ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဝေးလ်အသင်း ဒိန်းမတ်ကို ( ဝ-၄ ) ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရ

ဒန်နီရယ် ဂျိမ်းစ်ရဲ့ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲကတော့ စိတ်အပျက်စရာ အခြေအနေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဝေးလ်အသင်းဟာ ဆွစ်ဇာလန် ၊ တူရကီ ၊ အီတလီတို့နဲ့ တွေ့ဆုံခဲ့တဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ( ၄ ) မှတ်ရယူနိုင်ခဲ့ပေမယ့် အမ်စတာဒမ်မှာ ကစားခဲ့တဲ့ ( ၁၆ ) သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာတော့ ဒိန်းမတ်ကို ( ၄-၀ ) ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဒိန်းမတ်က ဝေးလ်ရဲ့ တိုက်စစ်ကို အသက်မဲ့သွားစေခဲ့ပြီး အာရွန် ရမ်ဆေးကို ထိန်းချုပ်ကစားနိုင်ခဲ့သလို ဂါရတ်ဘေးကလည်း ပွဲစဉ်တစ်လျှောက် တိတ်ဆိတ်နေခဲ့ပါတယ်။နောက်ပြီး ယူနိုက်တက်တောင်ပံကစားသမား ဒန်ဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်တွေကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဂျိမ်းစ်က ယခုပြိုင်ပွဲတစ်လျှောက် တောင်ပံကနေ ခြေစွမ်းပြနိုင်ခဲ့ပြီး ( ၄ ) ပွဲဆက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ယခုပွဲစဉ်မှာတော့ ဒုတိယပိုင်းအတွင်း လူစားလဲခံခဲ့ရပါတယ်။ဂျိမ်းစ်ဟာ ယခုပြိုင်ပွဲမှာ ဝေးလ်အသင်းနဲ့အတူ အဇာဘိုင်ဂျန် ၊ အီတလီ နှင့် နယ်သာလန်နိုင်ငံတွေကို သွားရောက်ကစားခဲ့ရပြီးနောက် လက်ရှိမှာတာ့ ကောင်းစွာအနားယူခွင့်ရှိနေပါတယ်။

ယူနိုက်တက် ပရိသတ်တွေက ဂျိမ်းစ်အနေနဲ့ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ယခုလို ရာသီသစ်မစတင်မီ အချိန်ပို အားလပ်ရက်ရရှိသွားတာက သူ့အတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။

ယူနိုက်တက် ပရိသတ်တစ်ဦးက “ ဝေးလ်က ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် ဒန်ဂျိမ်းစ်ဟာ လိဒ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေပါလိမ့်မယ်။”လို့ မှတ်ချက်ပေးထားပါတယ်။

zawgyi

ရႈံးထြက္အဆင့္ ပြဲစဥ္မွာ ေဝးလ္အသင္း ဒိန္းမတ္ကို ( ၀-၄ ) ရႈံးနိမ့္ကာ ၿပိဳင္ပြဲကေန ထြက္ခဲ့ရ

ဒန္နီရယ္ ဂ်ိမ္းစ္ရဲ႕ ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲကေတာ့ စိတ္အပ်က္စရာ အေျခအေနနဲ႔ အဆုံးသတ္သြားခဲ့ပါတယ္။ ေဝးလ္အသင္းဟာ ဆြစ္ဇာလန္ ၊ တူရကီ ၊ အီတလီတို႔နဲ႔ ေတြ႕ဆုံခဲ့တဲ့ အုပ္စုအဆင့္ ပြဲစဥ္ေတြမွာ ( ၄ ) မွတ္ရယူႏိုင္ခဲ့ေပမယ့္ အမ္စတာဒမ္မွာ ကစားခဲ့တဲ့ ( ၁၆ ) သင္း ရႈံးထြက္အဆင့္ ပြဲစဥ္မွာေတာ့ ဒိန္းမတ္ကို ( ၄-၀ ) ရႈံးနိမ့္ကာ ၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။

ဒိန္းမတ္က ေဝးလ္ရဲ႕ တိုက္စစ္ကို အသက္မဲ့သြားေစခဲ့ၿပီး အာ႐ြန္ ရမ္ေဆးကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့သလို ဂါရတ္ေဘးကလည္း ပြဲစဥ္တစ္ေလွ်ာက္ တိတ္ဆိတ္ေနခဲ့ပါတယ္။ေနာက္ၿပီး ယူႏိုက္တက္ေတာင္ပံကစားသမား ဒန္ဂ်ိမ္းစ္ရဲ႕ စြမ္းေဆာင္ရည္ေတြကလည္း အလုပ္မျဖစ္ခဲ့ပါဘူး။

ဂ်ိမ္းစ္က ယခုၿပိဳင္ပြဲတစ္ေလွ်ာက္ ေတာင္ပံကေန ေျခစြမ္းျပႏိုင္ခဲ့ၿပီး ( ၄ ) ပြဲဆက္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ယခုပြဲစဥ္မွာေတာ့ ဒုတိယပိုင္းအတြင္း လူစားလဲခံခဲ့ရပါတယ္။ဂ်ိမ္းစ္ဟာ ယခုၿပိဳင္ပြဲမွာ ေဝးလ္အသင္းနဲ႔အတူ အဇာဘိုင္ဂ်န္ ၊ အီတလီ ႏွင့္ နယ္သာလန္ႏိုင္ငံေတြကို သြားေရာက္ကစားခဲ့ရၿပီးေနာက္ လက္ရွိမွာတာ့ ေကာင္းစြာအနားယူခြင့္ရွိေနပါတယ္။

ယူႏိုက္တက္ ပရိသတ္ေတြက ဂ်ိမ္းစ္အေနနဲ႔ ၿပိဳင္ပြဲကထြက္ခဲ့ရေပမယ့္ ယခုလို ရာသီသစ္မစတင္မီ အခ်ိန္ပို အားလပ္ရက္ရရွိသြားတာက သူ႔အတြက္ ေကာင္းမြန္တဲ့အရာတစ္ခုျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ယူႏိုက္တက္ ပရိသတ္တစ္ဦးက “ ေဝးလ္က ၿပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့အတြက္ ဒန္ဂ်ိမ္းစ္ဟာ လိဒ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈျပည့္ဝေနပါလိမ့္မယ္။”လို႔ မွတ္ခ်က္ေပးထားပါတယ္။