ ကွင်းလယ်တိုက်စစ်ကစားသမားနေရာမှာသာ ကစားလေ့ရှိပါတယ်။

သူမဟာ ကနေဒါအသင်းအတွက် ၂၀၀၀ ခုနှစ်ကတည်းက စတင်ကစားခဲ့သလို လက်ရှိအချိန်အထိဘောလုံးကစားနေဆဲဖြစ်ပြီး (၂၉၉)ပွဲကစား၊ (၁၈၆)ဂိုးအထိသွင်းယူထားတာပါ။ ဆင်ကလဲယားဟာ ကနေဒါအသင်းနဲ့အတူ အမျိုးသမီးကမ္ဘာ့ဖလား(၅)ကြိမ်၊ အိုလံပစ်ဘောလုံးပြိုင်ပွဲ(၂)ကြိမ်ဆင်နွှဲခဲ့ပြီး ကြေးတံဆိပ်ဆုတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆင်ကလဲယားအတွက် ဂုဏ်ယူစရာကောင်းတာက အမျိုးသမီးဘောလုံးသမားတွေထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ အမေရိကန်နာမည်ကျော်တိုက်စစ်မှူးဟောင်း အက်ဘီဝမ်ဘက်ချ်ရဲ့ (၁၈၄)ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး (၁၀၉)ဂိုးအထိသွင်းယူခဲ့ပြီးဖြစ်တာကြောင့် အမျိုးသား+အမျိုးသမီးဘောလုံးသမားတွေထဲမှာ သွင်းဂိုးအများဆုံးဖြစ်ဖို့အတွက် ဆင်ကလဲယားရဲ့စံချိန်ကို ချိုးဖျက်ဖို့လိုအပ်နေပြီး အဲဒီလိုဖြစ်ဖို့က နောက်ထပ်(၇၈)ဂိုးအထိ ဆက်လက်သွင်းယူရဦးမှာပါ . . .

zawgyi

အမ်ိဳးသား+အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးျဖစ္ဖို႔ ေနာက္ထပ္(၇၈)ဂိုးအထိ စီေရာ္နယ္လ္ဒို သြင္းယူဖို႔လိုအပ္

ေပၚတူဂီအသင္းရဲ႕နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ျပင္သစ္အသင္းနဲ႔ ႏွစ္ဂိုးစီသေရက်ခဲ့တဲ့အုပ္စုေနာက္ဆုံးပြဲတုန္းက ပယ္နယ္တီကေန (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝတစ္ေလွ်ာက္ စုစုေပါင္း(၁၀၉)ဂိုးနဲ႔ အီရန္ဂႏၴဝင္ကစားသမားအလီဒါယီ တင္ရွိထားတဲ့ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တာ အားလုံးအသိပါပဲ။ စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ၿပီျဖစ္တာေၾကာင့္ အဲဒီပြဲမွာဂိုးသြင္းႏိုင္ရင္ စီေရာ္နယ္လ္ဒိုဟာ အလီဒါယီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မွာပါ။

ဒါေပမဲ့ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္လုံးမွာေတာ့ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ သမိုင္းမွတ္တမ္းေရးထိုးႏိုင္ဦးမွာမဟုတ္ေသးပါဘူး။ စီေရာ္နယ္လ္ဒိုအေနနဲ႔ အမ်ိဳးသားေဘာလုံးသမားေတြထဲမွာသာ သြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ေပမယ့္ အမ်ိဳးသား+အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးျဖစ္ဖို႔ဆိုရင္ ေနာက္ထပ္(၇၈)ဂိုးအထိ သြင္းယူဖို႔လိုအပ္ေနပါၿပီ။

အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ထက္ ႏိုင္ငံတကာသြင္းဂိုးပိုမ်ားတဲ့သူတစ္ဦးရွိၿပီး သူမနာမည္ကေတာ့ ခရစၥတင္းဆင္ကလဲယားပဲျဖစ္ပါတယ္။ အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကေနဒါလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဆင္ကလဲယားဟာ တိုက္စစ္မႉးတစ္ဦးျဖစ္ေပမယ့္ အမ်ားအားျဖင့္ေတာ့ ကြင္းလယ္တိုက္စစ္ကစားသမားေနရာမွာသာ ကစားေလ့ရွိပါတယ္။

သူမဟာ ကေနဒါအသင္းအတြက္ ၂၀၀၀ ခုႏွစ္ကတည္းက စတင္ကစားခဲ့သလို လက္ရွိအခ်ိန္အထိေဘာလုံးကစားေနဆဲျဖစ္ၿပီး (၂၉၉)ပြဲကစား၊ (၁၈၆)ဂိုးအထိသြင္းယူထားတာပါ။ ဆင္ကလဲယားဟာ ကေနဒါအသင္းနဲ႔အတူ အမ်ိဳးသမီးကမာၻ႔ဖလား(၅)ႀကိမ္၊ အိုလံပစ္ေဘာလုံးၿပိဳင္ပြဲ(၂)ႀကိမ္ဆင္ႏႊဲခဲ့ၿပီး ေၾကးတံဆိပ္ဆုေတြဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဆင္ကလဲယားအတြက္ ဂုဏ္ယူစရာေကာင္းတာက အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ခဲ့တဲ့ အေမရိကန္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း အက္ဘီဝမ္ဘက္ခ်္ရဲ႕ (၁၈၄)ဂိုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ ႏိုင္ငံတကာသြင္းဂိုး (၁၀၉)ဂိုးအထိသြင္းယူခဲ့ၿပီးျဖစ္တာေၾကာင့္ အမ်ိဳးသား+အမ်ိဳးသမီးေဘာလုံးသမားေတြထဲမွာ သြင္းဂိုးအမ်ားဆုံးျဖစ္ဖို႔အတြက္ ဆင္ကလဲယားရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔လိုအပ္ေနၿပီး အဲဒီလိုျဖစ္ဖို႔က ေနာက္ထပ္(၇၈)ဂိုးအထိ ဆက္လက္သြင္းယူရဦးမွာပါ . . .