ဝေးလ်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားတဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းရဲ့ စွမ်းဆောင်ရည်က တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။
အုပ်စုတွင်းမှာ နှစ်ပွဲဆက်ရှုံးပြီး ပြိုင်ပွဲက ထွက်ရဖို့ ရာနှုန်းပြည့်နီးပါးသေချာနေတာကနေ

ရုရှားကို ဂိုးပြတ်အနိုင်ယူပြီးတော့ အုပ်စုအဆင့်ကို ပုံပြင်ဆန်ဆန်ကျော်ဖြတ်ခဲ့သလို
အခု ရှုံးထွက် ၁၆ သင်းအဆင့်မှာလည်း ဝေးလ်စ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပြန်ပါပြီ။

အခုပွဲမှာ ဒိန်းမတ်အသင်းရဲ့ ခြေစွမ်းအရလည်း သူတို့ဟာ ကွတားဖိုင်နယ်တက်ဖို့ ထိုက်တန်တယ်လို့ပဲပြောရမယ်။
နှစ်သင်းစလုံးဟာ Level တူအသင်းတွေဖြစ်လို့ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ဒိန်းမတ်အသင်းခံစစ်က ကျစ်လျစ်သိပ်သည်းတဲ့ ပုံစံပြသနိုင်ခဲ့တယ်။

အဲဒါကြောင့် ဝေးလ်စ်အသင်း တစ်ပွဲလုံး ဂိုးသွင်းခွင့်မယ်မယ်ရရ မရှိခဲ့သလို ဒိန်းမတ်ဂိုးသမားရှမိုက်ကယ် ဘာမှတောင် ကာကွယ်မှုမလုပ်လိုက်ရဘူး။
နောက်ပြီး ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်က တိုက်စစ်ကို ပံ့ပိုးနိုင်မှုအပိုင်းမှာ ဝေးလ်စ်ထက် ပိုကောင်းခဲ့သလို တိုက်စစ်ဆင်တဲ့အကြိမ်တိုင်းလိုလို အန္တရာယ်များတဲ့အနေအထားဖြစ်ခဲ့တယ်။

နာမည်ကျော်ကစားသမား ဂါရတ်ဘေးလ်နဲ့ ရမ်ဆေးတို့ ဦးဆောင်လာတဲ့
ဝေးလ်စ်အသင်းဟာ အုပ်စုတွင်းမှာ ခက်ခဲတဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း
ဒီပွဲမှာတော့ ဒိန်းမတ်အသင်းရဲ့ စုစည်းမှုကို မယှဥ်နိုင်ဖြစ်ခဲ့ရတယ်။

ဒိန်းမတ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဒမ်းစဂါ့တ်ဟာ ဥရောပထိပ်သီးအသင်းတွေ မျက်စိကျလောက်စရာခြေစွမ်းမျိုး ပြသနေပြီး ဒီပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒိန်းမတ်အသင်းရဲ့ အဖွင့်ဂိုးကို ၂၇ မိနစ်မှာ ဒမ်းစဂါ့တ်ရဲ့ ပေးပို့မှုကနေ ဒီပွဲမှာ Man of The Match လို့သတ်မှတ်ရမယ့် ဒိုလ်ဘာ့ဂ်က သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ဝေးလ်စ်နောက်ခံလူရဲ့ ဖြတ်ထုတ်ပုံအမှားကနေ ဒိုလ်ဘာ့ဂ်က ဒုတိယဂိုးသွင်းယူခဲ့တယ်။

အုပ်စုပွဲတွေတုန်းက ဂိုးဖန်တီးမှုတွေလုပ်နိုင်ခဲ့တဲ့ ဒန်နီယဲလ်ဂျိမ်းစ် ဒီပွဲမှာ ဘာမှကိုမလုပ်ပြနိုင်ခဲ့ဘူး။

ချီးကျူးရမှာက ခါဂျာ၊ ဗက်စတီဂတ်၊ ခရစ္စတန်ဆင်တို့ရဲ့ ခံစစ်ပိုင်းဖြစ်ပြီး ဝေးလ်စ်အသင်း ချေပဂိုးတွေရဖို့ တိုက်စစ်တင်ကစားချိန်မှာ လုံးဝ Space မရှိအောင် ကစားနိုင်ခဲ့တယ်။

ဘာစီလိုနာအသင်းမှာ သုံးမရတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဘရိုက်ဝိတ်ဟာ အခုပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့ပြီး ဝေးလ်စ်ခံစစ်က သူ့ကို မထိန်းချုပ်နိုင်ခဲ့ဘူး။

ဒိန်းမတ်အသင်းရဲ့ ဂိုးတွေကို ၈၈ မိနစ်မှာ မယ်လာ၊ နာကျင်အချိန်ပိုမှာ ဘရိုက်ဝိတ်တို့က ဆက်တိုက်သွင်းယူခဲ့ပြီး ဒိန်းမတ်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပွဲဆက်တိုက်

၄ ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူရို-၉၂ တုန်းက ဘယ်သူမှ မထင်ထားတဲ့အနေအထားကနေ ချန်ပီယံဖြစ်ခဲ့တဲ့ ဒိန်းမတ်တို့

အဲဒီလိုမျိုး စွမ်းဆောင်ပြဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ
နယ်သာလန်နဲ့ချက်အသင်းတို့ရဲ့ပွဲက အနိုင်ရတဲ့သူနဲ့ ဆုံတွေ့မှာဖြစ်ပါတယ်။

Zawgyi

ေဝးလ္စ္ကို ဂိုးျပတ္အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ေရာက္သြားတဲ့ ဒိန္းမတ္

ဒိန္းမတ္အသင္းရဲ႕ စြမ္းေဆာင္ရည္က တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။
အုပ္စုတြင္းမွာ ႏွစ္ပြဲဆက္ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ရဖို႔ ရာႏႈန္းျပည့္နီးပါးေသခ်ာေနတာကေန
႐ုရွားကို ဂိုးျပတ္အႏိုင္ယူၿပီးေတာ့ အုပ္စုအဆင့္ကို ပုံျပင္ဆန္ဆန္ေက်ာ္ျဖတ္ခဲ့သလို

အခု ရႈံးထြက္ ၁၆ သင္းအဆင့္မွာလည္း ေဝးလ္စ္ကို ဂိုးျပတ္အႏိုင္ယူခဲ့ျပန္ပါၿပီ။

အခုပြဲမွာ ဒိန္းမတ္အသင္းရဲ႕ ေျခစြမ္းအရလည္း သူတို႔ဟာ ကြတားဖိုင္နယ္တက္ဖို႔ ထိုက္တန္တယ္လို႔ပဲေျပာရမယ္။
ႏွစ္သင္းစလုံးဟာ Level တူအသင္းေတြျဖစ္လို႔ အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ ပြဲကအႀကိတ္အနယ္ရွိခဲ့ၿပီး ဒိန္းမတ္အသင္းခံစစ္က က်စ္လ်စ္သိပ္သည္းတဲ့ ပုံစံျပသႏိုင္ခဲ့တယ္။

အဲဒါေၾကာင့္ ေဝးလ္စ္အသင္း တစ္ပြဲလုံး ဂိုးသြင္းခြင့္မယ္မယ္ရရ မရွိခဲ့သလို ဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ ဘာမွေတာင္ ကာကြယ္မႈမလုပ္လိုက္ရဘူး။
ေနာက္ၿပီး ဒိန္းမတ္အသင္းရဲ႕ ကြင္းလယ္က တိုက္စစ္ကို ပံ့ပိုးႏိုင္မႈအပိုင္းမွာ ေဝးလ္စ္ထက္ ပိုေကာင္းခဲ့သလို တိုက္စစ္ဆင္တဲ့အႀကိမ္တိုင္းလိုလို အႏၲရာယ္မ်ားတဲ့အေနအထားျဖစ္ခဲ့တယ္။

နာမည္ေက်ာ္ကစားသမား ဂါရတ္ေဘးလ္နဲ႔ ရမ္ေဆးတို႔ ဦးေဆာင္လာတဲ့
ေဝးလ္စ္အသင္းဟာ အုပ္စုတြင္းမွာ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္လည္း

ဒီပြဲမွာေတာ့ ဒိန္းမတ္အသင္းရဲ႕ စုစည္းမႈကို မယွဥ္ႏိုင္ျဖစ္ခဲ့ရတယ္။

ဒိန္းမတ္အသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား ဒမ္းစဂါ့တ္ဟာ ဥေရာပထိပ္သီးအသင္းေတြ မ်က္စိက်ေလာက္စရာေျခစြမ္းမ်ိဳး ျပသေနၿပီး ဒီပြဲမွာ ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒိန္းမတ္အသင္းရဲ႕ အဖြင့္ဂိုးကို ၂၇ မိနစ္မွာ ဒမ္းစဂါ့တ္ရဲ႕ ေပးပို႔မႈကေန ဒီပြဲမွာ Man of The Match လို႔သတ္မွတ္ရမယ့္ ဒိုလ္ဘာ့ဂ္က သြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္းစလို႔ မိနစ္ပိုင္းအၾကာမွာပဲ ေဝးလ္စ္ေနာက္ခံလူရဲ႕ ျဖတ္ထုတ္ပုံအမွားကေန ဒိုလ္ဘာ့ဂ္က ဒုတိယဂိုးသြင္းယူခဲ့တယ္။
အုပ္စုပြဲေတြတုန္းက ဂိုးဖန္တီးမႈေတြလုပ္ႏိုင္ခဲ့တဲ့ ဒန္နီယဲလ္ဂ်ိမ္းစ္ ဒီပြဲမွာ ဘာမွကိုမလုပ္ျပႏိုင္ခဲ့ဘူး။

ခ်ီးက်ဴးရမွာက ခါဂ်ာ၊ ဗက္စတီဂတ္၊ ခရစၥတန္ဆင္တို႔ရဲ႕ ခံစစ္ပိုင္းျဖစ္ၿပီး ေဝးလ္စ္အသင္း ေခ်ပဂိုးေတြရဖို႔ တိုက္စစ္တင္ကစားခ်ိန္မွာ လုံးဝ Space မရွိေအာင္ ကစားႏိုင္ခဲ့တယ္။

ဘာစီလိုနာအသင္းမွာ သုံးမရတဲ့ ဒိန္းမတ္တိုက္စစ္မႉး ဘ႐ိုက္ဝိတ္ဟာ အခုပြဲမွာေတာ့ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ေဝးလ္စ္ခံစစ္က သူ႔ကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။

ဒိန္းမတ္အသင္းရဲ႕ ဂိုးေတြကို ၈၈ မိနစ္မွာ မယ္လာ၊ နာက်င္အခ်ိန္ပိုမွာ ဘ႐ိုက္ဝိတ္တို႔က ဆက္တိုက္သြင္းယူခဲ့ၿပီး ဒိန္းမတ္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ႏွစ္ပြဲဆက္တိုက္
၄ ဂိုးနဲ႔အထက္သြင္းႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ယူ႐ို-၉၂ တုန္းက ဘယ္သူမွ မထင္ထားတဲ့အေနအထားကေန ခ်န္ပီယံျဖစ္ခဲ့တဲ့ ဒိန္းမတ္တို႔
အဲဒီလိုမ်ိဳး စြမ္းေဆာင္ျပဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ကြာတားဖိုင္နယ္မွာ
နယ္သာလန္နဲ႔ခ်က္အသင္းတို႔ရဲ႕ပြဲက အႏိုင္ရတဲ့သူနဲ႔ ဆုံေတြ႕မွာျဖစ္ပါတယ္။